http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဒေါ်အောင်ဆန်းစုကြည်ကအစွန်းရောက်မှုတွေ ရှောင်ဖို့ ပြောကြား

ဒေါ်အောင်ဆန်းစုကြည်က အဓိကရုဏ်းတွေ ပပျောက်ရေးအတွက် အကြမ်းဖက်မှုနဲ့အစွန်းရောက်မှုတွေကို ရှောင်ကျဉ်ဖို့လိုကြောင်း
ပြောဆိုလိုက်ပါတယ်။

ဒီရက်ပိုင်းတွေအတွင်း မိတ္ထီလာက စခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေ ပတ်သက်ပြီး “ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ် အတွက် RFA က မေးမြန်းခဲ့ရာမှာ သူကအခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"အမတို့နိုင်ငံကလူအများစုက အေးအေးဆေးဆေး နေချင်ပါတယ်။တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ချင်စိတ် မရှိဘူး။ရှိတယ်ဆိုရင်လည်း အမတို့ ဘယ်လိုမှ အားမပေးသင့်ဘူး။အထူးသဖြင့် အကြမ်းဖက်မှုဆိုတာ ဘယ်လိုနည်းနဲ့မှ ခွင့်ပြုစရာမရှိဘူး။ဘာဆင်ခြေနဲ့မှ အကြမ်းဖက်မှု မရှိဘူးလို့ ဒီလို မြင်ပါတယ်"

ဒါ့အပြင် တော်လှန်ရေးနေ့ အခမ်းအနား နဲ့ ပတ်သက်ပြီး ဖိတ်ကြားခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်းနဲ့တဆက်တည်းမှာ နိုင်ငံခြားသတင်းဌာနတချို့ရဲ့တင်ပြပုံဟာ ပြည့်စုံမျှတမှုမရှိဖူးလို့ယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"ဒီလိုဖိတ်တာကို ကျေးဇူးတင်တယ်။နောက်ပြီးတော့ သွားရတာလည်း ဂုဏ်ယူတယ်။တော်လှန်ရေးနေ့လို့ အမတို့က အမြဲခေါ်တယ်။ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ဒီနေ့ဟာ ဖက်ဆစ်ကို တော်လှန်ခဲ့တဲ့နေ့၊ တပ်မတော်နေ့လို့ ဘာလို့ခေါ်တယ်။ တပ်မတော်ဆိုတာ ဘယ်တုန်းက စတင်ခဲ့တယ်ဆိုပြီး ပြည့်ပြည့်စုံစုံ ပြောသွားတော့အရမ်းအားရတယ်။ နောက်ပြီးတော့ ဖေဖေ့ကိုလည်း တပ်မတော် ဖခင်ကြီး အဖြစ် ပြောသွားတော့ ဝမ်းသာတယ်။အားရတယ်။တစ်ချို့ နိုင်ငံခြား သတင်းဌာနတွေကဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်ရမယ်။
ကာကွယ်ရမယ်လို့ ပြောတာကို မီးမောင်းထိုးပြတယ်။တကယ်ဆိုလို့ရှိရင် ထူးခြားတဲ့ဟာကို ကြည့်ရမယ်။မကြည့်ဘဲနဲ့ သမရိုးကျဟာကို မီးမောင်းထိုးကြည့်တာကိုတော့ ချိန်ခွင်လျှာညီမျှမှု မရှိဘူးလို့ ထင်ပါတယ်"

ပုဂ္ဂလိကသတင်းစာတွေ ပြန်လည်ထုတ်ဝေခွင့်ရတာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒါဟာ ဝမ်းသာစရာ ကိစ္စဖြစ်ကြောင်းနဲ့ ဒီနေ့လူငယ်သတင်းသမား တွေရဲ့ကြိုးစားမှုကိုအားရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
RFA Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com