ယခုနှစ်အစပိုင်းတွင်ပြည်တွင်းကားဈေးကွက်သည် အပြောင်းအရွှေ့ ကိစ္စရပ်များနှင့်ဈေးနှုန်းမတည်မငြိမ်ဖြစ်ခဲ့သော်လည်း မဟာသင်္ကြန်ကျော်လွန်ချိန်တွင် ပုံမှန်အနေအထားအတိုင်း အရောင်းအဝယ်ဈေးကွက်တည်ငြိမ်နေပြီဖြစ်ကြောင်း သိရသည်။
“ကျန်ခဲ့တဲ့လပိုင်းတွေက ကားဈေးကွက်အပြောင်းအရွှေ့ကိစ္စရပ်တွေနဲ့ဈေးကွက်တည်ငြိမ်မှု အားနည်းခဲ့ပေမယ့် အခုသင်္ကြန်ကျော်လွန်လာတဲ့အချိန်မှာတော့ပုံမှန်အနေအထားနဲ့ ပြန်လည်တည်ငြိမ်နေပါပြီ။ လက်ရှိ လ/ အက္ခရာကားပေါက်ဈေးကတော့ ကာလတန်ဖိုးသိန်း(၈၀)နဲ့ (၈၅)သိန်းကြားမှာရှိနေပြီး စလစ်ဈေးနှုန်းကတော့(၈၅)သိန်းနဲ့ သိန်း(၉၀)ကြားမှာ ပေါက်ဈေးရှိနေပါတယ်။အပ်ကားတွေမှာ CNG မပါရင် သိန်း(၆၀)အထိပေါက်ဈေးရှိနေပြီး Probox ကား လေးတွေကတော့ သိန်း(၁၀၀)နဲ့သိန်း(၁၁၀)ကြားမှာ ပေါက်ဈေးရှိနေပါတယ်။
လက်ရှိအချိန်မှာတော့1 ပွိုင့် 3 နဲ့ 1 ပွိုင့် 5 အမျိုးအစားအင်ဂျင် ပါဝါ(၁၃၀၀)နဲ့(၁၅၀၀)ကားလေးတွေသာ အများဆုံးအရောင်းအဝယ်ရှိနေပါတယ်”ဟု မြန်မာနိုင်ငံ မော်တော်ကားရောင်းဝယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသွားခဲ့သည်။
SkyNet TV Browser
ပြည်တွင်းကားဈေးကွက် ပုံမှန်အနေအထားနှင့်ဆက်လက်လည်ပတ်နေ
Labels:
ပြည်တွင်းသတင်း