http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လန်ဒန် မာရသွန်တွင် လုံခြုံရေးတင်းကျပ်စွာချထား

လန်ဒန်၊ ဧပြီ ၂၁။
ဘော်စတွန်မာရသွန်ပြေးပွဲ ဗုံးပေါက်ကွဲမှုကြောင့် တနင်္ဂနွေ လန်ဒန်မာရသွန်ပွဲကို လုံခြုံရေးတင်းကျပ်ထားပြီး သေဆုံးခဲ့သူများနှင့် ဒဏ်ရာရ ရှိသူတို့ကို အမှတ်ရရေး ခေတ္တ ငြိမ်သက်နေမည့်
အစီအစဉ်လည်းပါဝင်ကြောင်း သိရသည်။

အားကစားချန်ပီယံများနှင့် အပျော်တန်းပြိုင်ပွဲဝင်များသည် ပြိုင်ပွဲမစတင်မီ ဒေသစံတော်ချိန် ၁၀
နာရီတွင် စက္ကန့်၃၀ ကြာ ခေတ္တငြိမ်သက်စွာ ရပ်နေကြမည်ဖြစ်သည်။

စကော့တလန်ယတ်ရဲတပ်ဖွဲ့သည် ရဲအရာရှိ ၄၀ ရာခိုင်နှုန်းကို တိုးမြှင့်ချထားမည်ဖြစ်ပြီး အရေအတွက်ကို အတိအကျဖေါ်ပြမထားချေ။ တိုးမြှင့်ထားသော လုံခြုံရေးများသည် ပြိုင်ပွဲလမ်းကြောင်းတစ်လျှောက်ပြိုင်ပွဲဝင် ၃၆၀၀၀ နှင့် သောင်းချီသော ပရိတ်သတ်ကို လုံခြုံစေလိမ့်မည်ဟု ၎င်းတို့ကမျှော်လင့်ထားကြသည်။

၎င်းတပ်ဖွဲ့အပြင် အရာရှိများနှင့် ရှာဖွေရေး ခွေးများလည်း ချထားမည်ဖြစ်သည်။

မင်းသား ဟယ်ရီသည်လည်း ယခုပွဲတွင် တက်ရောက်ဆုချီးမြှင့်မည်ဖြစ်ပြီး ဘော်စတွန်ဗုံးပေါက်ကွဲခြင်းကြောင့်အစီအစဉ်ပြောင်းလဲမည့် အခြေအနေမျိုးကို မင်းသားဟယ်ရီ၏ ရုံးမှ ထုတ်ပြန်ထားခြင်းမရှိပေ။

အပြေးသမားများကို လေးစားမှုအမှတ်အသားအဖြစ် ဖဲကြိုးနက် ဝတ်ဆင်ထားကြရန် တိုက်တွန်းထားပြီး
ပြိုင်ပွဲကျင်းပသူများက ပြိုင်ပွဲအဆုံး သတ်ထိရောက် သူတိုင်းအတွက် ၂ ပေါင်စီကို ဘော်စတွန် ဗုံးကွဲ
ဓားစာခံများကို ထောက်ပံ့ပေးရေး လှူဒါန်းရန် တောင်းဆိုထားသည်။ ပြိုင်ပွဲ ဝင် သုံးပုံတစ်ပုံကျော်သည်
လှူဒါန်းရေးတွင် ပါဝင်ကူညီကြမည်ဖြစ်သည်။

ခေတ္တငြိမ်သက်နေခြင်းကို မာရသွန်ပြေးပွဲစတင်ရာ ဂရင်းနစ်ပန်းခြံနှင့် ဘလက်ဟိသ်ရှိတာထွက်နေရာသုံးခုတွင် ပြုလုပ်ကြမည်ဖြစ်သည်။

“ကျွန်တော်တို့ဟာ ခုလို နိုင်ငံတကာအပြေးသမားအုပ်စုအတွက် ခက်ခဲတဲ့ကာလအတွင်း ဘော်စတွန်ကကျွန်တော်တို့လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေကို ကျွန်တော်တို့ရဲ့ အားပေးထောက်ပံ့မှုကို ပြသချင်ပါတယ်”ဟု ပြေးပွဲဒါရိုက်တာ ဟူးဘရာရှာက ပြောကြားသည်။

“ကျွန်တော်တို့မာရသွန်ပွဲရဲ့အဓိက ရည်ရွယ်ရင်းဟာ ပျော်ရွှင်မှုပေးဖို့နဲ့ ဒုက္ခများတဲ့ကမ္ဘာမှာအောင်မြင်မှု ရရှိစေတဲ့ အသိကိုရစေဖို့ဖြစ်ပါတယ်” ဟု ၎င်းက ပြိုင်ပွဲဝင်များထံ သောကြာနေ့က ပေးပို့သော အီးမေးလ်တွင် ရေးသားထားသည်။

မာရသွန်ပြေးပွဲသည် ၂၆.၂မိုင်ရှည်လျားမည်ဖြစ်ပြီး လန်ဒန်အရှေ့တောင်ပိုင်းတွင်စတင်တာထွက်ကာ
မြို့တော်၏ ထင်ရှားသော နေရာများကို ဖြတ်၍ ဘာကင်ဟန်နန်းတော်အနီးတွင် ပန်းဝင်မည်ဖြစ်သည်။

ဘော်စတွန်ဗုံးပေါက်ကွဲမှုကြောင့် လူသုံးဦးသေဆုံးခဲ့ပြီး ၁၈၀ခန့်ဒဏ်ရာရရှိခဲ့သည်။

စကော့တလန်ယတ်ရဲတပ်ဖွဲ့သည် အက်ဖ်ဘီအိုင်၊ ဘော်စတွန်ရဲတပ်ဖွဲ့တို့နှင့် ရင်းနှီးသောဆက်ဆံမှုရှိသော်လည်း ဗုံးခွဲခဲ့သောလူနှစ်ဦးသည် လန်ဒန်မာရသွန် ကို ခြိမ်းခြောက်နိုင်မည် ဟု မထင်ထားကြချေ။
Ref:AFP
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com