http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လေဘေးသင့် ပြည်သူနှင့် အုပ်ချုပ်ရေးအဖွဲ့ ကြား မကျေနပ်မှုများ ဖြစ်ပွား

Saturday, April 20, 2013
ပြည်၊ ဧပြီ ၂၀။

ပြည်မြို့တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လေဘေးသင့် ပျက်စီးဆုံးရှုံးမှု အဆင့်သတ်မှတ်ချက်နှင့်ပျက်စီးစာရင်း မှားယွင်းမှုတို့ ကြောင့် အုပ်ချုပ်ရေး အဖွဲ့ နှင့် ဒေသခံဒုက္ခသည်များအကြား
မကျေနပ်မှုများ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောကြားသည်။

ပြည်မြို့ အုပ်ချုပ်ရေးအဖွဲ့များသည် လေဘေးသင့် ပျက်စီးဆုံးရှုံးမှုကို ပြိုကျ/ပျက်စီးနှင့် အမိုးလန်/ထရံကွာဟု နှစ်မျိုးသတ်မှတ်ထားပြီး အလှူ ရှင်များမှလည်း ထိုနှစ်မျိုးအပေါ် မူတည်၍ လှူဒါန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

“ကျွန်မတို့အိမ်က တိုင်တွေပဲ ကျန်တော့တာ၊ ဘယ်လိုမှ နေမရတော့ဘူး။ အမိုးလန်/ထရန်ကွာ စာရင်းထဲထည့်လိုက်တယ်လေ။ အဲဒါကြောင့် အိမ်ကိုဖြိုချလိုက်ပြီး ကျွန်မတို့ကို အိမ်ပြိုတဲ့စာရင်းထဲ ထည့်ပေးဖို့ တောင်းတာ။ မပေးဘူးလေ။ လာစစ်တုန်းက မပြိုဘူးတဲ့”ဟု ချောင်းနားတန်း ကျေးရွာမှ ကိုယ်ဝန်သည် အမျိုးသမီးက ပြောကြားသည်။

ဖိုးကောင်လမ်းမတန်းနေ ကိုစိန်မျိုးက “လူကြီးကိုယ်တိုင် လာစစ်တော့ ကျွန်တော်အိမ်ကို အဆိုးဆုံး
အဆင့်သတ်မှတ်ထားတာဗျာ။ တစ်ကယ် တမ်းကျတော့ အမိုးလန်/ထရန်ကွာ ထဲပါသွားတယ်။ အာစီတိုက်တစ်ခြမ်းပြိုတော့ အုတ်ပုံပဲ ကျန်တာပေါ့ ဘာလုပ်လို့ ရမှာလဲ။ အခုတော့ ဆန်တစ်ပြည်နဲ့ ငွေနှစ်ထောင်ပဲရသေးတယ်”ဟု ပြောကြားသည်။

ပျက်စီးဆုံးရှုံးမှု စာရင်းတွင် အိမ်နှစ်လုံး ပါဝင်ခြင်းမရှိခဲ့ကြောင်းနှင့် နေအိမ်တွင် လူမရှိသည့်
အိမ်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့သော်လည်း အဆိုပါ ပျက်စီးမှုကို စာရင်းတွင် ထည့်သွင်းခြင်း
မရှိကြောင်း သိရသည်။

ပျက်စီး စာရင်းထဲတွင် မပါဝင်သည့် ဦးထွန်းမင်းနှင့် ဦးအုန်းကြိုင် ဆိုသူနှစ်ဦးမှာ အမှန်တကယ်
လိုအပ်နေသူများဖြစ်ပြီး နေအိမ်ပြန်ဆောက် နိုင်ရန် မသေချာတော့ကြောင်း၊
အလှူငွေလှူဒါန်းသူများမှာလည်း နောက်တိုးစာရင်းကို ယုံကြည်ရန် ခက်ခဲကြောင်း ပြည်မြို့
မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

လူမနေသော အိမ်များအား ပျက်စီးမှာစာရင်းထဲ ထည့်မတွက်သဖြင့် ခရီးရက်ရှည်ထွက်နေသူများ၊
တစ်နယ်တစ်ကျေး အလုပ်သွားရောက် လုပ်ကိုင်နေသူများ၊ ကျန်းမာရေးအရ ဆေးကုသခံနေရသူများမှာနစ်နာခဲ့ရကြောင်း ချောင်းနားတန်း ကျေးရွာသားတစ်ဦးက ပြောကြားသည်။

“ဦးလေးသူငယ်ချင်းက သူရဟန်းခံနေတယ်လေ။ သူ့အိမ်တစ်လုံးလုံး ပြိုသွားတယ်။ အခုအချိန်ထိ ဘာမှမရသေးဘူး။ ပျက်စီးမှုစာရင်းမှာ လူ မနေတဲ့ အိမ်ဆို ထည့်မတွက်ဘူးလို့ ပြောတယ်။ နာတာပေါ့။ သူလည်း သိမှာတောင်မဟုတ်ဘူး။ လူထွက်လာရင်တော့ ဘယ်မှာနေမလဲ မသိ ဘူး”ဟု နဝင်းကွက်သစ်မှ ဦးခင်မောင်ဝင်းက ပြောကြားသည်။

နဝင်းနယ်မြေ ဥက္ကဋ္ဌ ဦးနေလင်းက “ကျွန်တော်တို့ မုန်တိုင်းပြီးပြီးချင်း အပျက်အစီးစာရင်းတွေ
လိုက်ကောက်တယ်။ ညခုနှစ်နာရီ ထိုးအထိ။ နောက်နေ့ကျ စာရင်းထဲ နှစ်ယောက်ကျန်နေတာ သိတယ်။ ဝန်ကြီးအထိတောင် စာရင်းတွေတင်ပြီး နေပြီ။ နောက်တင်တာရုံမှာ မဟုတ်တော့ ဘူး”ဟု ပြောကြားသည်။

ပြီးခဲ့သည့် အင်္ဂါနေ့က လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို ယခုအချိန်ထိတိကျသေချာစွာ မပြုစုနိုင် သေးကြောင်း၊ ပျက်စီး ဆုံးရှုံးမှုအဆင့်၊ အကူအညီ လိုအပ်ချက်အဆင့်များအလိုက်အမျိုးအစားခွဲခြား၍ တိကျသေချာစွာ သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း၊ လေ ဘေးသင့်
ဒုက္ခသည်များနှင့် ဒေသခံ အုပ်ချုပ်ရေး အဖွဲ့တို့ကြားတွင် အချင်းချင်း အပြန်အလှန် နားလည်မှုရှိပြီး ပူးပေါင်းဆောင်ရွက်ရန် လိုအပ် နေသေးကြောင်း လူမှုကွန်ယက်(ပြည်)မှ ကိုဇာနည်အောင်က ပြောကြား သည်။
ကိုရေခဲ(ပြည်)
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com