http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အီဂျစ်ရဲတပ်ဖွဲ့ ကိုင်ရိုတွင် ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးနှင့် ဖြိုခွင်း

egypt ကိုင်ရို၊ ဧပြီ-၇။
သမ္မတမိုဟာမက်မော်စီကို ဆန့်ကျင်ပြီး အတိုက်အခံဂိုဏ်းဖွဲ့ခဲ့သည့် တစ်နှစ်မြောက် နှစ်ပတ်လည်အဖြစ် အီဂျစ်နိုင်ငံမြို့များတွင် လူများ ထောင်ပေါင်းများစွာ ကိုင်ရို တရားရုံးအနီးတွင် စနေနေ့က ဆန္ဒပြသောကြောင့် အီဂျစ်ရဲတပ်ဖွဲ့ မျက်ရည်ယိုဗုံးများသုံး၍ လူစုခွဲခဲ့ရသည်။

မျက်မြင်များက နိုင်ငံ့တရားရုံးချုပ်အဆောက်အအုံအနီးတွင် ရဲများက ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများနှင့် ပစ်ဖောက်လူစုခွဲခဲ့သည် ဟုဆိုသည်။ ၎င်းရုံးသည် အတိုက်အခံဂိုဏ်းသားများကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည့် တရားသူကြီးတို့ ရုံးစိုက်ရာနေရာဖြစ်ကြောင်း သိရသည်။ ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများနှင့်ပစ်ရာ ၎င်းတရားရုံး အနီးတွင် မီးခိုးများ ထုနှင့်ထည်နှင့် ဖြစ်နေကြောင်း ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသချက်များအရ သိရသည်။

ကမ်းခြေမြို့ အလက်ဇန်းဒရီးယား တွင်လည်း တက်ကြွလှုပ်ရှားသူများ ဆန္ဒပြခဲ့သည်။

လွန်ခဲ့သည့် ငါးနှစ်က ဆန္ဒပြသူများနှင့် ရဲများပဋိပက္ခဖြစ်ပြီး လူသေဆုံးမှုများအထိရှိခဲ့သည့် နိုင်းမြစ်ဝှမ်းမှ စက်မှုမြို့ မာဟာလာတွင် ကိုင်ရိုဆန္ဒပြပွဲကို ထောက်ခံသူများသည် စနေနေ့တွင်ပင် ဆန္ဒပြခဲ့ကြသည်။

၂၀၀၈ခုနှစ် ဧပြီ ၆တွင် ဆန္ဒပြမှုကြောင့်ဖြစ်ပွားခဲ့သည့် ပဋိပက္ခသည် ကာလရှည်ကြာအုပ်ချုပ်လာခဲ့သည် ဟောစ်နီ မူဘာရက်ကို ဆန့်ကျင်ဆန္ဒပြသည့် ဖြစ်ရပ်အဖြစ် မှတ်တမ်းကျန်ရှိသည်။ ၎င်းအစိုးရသည် ၂၀၁၁ ခုနှစ် လူသိများသော ဆန္ဒပြမှုတွင်မှ ပြုတ်ကျခဲ့သည်။

အုပ်စုနှစ်စုကွဲသွားပြီးဖြစ်သော လူငယ်များ ခေါင်းဆောင်သည့် အုပ်စုသည် မူဘာရက် ပြုတ်ကျပြီးနောက် သူရဲကောင်းများအဖြစ် ကြွေးကြော် ခံခဲ့ရပြီး မူဘာရက်အုပ်စုပြုတ်ကျချိန်နှင့် လွန်ခဲ့သည့်ဇွန်လ မော်စီ အစိုးရ မတက်လာမီ ကြားကာလ စစ်တပ်အုပ်ချုပ်စဉ်တွင် စစ်တပ်နှင့် ပဋိပက္ခဖြစ်ခဲ့သည်။

၎င်းအုပ်စုသည် သမ္မတမော်စီ အစိုးရအား သမ္မတမူဘာရက်အစိုးရ၏ လုပ်ထုံးလုပ်နည်းများနှင့် တူညီသည် ဟု စွပ်စွဲပြီး သမ္မတမော်စီကို ဆန့်ကျင်ဆန္ဒခြင်းများလုပ်ဆောင်သည့် ညွန့်ပေါင်းအုပ်စုတွင် ပါဝင်နေကြောင်း သိရသည်။
REF:AFP
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com