မြန်မာ နိုင်ငံမှာ အခုရက်ပိုင်း အတွင်း ရွှေဈေးတွေ သိသိ သာသာ ကျဆင်း သွားပါတယ်။ ပြည်တွင်း ရွှေဈေးက တစ်ကျပ်သားကို ၇ သိန်း ၃ သောင်းကျော် ဈေး ပေါက်နေရာက အခု ရက်ပိုင်း မှာပဲ တစ်ကျပ်သားကို ၆ သိန်း ၆ သောင်းကျော် အထိ ကျဆင်း သွားပါတယ်။
ဥရောပက ငွေကြေး အကျပ် အတည်းကြောင့် ဘဏ်ကနေ ရွှေတွေ ထုတ်ရောင်း မယ်လို့ သတင်း ထွက်လာတဲ့ အတွက် ကမ္ဘာ့ ရွှေဈေးက တစ်အောင်စကို ဒေါ်လာ ၂ဝဝ လောက် ရုတ်တရက် ကျသွားခဲ့ အပြီးမှာ ပြည်တွင်းရွှေ ဈေး ကတည်း ထိုးကျ သွားတယ်လို့ ရန်ကုန်တိုင်း ရွှေ လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။
ဧပြီလ ၁၉ ရက် သောကြာနေ့ ညနေပိုင်း ဈေးပိတ်ချိန် မှာတော့ တစ်ကျပ်သားကို ကျပ်ငွေ ၇ သိန်း ကျော်ကျော်လေး ဈေးပြန် တက်လာတယ်လို့ လည်း သူက ပြောပါတယ်။
ပြည်တွင်း ရွှေဈေးက ကမ္ဘာ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေ လဲနှုန်း အပေါ်မူတည်ပြီး ဈေးဖွင့် ရောင်းဝယ် နေတာဖြစ်တယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်း နာယက ဦးဘသန်းက လည်း ရှင်းပြပါတယ်။သာမန် သုံးစွဲသူ ငွေစု လိုသူ တွေက ရွှေဝယ် စုတဲ့ အလေ့ အထ ရှိကြပြီး အခု နောက်ပိုင်းမှာ အိမ်မြေ နေရာနဲ့ ကားအရောင်း အဝယ်တွေ မကောင်း တော့လို့ ရွှေဝယ်တာတွေ လည်း ပိုများလာ တယ်လို့ သူက ပြောပါတယ်။
BBC Burmese
အခုရက်ပိုင်း အတွင်း ရွှေဈေးတွေ သိသိ သာသာ ကျ
Labels:
စီးပွါးရေး