အသစ်ဆောက်လုပ်နေသော မုံရွာတက္ကသိုလ်တွင် |
မုံရွာတက္ကသိုလ်တွင် လာမည့်ပညာသင်နှစ်၌ ထိုင်းကျောင်းသားများလာရောက်ပညာသင်ကြားရန်ရှိကြောင်း သိရပါသည်။
မြန်မာမှုပညာရပ်ကို အင်္ဂလိပ်ဘာသာဖြင့်လာရောက်သင်ကြားမည် ဖြစ်ပြီး မုံရွာဒေသတွင်း ယျဉ်ကျေးမှု များကိုလည်းလေ့လာသင်ကြားသွားမည်ဖြစ်ကြောင်း တက္ကသိုလ်နည်းပြတစ်ဦးကပြောကြားသည်။
ဇေယျာပဒေသာ ဖောင်ဒေးရှင်း ဥက္ကဌ ဒေါက်တာမောင်ထူး၏ အဆက်အသွယ်နှင့် ထိုင်းတက္ကသိုလ်တစ်ခုမှ လာရောက်သင်ကြားခြင်းဖြစ်ပြီး ထိုကျောင်းသားများကို သင်ကြားမည့် သင်ခန်းစာများကို မုံရွာတက္ကသိုလ်မှ တာဝန်ယူရေးဆွဲနေကြောင်း သတင်းရရှိပါသည်။
The Villager News