ယနေ့ ဧပြီလ ၂၀ရက်၊ နံနက်၁၀း၂၀ နာရီက ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းတွင် ဆိုရှယ်မီဒီယာများ အရေးကိစ္စနှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၏ လူထုဆက်ဆံရေးဌာနမှ ဦးစီး၍ ပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲသို့ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး၊သဘင်အစည်းအရုံး၊ စာနယ်ဇင်းကောင်စီ၊ တက္ကသိုလ်အသီးသီးမှ ကျောင်းသားအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်တွင်းပြည်ပမီဒီယာများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် Online ဆိုရှုယ်မီဒီယာများနှင့် Facebook စာမျက်နှာများပေါ်၌ အများပြည်သူများ အထိတ်တလန့် ဖြစ်စေသော၊ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပဋိပက္ခများဖြစ်စေသော အရေးအသားများ၊ ထင်မြင်ယူဆချက်များ၊ အတုအယောင်ဖန်တီးနေမှုများ၊ သွေးထိုးလှုံ့ဆော်နေမှုများနှင့် ပတ်သက်၍ မည်သို့တားဆီးဆောင်ရွက်နိုင်ကြမည်ကို အားလုံးဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
88 Generation Students
ဆိုရှယ်မီဒီယာများနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ
Labels:
ပြည်တွင်းသတင်း