http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဘော်စတွန် ဗုံးဖောက်ခွဲမှု သံသယရှိသူမှာ ကျန်းမာရေး အခြေအနေ ဆိုးရွားနေ


Monday, 22 April 2013
ဘော်စတွန် မာရသွန်ပြိုင်ပွဲတွင် ဗုံးဖောက်ခွဲမှုအတွက် ဒုတိယမြောက် သံသယရှိသူ Dzhokhar Tsarnaev သည် ဒဏ်ရာရရှိလျက် အဖမ်းခံရပြီးနောက် ဆေးရုံတက်နေရကာ ယင်းတိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်သော မေးခွန်းများကို မဖြေနိုင်သည်အထိ အခြေအနေ ဆိုးရွားနေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အသက် ၁၉ နှစ်ရှိ Dzhokhar မှာ လည်ချောင်းတွင် ဒဏ်ရာရရှိခဲ့သည်ဟု စီအင်န်အင်န်နှင့် အခြားသတင်းဌာနများက ဖော်ပြခဲ့ကြပြီး သူ၏ အစ်ကိုဖြစ်သူ အသက် ၂၆ နှစ်ရှိ Tamerlan Tsarnaev မှာ စီးနင်းရှာဖွေမှု ပြုလုပ်စဉ် အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည်။

Dzhokhar ၏ အခြေအနေမှာ ပြင်းထန်သော်လည်း တည်ငြိမ်မှုရှိကာ အသက်ရှင်မည်ဟု မျှော်လင့်ကြောင်း မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဒေးဗစ်ပက်ထရစ်က ပြောကြားခဲ့သည်။ လူသုံးဦး သေဆုံးခဲ့ပြီး လူ ၁၈၀ ခန့် ဒဏ်ရာရရှိခဲ့သော မာရသွန် ပြိုင်ပွဲတွင် ဗုံးဖောက်ခွဲမှု၊ ရဲတပ်သားတစ်ဦး သေဆုံးစေခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့စေသည့် ပစ်ခတ်မှုများအတွက် မေးခွန်းများစွာ ရှိနေပြီး ယင်းမေးခွန်းများကို Dzhokhar က ဖြေဆိုရန် လိုအပ်နေကြောင်းလည်း သူက ပြောခဲ့သည်။ Dzhokhar ကို စစ်ဆေးမေးမြန်းရန်နှင့် တရားစွဲဆိုမှု ပြုလုပ်ရန်အတွက် ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စမှာ အမေရိကန် တာဝန်ရှိသူများအတွက် ခက်ခဲသော ဆုံးဖြတ်ချက်များ ချမှတ်ရမည်ဖြစ်သည်။
Ref:AFP, Eleven Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com