http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှသာ စာပေဖွံ့ဖြိုးတိုးတက်မည်ဟု ဆို

Saturday, April 20, 2013
ရန်ကုန်၊ ဧပြီ ၂၀။
မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ချင်ပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်မည်ဟု ဆရာသစ္စာနီက
ယနေ့ပြည်လမ်းရှိ တော်ဝင်စင်တာတွင် ပြုလုပ်သော မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ
ဆွေးနွေးပွဲ လုပ်ငန်းကော်မတီ အစည်းအဝေးတွင် ပြောကြားသည်။

နိမ့်ကျနေသော ဘဝများတွင် အလုပ်ချိန်သည် နေ့စဉ်၁၂နာရီခန့် အလုပ် လုပ်နေကြရသောကြောင့် အိမ်တိုင်းကို စာအုပ်လိုက်ဝေမည် ဆိုလျှင်ပင် စာဖတ်ရန်အတွက် အချိန်ပေးနိုင်မည် မဟုတ်ကြသောကြောင့် မြန်မာစာပေ ဖွံ့ဖြိုးမှု အားနည်းနေရခြင်း ဖြစ်ကြောင်း ဆရာသစ္စာနီက ပြောကြားသွားသည်။

တစ်တိုင်းပြည်လုံး အဖက်ဖက်မှ ကျဆင်းနေသော အချိန်တွင် စာပေတစ်ခုသာ ချွန်ထွက်နေသည်ဟု ပြောပါက စာပေသမားများ အနေဖြင့် ကိုယ့်ကိုကိုယ် အထင်ကြီးရာ ရောက်သွားလိမ့်မည်ဖြစ်ကြောင်း ဆရာဖေမြင့်က ပြောကြားသွားသည်။

“စာပေဟာတိုင်းပြည်ကို ဦးဆောင်နိုင်ရမယ် လို့မြင်ပါတယ်။ တိုင်းပြည်မှာ ဘာဖြစ်သင့်သလဲဆိုတာ ပြောဆိုနိုင်ရမယ်။ ဒါမျိုးတွေ ဖြစ်ဖို့လည်းလိုအပ်မယ်” ဟု ယင်းက ဆိုသည်။

မြန်မာစာပေ လောကသည် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ ကျန်ခဲ့သည့်အပြင်
မကျန်းမမာ ဖြစ်နေသည်မှာလည်း အနှစ်လေးဆယ်ကျော် ရှိနေပါပြီဟု ဦးကိုကိုလေး (ဝတ်ရည်)က ပြောကြားသည်။

နိမ့်ကျနေသော မြန်မာ့စာပေလောက ပြန်လည် မြင့်တင်ရန်အတွက် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို မေလ (၁၁)ရက်နေ့တွင် အမျိုးသားကဇာတ်ရုံ၌ ကျင်းပသွားမည်ဖြစ်ပြီး ယင်းနေ့တွင် မြန်မာစာပေလောက ပြန်လည်မြှင့်တင်ရန်အတွက် လုပ်ဆောင်ရမည့် အကြံပေးစာတမ်းများကို ဆရာဖေမြင့်၊ စာရေးဆရာမဂျူး၊ မန္တလေးမှ ဆရာဦးထွန်းဦး၊ ဆရာမောင်ခင်မင်(ဓနုဖြူ)နှင့် ဆရာဇေယျာတို့က ဖတ်ကြားသွားကြမည် ဖြစ်ကြောင်း သိရသည်။
လူမင်း
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com