တယ်အဗစ်ဗ်၊ ဧပြီ ၂၁။
အမရိကန်နှင့် အစ္စရေးနိုင်ငံကြား လက်နက်ရောင်းဝယ်ရေး သဘောတူညီချက်သည် အီရန်တို့၏
နျူကလီးယားထုတ်လုပ်ရေးကို ရပ်ဆိုင်းရန် စစ်တပ်က အလေးထား သည်ဆိုသော သဘောကို
ရှင်းလင်းစွာပြသခြင်းဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ချပ်ခ်ဟက်ဂယ်က ယနေ့တွင်
သတင်းထောက်များကို ပြောကြားသည်။
မစ္စတာဟက်ဂယ်သည် အစ္စရေး၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် ဆော်ဒီအာရေဗျနိုင်ငံများတွင်အီရန်ခြိမ်းခြောက်မှုအန္တရယ်ကို ဖယ်ရှားနိုင်ရေးအတွက် ဒေါ်လာ ၁၀ ဘီလျံတန်ဖိုးရှိ အဆင့်မြင့်
ဒုံးကျည်များ၊ လေယာဉ်များကိုရောင်းချရေး ခြောက်ရက်ကြာခရီးစဉ် စတင်သည့် အချိန်တွင်
ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခု သဘောတူညီချက်တွင် အစ္စရေးနိုင်ငံအတွက် ရန်သူ့လေတပ်ကာကွယ်ရေးစနစ်များကို ဖယ်ရှားသည့် စနစ်ပါဝင်သည့် ဒုံးကျည်များ၊ ဖိုက်တာဂျက်များ အတွက် ရေဒါများနှင့် လေကြောင်း
ဆီဖြည့်ယာဉ်များစသည်တို့ ပါဝင်မည်ဖြစ်သည်။
မစ္စတာဟက်ဂယ်သည် အာရပ်စော်ဘွားပြည်ထောင်စုသို့ အက်-၁၆ ဖိုက်တာဂျက်များ ရောင်းချမည်ဖြစ်ပြီးဆော်ဒီအာရေဗျသို့ အဆင့်မြင့် ဒုံးကျည်များ ရောင်းချ မည်ဖြစ်သည်။
အစ္စရေးနှင့် အမေရိကန်တို့သည် အီရန်အရေးနှင့်ပတ်သက်၍ သဘောချင်း မတိုက်ဆိုင်မှုရှိနေပြီး အမေရိကန်သမ္မတအိုဘားမားအစိုးရက ပြင်းထန်သော ပိတ်ဆို့အရေးယူမှုနှင့် သံတမန်ရေးရာသည် အလုပ်ဖြစ်ရန် အချိန်ပေးရမည်ဟုပြောကြားခဲ့သည်။
သို့သော် အစ္စရေးကမူ အချိန်ကုန်လွန်လာပြီဖြစ်ကြောင်း သတိပေးပြောကြားမှုများ ရှိခဲ့ပြီး အီရန်
နျူကလီးယားသုံး လက်နက်များ ထုတ်လုပ် နိုင်ခြင်းကို တားဆီးနိုင်ရေးအတွက် လက်ဦးတိုက်ခိုက်မှု
ရပ်ဆိုင်းထားခြင်းကို ငြင်းပယ်လိုက်ပြီ ဖြစ်သည်။
မစ္စတာဟက်ဂယ်သည် နိုင်ငံ၏ မဟာမိတ်များနှင့် လက်နက်ရောင်းဝယ်ရေး အသေးစိတ်ကို
ဆွေးနွေးရန်ပြင်ဆင်ထားပြီး လက်နက်သစ်များ နှင့် လေယာဉ်များကို ပို့ဆောင်ရန် လနှင့် ချီ၍
ကြာမြင့်နိုင်သေးကြောင်း အမေရိကန်အရာရှိများက ပြောကြားသည်။
Ref: AFP
The Myanmar Age
အစ္စရေး-အမေရိကန် လက်နက်ရောင်းဝယ် သဘောတူညီချက်သည် အီရန်အတွက် ပြတ်သားသောအဖြေ
Labels:
ပြည်ပသတင်း