http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဆီးဂိမ်းအကြို ပြိုင်ပွဲတွင် မီဒီယာကန့်သတ်သည်မှာ မဟုတ်ဟု အားကစားဝန်ကြီးဆို


Saturday, April 6, 2013
ရန်ကုန်၊ ဧပြီ ၆။
လွန်ခဲ့သည့် ဖေဖော်ဝါရီလက ကျင်းပခဲ့သော ပြည်ထောင်စုဖလား ဆီးဂိမ်းအကြို ပြိုင်ပွဲတွင် မီဒီယာကန့်သတ်၍ ရိုက်ကူးခွင့်ပေးခဲ့သည်မှာ မဟုတ်ကြောင်း အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောကြားသည်။ ယင်းက ဆက်လက်၍ “အမှန်ကတော့ မကြိုက်ရင် ဘိုင်နိမ်းနဲ့ ဒီမီဒီယာ မကြိုက်ဘူးဆိုပြီး လုပ်လိုက်ရမယ့်ဟာကို အပေါ်ပိုင်းက စကားပြောတာ ဝါးတားတား ဖြစ်သွားတယ်။ လုံခြုံရေးဘက်ကလည်း နားလည်မှုလွဲပြီး ဝန်ထမ်းမီဒီယာတွေကိုပဲ ဝင်ခွင့်ပေးသလို ဖြစ်သွားတယ်” ဟု ဆိုသည်။

၂၀၁၃ ဒီဇင်ဘာတွင် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲတွင် ပြည်တွင်းပြည်ပမှ မီဒီယာသမားများအတွက် အထဲဝင်ခွင့်ကဒ်၊ အနီးကပ် ရိုက်ကူးခွင့်ကဒ် စသည်တို့ကို ကြိုတင်စီစဉ်ပေးသွားမည်ဖြစ်ပြီး မီဒီယာသမားများ အနေဖြင့်လည်း ကြိုတင်စာရင်းပေးရမည် ဖြစ်ကြောင်း သိရသည်။ ယင်းဆီးဂိမ်းအကြို ပြိုင်ပွဲတွင် ဌာနဆိုင်ရာ ဝန်ထမ်းများကို အတင်းအကြပ် မကြည့်မနေရ ပွဲလာကြည့်ခိုင်းခြင်းအပေါ် ယင်းကဲ့သို့ မပြုလုပ်သင့်ကြောင်း၊ ပြီးခဲ့သည့် ဆီးဂိမ်းအကြို ပြိုင်ပွဲသည် အခက်အခဲမဖြစ်အောင် ကြိုတင်လေ့လာသည့် သဘောဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သင်ခန်းစာများလည်း ရကြောင်း ဦးတင့်ဆန်းက ပြောသည်။

“လူကြီးတွေ အနေနဲ့လည်း ကြိုတင်ပြီး ငါတို့တော့ ဒီလိုသွားကြည့်ဖို့ရှိတယ်။ ဘယ်သူတွေ လိုက်မလဲဆိုရင် ကြည့်ချင်တဲ့သူတွေ လိုက်ကြမှာပါ။ အနားနီးမှ မလိုက်လို့ မရဘူး။ ဘယ်သူ ဘယ်သူလိုက်ရမယ် ဆိုတဲ့အခါ လိုက်ချင်သူတွေ ကျန်ခဲ့ပြီး မလိုက်ချင်တဲ့သူတွေ လိုက်ရသလို ဖြစ်သွားတယ်။ နောက်ဆို ဒီလိုမလုပ်သင့်ဘူး ဆိုတဲ့ သင်ခန်းစာတစ်ခုပေါ့ဗျာ” ဟု ယင်းက ဆက်လက်ပြောကြားသည်။ ပြီးခဲ့သည့် ဆီးဂိမ်းအကြိုပြိုင်ပွဲတွင် မီဒီယာများ ဝင်ခွင့်ကန့်သတ်သည်ဟု ဆိုကာ မီဒီယာသမားများထံမှ မကျေနပ်သံများ ထွက်ပေါ်လာခဲ့ပြီး ပြိုင်ပွဲ ကျင်းပချိန်အတွင်း ဝင်ရောက်ကြည့်ရှုသူများ ပွဲမပြီးမချင်း ပွဲထဲမှ ပြန်လည်ထွက်ခွာခွင့် မရခဲ့သည့်အပေါ် ပြည်သူများမှလည်း မကျေနပ်ကြကြောင်း သိရသည်။ ယင်းကိစ္စကို ပြည်ထောင်စုဝန်ကြီးက “ဝင်ပြီးတဲ့သူ ပေးမထွက်တာဟာ ပွဲကို နည်းနည်းလေး ထိန်းပေးခြင်းသာ ဖြစ်တယ်။

ဒီလိုပွဲမျိုးက လုံခြုံရေးမကောင်းရင် ပြဿနာ တက်သွားနိုင်တယ်။ ခု နိုင်ငံရေး လှည့်ကွက်ကလေးတွေလည်း ရှိနေတော့ ဒီလိုအပိုင်းလေးတွေနဲ့ ထိန်းတာ ရှိတယ်။ ပွဲချိန်က များနေတာလည်း ပါတယ်။ ပုံမှန်လေး ၂ နာရီလောက်ဆိုရင်တော့ ပြဿနာမရှိဘူးပေါ့” ဟု ဆိုသည်။ ပြည်ထောင်စုဖလား ဆီးဂိမ်းအကြို ပြိုင်ပွဲကို ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလတွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကြီး ကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင် စသည်တို့တွင် ၁၁ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရည်မွန်
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com