http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

သတို့သားလောင်းအား မှုခင်းတိုင်တန်းချက်အရ ခေါ်ယူစစ်ဆေးစဉ် သေဆုံးခဲ့မှုအပေါ် စိစစ်တွေ့ရှိချက်


နေပြည်တော်၊ ဧပြီ ၆
၃၁-၃-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ သီရိမန္တလာ ကာကြီးဝန်းရဲကင်းတွင် အမှတ်(၅)ရဲစခန်းမှ ရဲတပ်သား သန်းနိုင်ထွန်း ရှိနေစဉ် ဆိုင်ကယ်ကယ်ရီမောင်းသူ သက်ဦးမောင်နှင့် သပိတ်ကျင်းမြို့၊ ရှားတောကျေးရွာနေ ၀င်မင်း(ခ)ဗဒင်(၂၃)နှစ်ရောက်ရှိလာပြီး ၀င်းမင်းမှ ၎င်းအား ကားကြီးဝင်း တောင်ဘက်လမ်းကြား၊ တိုက်ခန်းအနီးတွင် ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးမှ ဆိုင်ကယ်ဖြင့် တင်ဆောင်ပြီး ထိုးကြိတ်ရိုက်နှက်ကာ ငွေတစ်သိန်းယူဆောင်သွားသဖြင့် စုံစမ်းပေးရန် တိုင်တန်း ခဲ့သောကြောင့် ရဲကင်းတာဝန်ကျတပ်ဖွဲ့ဝင် ရဲတပ်သား သန်းနိုင်ထွန်းမှ ဆိုင်ကယ် ကယ်ရီမောင်းသူ ထွန်းသန်းပါ (၃)ဦးတို့နှင့်အတူ စုံစမ်းဆောင်ရွက်ခဲ့ရာ သီရိမန္တလာ ကားကြီးကွင်းအနီးမှ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားသူသည် သင်္ဘောတန်းရပ်၊ အကွက်အမှတ်(၁၉၅)နေ ဘောကြီး(ခ)ပြည့်စုံအောင်(၂၃)နှစ်ဖြစ်ကြောင်းသိရှိရ၍ လိုက်လံ ရှာဖွေခဲ့ရာ ၂၆ လမ်း၊ ၈၉ x ၉၀ လမ်းကြားရှိ ကွမ်းယာဆိုင်အနီးတွင်တွေ့ရှိသဖြင့် ခေါ်ဆောင်ပြီး စိုးစိုးကျော် တည်းခိုခန်းရှေ့ရှိ ဆိုင်ကယ်သမားများအား ပြသမေးမြန်းရာ ဘောကြီး(ခ)ပြည့်စုံအောင်ဆိုသူ အမှန်ဖြစ်ကြောင်း အတည်ပြုပြီး ရဲကင်းသို့ လိုက်လံရှင်းလင်းရန်ခေါ်ဆောင်စဉ် ဆိုင်ကယ်ပေါ်တက်မည်ပြုပြီး ထွက်ပြေးသဖြင့် ရဲတပ်သား သန်းနိုင်ထွန်းမှ လိုက်ဖမ်းရာ ၎င်းတို့(၂)ဦး ချော်လဲခဲ့သည်။

ထို့သို့လဲကျစဉ် ဘောကြီး(ခ)ပြည့်စုံအောင်သည် ရဲတပ်သား သန်းနိုင်ထွန်း၏အောက်မှလဲကျခဲ့သဖြင့် မျက်နှာနှင့်လမ်း ထိခိုက်မိ၍ ၀ဲမျက်ခုံးစွန်းတွင် လက်မ၀က်ခန့် ပေါက်ပြဲဒဏ်ရာရရှိခဲ့သည်။ ထို့နောက် ဘောကြီး(ခ)ပြည့်စုံအောင်အား ရဲကင်းမှတဆင့် အမှတ်(၅)ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် ၀င်းမင်းသည် ဘောကြီး(ခ)ပြည့်စုံအောင်မှ ထိုးကြိတ်ခဲ့သည်ကို မကျေနပ်၍ လိမ်လည် တိုင်တန်းခြင်းဖြစ်ကြောင်း၊ ၀င်းမင်းထံမှ ငွေတစ်သိန်း အမှန်တကယ်ပါဆုံးခြင်းမရှိကြောင်း စစ်ဆေးသိရှိရသဖြင့် လိမ်လည်တိုင်တန်းသူ ၀င်းမင်းအား ရဲစခန်းတွင်ခေတ္တထိန်းသိမ်းထားပြီး ဘောကြီး(ခ)ပြည့်စုံအောင်အား နောက်နောင်ယခုကဲ့သို့ ရန်ဖြစ်ရမ်းကားခြင်း မပြုရန် ပြောဆိုဆုံးမပြီး ရရှိသည့်ဒဏ်ရာအား ဆေးကုသရန်ဆေးရုံသို့ စေလွှတ်ခဲ့ရာ ၎င်းမှအနည်းငယ် ပေါက်ပြဲသွားခြင်းဖြစ်၍ ဆေးရုံသို့မသွားလိုကြောင်း၊ သက်သာကြောင်း ပြောဆိုသဖြင့် ဒဏ်ရာအား ပလာစတာဖြင့်ကပ်၍ သက်သေများနှင့်အတူ ၀၄၀၀ အချိန်တွင် ပြန်လည်စေလွှတ် ပေးခဲ့သည်။

၁-၄-၂၀၁၃ရက်နေ့ ၁၀၃၀ အချိန် ဘောကြီး(ခ)ပြည့်စုံအောင်သည် ဒဏ်ရာမသက်သာသဖြင့် မန္တလေးပြည်သူ့ဆေးရုံတွင် ဆေးရုံတက်ရောက်ကုသနေစဉ် သေဆုံးသွားခဲ့သဖြင့် မန္တလေးအမှတ်(၈)ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၈/၂၀၁၃)ဖြင့် စစ်ဆေးလျက်ရှိပြီး ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးအတွက် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ရဲတပ်သား သန်းနိုင်ထွန်းအား စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စစ်ဆေးလျက်ရှိသည်။ ၎င်းအပြင် ဘောကြီး(ခ)ပြည့်စုံအောင် သေဆုံးမှုနှင့်ပတ်သက်၍ ၁-၄-၂၀၁၃ ရက်နေ့တွင် မန္တလေးအမှတ်(၅) ရဲစခန်း(ပ)၁၆၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် ရဲတပ်သား သန်းနိုင်ထွန်းအား အမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်း သိရှိရသည်။
ရဲဇာနည်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com