http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဒေသခံများနှင့်ပေါင်း၍ သစ်ခိုးထုတ်သည့် သစ်တောဝန်ထမ်းများကို အရေးယူ

ရန်ကုန်၊ မတ်-၃၀
ပုပ္ပါးတောင်တွင် ဒေသခံများနှင့် ပေါင်း၍ သစ်ခိုးထုတ်သည့် သစ်တောဝန်ထမ်း လေးဦးကိုအရေးယူမှုများပြုလုပ်ခဲ့ကြောင်း ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ သတင်းရရှိသည်။

ပုပ္ပါးတောင်တွင် သစ်ပင် များခုတ်လှဲမှုဖြစ်စဉ်၌ ပါဝင်ခဲ့ သည့် ဥယျာဉ်ဝန်ထမ်းတောအုပ် နှစ်ဦး၊ တောင်ခေါင်းတစ်ဦးနှင့် ဦးစီးအရာရှိ (ယာယီအုပ်ချုပ်ရေးမှူး)တစ်ဦးတို့ကို အရေးယူမှုပြုလုပ်ခဲ့ရာ တောအုပ်တစ်ဦးနှင့်တောခေါင်းတစ်ဦးတို့ ရာထူးတစ် ဆင့်လျှော့ချ၍ နယ်ပြောင်းရွေ့ပြီးဦးစီးအရာရှိအား စီမံအုပ်ချုပ်မှုအားနည်းသဖြင့် သတိပေး၍ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနသို့ ပြောင်းရွှေ့ခဲ့ကြောင်း ယင်းဌာနမှ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

ပုပ္ပါးတောင်ပေါ်ရှိ သစ်ပင်များကို အထက်ပါသစ်တောဝန် ထမ်းများက ဒေသခံအချို့နှင့် ပေါင်း၍ သစ်ခိုးထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

မြန်မာနိုင်ငံတွင် နယ်စပ်မှ တစ်ဆင့်တစ်ဖက်နိုင်ငံများသို့ သစ်များ တရားမ၀င်ခိုးထုတ်မှုများ ဖြစ်ပွားနေပြီး ဖမ်းဆီးမှုများလည်းရှိနေကြောင်း သစ်များတရားမ၀င် ခိုးထုတ်မှုတွင် ၀န်ထမ်းများ ပါဝင်ပတ်သတ်နေသည့်အတွက် ယင်းတို့ကို ထိရောက်စွာအရေးယူမှုပြုလုပ်သင့်သည်ဟု သဘာဝပတ်
ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဦးအုန်းက ဆိုသည်။

“သစ်ခိုးထုတ်မှုတွေက အရမ်းဆိုးတယ်။ တရားဝင်ကော တရားမ၀င်ကော ပါဝင်တဲ့ သစ်တောဝန်ထမ်းတွေကို ရာထူးလျှော့ရုံဆို အရေးယူမှုက အားနည်းတယ်။ ပြတ်ပြတ်သားသား အရေးယူဖို့လိုတယ်”ဟု ဦးအုန်းက ပြောသည်။

သစ်များတရားမ၀င်ခိုးထုတ်မှုသည် မကြာခဏဖြစ်ပွားလျက်ရှိပြီး မတ်လအတွင်း တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၌ တရားမ၀င်သစ်နှင့် သစ်ခွဲသားများဖမ်းဆီး ရမှုခြောက်ကြိမ်ရှိခဲ့သည်။

လက်ရှိတွင် ပုပ္ပါးတောင်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဥယျာဉ်ဧရိယာပြုစု ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ပုပ္ပါးတောင် ဥယျာဉ်တွင် အမာခံထိန်းသိမ်းရေးနယ်မြေ ၃၁၇၆၃ ဧကရှိပြီး ပုပ္ပါးတောင် ကြိုးပြင် ကာကွယ်တော (ကြားခံနယ်မြေ) ၁၁၇၄၂ ဧကရှိပြီး စုစုပေါင်းဧက ၄၃၅၀၅ ဧကဖြင့် ဖွဲ့စည်းထားသည်။ ၂၀၀၈ မတ်လ ၁၃ ရက်တွင် ကြိုးပြင်ကာကွယ် တော ၁၁၇၄၂ ဧက သတ်မှတ်ပြီးနောက်ပိုင်း အသစ်ထပ်မံတိုးချဲ့ဆောင်ရွက်ခြင်းမျိုး လုံးဝမရှိကြောင်း အထက်ပါညွှန်ကြားရေးမှူးချုပ်က ပြောသည်။
7Day News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com