http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

နိုင်ငံခြားမှာ ဆုတွေယူပေးခဲ့သူ ၁၁ နှစ်သမီး ရေကူးမယ် မဆုမိုးသိမ့်စံနှင့် အင်တာဗျူး

ရန်ကုန်၊ ဧပြီ ၂၂။
ပြီးခဲ့တဲ့ မတ်လနဲ့ အခု ဧပြီလအတွင်း နိုင်ငံတကာ ပြိုင်ပွဲတွေဖြစ်တဲ့ စင်္ကာပူနဲ့ ထိုင်းနိုင်ငံတွေမှာ သွားပြိုင်ပြီး ဆုတံဆိပ် ၂၀ နီးပါး ရယူကာ နိုင်ငံဂုဏ်ဆောင်ပေးနိုင်ခဲ့သူက အသက် ၁၁ နှစ်သာ ရှိသေးတဲ့ ရေကူးချန်ပီယံ မဆုမိုးသိမ့်စံ ပဲဖြစ်ပါတယ်။ သူမဟာ အသက် ၅ နှစ်(သူငယ်တန်း) အရွယ်ကတည်းက ရေကူးသင်တန်းတက်ပြီး ကျောင်းပြိုင်ပွဲတွေ၊ ပြည်နယ်နှင့် တိုင်းပြိုင်ပွဲတွေမှာ ဆုတံဆိပ်ပေါင်း ၈၀ ကျော်ရရှိထားသူလည်းဖြစ်ပါတယ်။ အဲဒီလို နိုင်ငံဂုဏ်ဆောင် ပေးနိုင်ခဲ့တဲ့ ရေကူးမယ် မဆုမိုးသိမ့်စံနဲ့ အင်တာဗျူးကို စာဖတ်ပရိသတ် အတွက် တင်ဆက်ပေးလိုက်ပါတယ်။

*MMA:* ဘယ်အချိန်လောက်ကတည်းက ရေကူးသင်တန်းတွေတက်ပြီး ပြိုင်ပွဲဝင်ခဲ့တာလဲ။

*မဆုမိုးသိမ့်စံး* သမီး သူငယ်တန်းကတည်းက နွေရာသီရေကူးသင်တန်းတက်ပြီး ပြိုင်ပွဲတွေ စ၀င်ခဲ့တာပါ။ ပထမဆုံးပြိုင်တာကတော့ မြို့နယ်ပေါင်းစုံ ကျောင်းပြိုင်ပွဲမှာ ၀င်ပြိုင်တာပါ။ ပြိုင်ပွဲအမျိုးအစား ၄ မျိုးဝင်ပြိုင်တာ ၄မျိုးစလုံး ဆုရပါတယ်။ ရွှေ ၂ ခုနဲ့ ငွေ ၂ ခုရတာပါ။

*MMA:* အခု နိုင်ငံတကာ ပြိုင်ပွဲတွေ မပြိုင်ခင် မြန်မာနိုင်ငံအတွင်းမှာ ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေနဲ့ ဆုတံဆိပ်တွေ ဘယ်လောက်ရခဲ့ဖူးလဲ။

*မဆုမိုးသိမ့်စံး *ပြိုင်ပွဲပေါင်း ၂၀ ကျော်ပြိုင်ခဲ့ဖူးတယ်။ ဆုတံဆိပ်က ၈၀ ကျော်လောက်ရထားတယ်။ ရွှေနဲ့ ငွေတွေများတယ်။ ရွှေက ၆၀ ကျော်နဲ့ ငွေက ၂၀ ကျော်ရှိတယ်။  ကြေးကတော့ နည်းပါတယ်။ ပြီးတော့ သက်တမ်းအလိုက် အကောင်းဆုံး ရေကူးကစားသမားဆုလည်း ၃ နှစ် ဆက်တိုက်ရဖူးတယ်။ ၂၀၁၀ ခုနှစ် ကနေ ၂၀၁၂ ခုနှစ် အထိပါ။

*MMA:* ပြီးခဲ့တဲ့ မတ်လက စင်္ကာပူနိုင်ငံမှာ သွားပြီး ပြိုင်တယ်သိရတယ်။ ဘာပြိုင်ပွဲကို သွားပြိုင်တာလဲ။ ပြီးတော့ အဲဒီမှာ ဘာဆုတွေရခဲ့လဲ။

*မဆုမိုးသိမ့်စံး* စင်္ကာပူမှာက ၄၄ ကြိမ်မြောက်ဖြစ်တဲ့ Singapore National Age Group Swimming Championship 2013 ပြိုင်ပွဲကို သွားပြိုင်တာပါ။ စင်္ကာပူ၊ သြစတြေးလျနဲ့ အန္ဒိယ စတဲ့ နိုင်ငံတွေ အပါအ၀င် အသင်းပေါင်း ၂၂ သင်း ၀င်ပြိုင်တဲ့ ပြိုင်ပွဲကို သွားပြိုင်တာပါ။ အဲဒီထဲမှာ အာရှ၊ အာစီယံ နိုင်ငံ ၁၀ နိုင်ငံပါဝင်တယ်လို့ သိရပါတယ်။ အသက် ၁၀ နှစ်နဲ့ ၁၂ နှစ်ကြားပြိုင်ပွဲမှာ
ဝင်ပြိုင်တာပါ။ အဲဒီမှာ ပြိုင်ပွဲ ၁၀ မျိုး ၀င်ပြိုင်ပါတယ်။ ရွှေ ၇ ခုနဲ့ ငွေ ၃ ခု ရခဲ့ပါတယ်။

*MMA:* သင်္ကြန် မတိုင်ခင်က ထိုင်းနိုင်ငံမှာ သွားပြိုင်တဲ့ ပြိုင်ပွဲကရော ဘာပြိုင်ပွဲလဲ။ ပြီးတော့
ဘာဆုတွေ ရခဲ့လဲ။

*မဆုမိုးသိမ့်စံး *ထိုင်းနိုင်ငံမှာ သွားပြိုင်တဲ့ ပြိုင်ပွဲက Thailand National Age Group Swimming Championship 2013 ပါ။ ဘန်ကောက်မှာ သွားပြိုင်ရတာပါ။ အဲဒီပြိုင်ပွဲကို ဟောင်ကောင်၊  သြစတြေးလျစတဲ့ နိုင်ငံတွေကလည်း ၀င်ပြိုင်ကြပါတယ်။ သမီးကတော့ အဲဒီပြိုင်ပွဲမှာ တစ်ဦးချင်း ၈ ပွဲ ၀င်ပြိုင်ပြီး၊ အသင်းလိုက် ၃ ပွဲ ၀င်ပြိုင်ပါတယ်။ အသင်းလိုက်က ၃ ပွဲလုံး ရွှေရပါတယ်။ အသက် ၁၁နှစ်၊ ၁၂ နှစ်တန်းမှာ ၀င်ပြိုင်တာပါ။ တစ်ဦးချင်းမှာတော့ ရွှေ ၆ ခုနဲ့ငွေ ၂ ခု ရရှိပါတယ်။ ပြီးတော့ အဲဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ရေကူးကစားသမားဆု ဒုတိယလည်း ရရှိခဲ့ပါတယ်။

*MMA:* စင်္ကာပူမှာ ယှဉ်ပြိုင်ရတာနဲ့ ထိုင်းနိုင်ငံမှာ သွားပြီး ယှဉ်ပြိုင်ရတာ ဘယ်ပြိုင်ပွဲက ညီမအတွက် ပိုခက်ခဲလဲ။

*မဆုမိုးသိမ့်စံး* ထိုင်းနိုင်ငံမှာ သွားပြီး ပြိုင်ရတာ ပိုခက်ခဲပါတယ်။ ထိုင်းနိုင်ငံက သူတို့ ကစားသမားတွေအများကြီး ၀င်ပြိုင်တဲ့အတွက် ပိုပြီးတော့ အားစိုက် ကြိုးပမ်းရပါတယ်။

*MMA:* အခု နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေရရှိတော့ ဆုကြေးအနေနဲ့ရော ပေးတာရှိလား။

*မဆုမိုးသိမ့်စံး* ဟုတ်၊ ရှိပါတယ်။ စင်္ကာပူမှာ ရခဲ့တဲ့ ဆုတွေအတွက် သုံးသိန်း ခုနှစ်သောင်းရပါတယ်။ ရွှေတစ်ခုကို လေးသောင်းနှုန်း၊ ငွေ တစ်ခုကို သုံးသောင်းနှုန်းနဲ့ရတာပါ။ ထိုင်းမှာ ပြိုင်လို့ရတဲ့ ဆုတံဆိပ်တွေအတွက်တော့ အခုထိ ဆုကြေး မရသေးပါဘူး။

*MMA:* အဲဒီ နိုင်ငံတကာ ပြိုင်ပွဲတွေအတွက် ဘယ်လို ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ရလဲ။

*မဆုမိုးသိမ့်စံး* ပဏာမ နိုင်ငံလက်ရွေးစင် ရွေးချယ်ခံရပြီး လေ့ကျင့်ချိန် ၆ လလောက်ရှိခဲ့တယ်။ အဲဒီမှာလည်း မနက်တစ်ချိန်၊ ညနေ တစ်ချိန် ပုံမှန် လေ့ကျင့်ဖြစ်တယ်။ ရေကူး အဖွဲ့ချုပ်မှာ စတင်ရွေးချယ်ခံရတာက ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့ကပါ။

*MMA:* ပြည်တွင်းပြိုင်ပွဲနဲ့ ပြည်ပ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ရတာ ဘာတွေ ကွာခြားချက်ရှိလဲ။

*မဆုမိုးသိမ့်စံး *ပြည်တွင်းမှာ ပြိုင်တာကတော့ ကိုယ့်အချင်းချင်းတွေပြိုင်တော့ သိပ်မသိသာဘူး။ ပြည်ပမှာကျတော့ စိတ်လှုပ်ရှားတယ်။ ကိုယ့်နိုင်ငံမှာ မဟုတ်တဲ့ အတွက်ကြောင့် ကြောက်စိတ်ဝင်မိတာတော့ ရှိတယ်။ ဒါကြောင့် ပိုကြိုးစားဖြစ်တယ်။ နိုင်ငံခြားပြိုင်ပွဲအတွက် ပိုကြိုးစားရသလို ပိုလည်း အားစိုက်ရပါတယ်။

*MMA: *အခုက ပဏာမ လက်ရွေးစင်ပဲဖြစ်သေးတယ်ဆိုတော့ လက်ရွေးစင်ရွေးချယ်ခံရဖို့အတွက်ရော မျှော်လင့်ထားလား။ ဘာတွေရော ပြင်ဆင်ထားလဲ။

*မဆုမိုးသိမ့်စံး* နောက်လာမယ့် ပြိုင်ပွဲက ဘယ်အချိန်ဆိုတာ မသိရသေးပေမယ့် အခုအချိန်ကတည်းက မနက်ရော၊ ညနေရော ပုံမှန်လေ့ကျင့်ခန်းတွေ ဆင်းဖြစ်နေ ပါတယ်။ ပြီးတော့ လက်ရွေးစင်အဖြစ် ရွေးချယ်ခံထားရဖို့အတွက်လည်း မျှော်လင့်ထားပါတယ်။

*MMA:* လာမယ့် မြန်မာ့နိုင်ငံမှာ လက်ခံကျင်းပမယ့် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့အတွက် ရောမျှော်လင့်ထားလား။

*မဆုမိုးသိမ့်စံး* ဟုတ်၊ လာမယ့် ဆီးဂိမ်းစ်မှာ ပါဝင်ခွင့်သာရမယ်ဆိုရင် ဆုတံဆိပ်တွေရရှိအောင် အစွမ်းကုန် ကြိုးစားသွားမှာပါ။
The Myanma Age

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com