http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အမေရိကန်သည် ဆီးရီးယားသူပုန်များကို အကူအညီသစ်တစ်ခု ပေးမည်

Wednesday, April 10, 2013
ဝါရှင်တန်၊ ဧပြီ ၁၀။
အမေရိကန်သမ္မတအိုဘားမားသည် သူပုန်များကို အကူအညီပေးရေးအတွက် ပြင်ဆင်ထားပြီးဖြစ်ကြောင်း အမေရိကန် အစိုးရအရာရှိများက စီအန်အန်ကို ပြောကြားခဲ့သည်။ အရာရှိများကလည်း အစိုးရအဖွဲ့သည် လွန်ခဲ့သည့် ရက်သတ္တပတ် နိုင်ငံ့လုံခြုံရေးကောင်စီ ဆွေးနွေးပွဲတွင် ၎င်းကို အတည်ပြုခဲ့ကြောင်း ပြောကြားသည်။ ယခုထောက်ပံ့မှုသည် ဆီးရီးယားနိုင်ငံအတွင်း စစ်ရေးမျှတမှုဖြစ်ပေါ်စေရန် အားထုတ်ကြိုးပမ်းမှုတစ်ခုအဖြစ် ပြောကြားသည်။

ယခုဆုံးဖြတ်ချက်သည် လွန်ခဲ့သည့် လက သမ္မတအိုဘားမားက သူပုန်များထံ အစားအသောက်များနှင့် ဆေးဝါးများပို့ပေးမည်ဟူသော ဆုံးဖြတ်ချက်ကြောင့် ဖြစ်လာခဲ့ခြင်းဖြစ်ပြီး အမေရိကန်သည် လက်နက်ကိုင် အတိုက်အခံများကို ပထမဆုံး တိုက်ရိုက်ထောက်ပံ့ပေးခြင်း ဖြစ်သည်။ ပေးပို့မည့်ုပစ္စည်းများတွင် မည်သည့်ပစ္စည်းများပါဝင်သည်ကို ထုတ်ပြန်ထားခြင်းမရှိသေးဘဲ ယခုတစ်ပတ်အတွင်းပြုလုပ်မည့် အိမ်ဖြူတော် အစည်းအဝေးတွင် အသေးစိတ်အချက်များကို ထုတ်ပြန်မည် ဟု သိရသည်။ “ကျွန်တော်တို့တွေဟာ လက်ရှိမှာ အကူအညီပေးရေးနဲ့ ပတ်သက်လို့ ကြေညာချက်ထုတ်ပြန်ဖို့် ဆုံးဖြတ်ချက်သစ်တွေ မရှိသေးပါဘူး၊ ပဋိပက္ခတွေကို အဆုံးသတ်ပြီး နိုင်ငံရေးအပြောင်းအလဲတွေကို အရှိအဟုန်မြှင့်ရေး ဖြစ်နိုင်ခြေတွေကို သုံးသပ်ရပါမယ်” ဟု အမျိုးသားလုံခြုံရေး ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ကိတ်လင်းဟေဒင်က ပြောကြားသည်။

အရာရှိများက ယခုထောက်ပံ့မည့် ပစ္စည်းများတွင် ကာကွယ်ရေးအတွက်သုံးသော သံချပ်ကာအင်္ကျီများ၊ ညကြည့်မှန်ပြောင်းများနှင့် အခြားစစ်သုံးပစ္စည်းများ ပါဝင်မည်ဟု ခန့်မှန်းပြောကြားသည်။ လက်ရှိဆွေးနွေးဆဲဖြစ်သည့် ၎င်းပစ္စည်းထုပ်တွင် သူပုန်များလိုချင်သော အားကြီးသောလက်နက်များနှင့် နည်းပညာမြင့် ကိရိယာများ ပါဝင်မည် မဟုတ်ကြောင်း သိရသည်။

အမျိုးသားလုံခြုံရေးကောင်စီနှင့် လွှတ်တော်အမတ်များသည် သမ္မတအား သူပုန်များကို တိုက်ရိုက်အကူအညီပေးရေးကို တိုးမြှင့်ရန် ထပ်တလဲလဲတိုက်တွန်းမှုများ ရှိခဲ့ကြောင်း သိရသည်။ ၎င်းကဲ့သို့ပြုလုပ်ခြင်းကြောင့် သင့်တင့်သောသဘောထားရှိသော အတိုက်အခံများ၏ အင်အားတောင့်တင်းလာစေမည်ဖြစ်ပြီး ၎င်းတို့ဝန်းကျင်ရှိ လက်နက် အင်အားကြီးသော အစွန်းရောက်များထံ မှီခိုနေရမှုကို နည်းပါးသွားစေမည် ဟု ပြောကြားကြကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည်လည်း ဖေဖော်ဝါရီလက ၎င်းစတင်တာဝန်ထမ်းဆောင်ချိန်မှ စ၍ ဆီးရီးယားအရေးတွင် အမေရိကန်တို့ ပါဝင်ပတ်သက်ရေးကို တွန်းအားပေးကြောင်း သိရသည်။ အမေရိကန်အစိုးရသည် ဆီးရီးယားနိုင်ငံသို့လူသားချင်းစာနာထောက်ထားသည့် အကူအညီအဖြစ် နိုင်ငံတကာ အထောက်အပံ့ပေးရေး အဖွဲ့များနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ တစ်ဆင့် ဒေါ်လာ၃၈၅သန်းလှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။

အမေရိကန်သည် အတိုက်အခံများကို ဒေါ်လာသန်း၁၀၀ ကျော် ထောက်ပံ့ပေးထားပြီး ၎င်းတို့ကို အစိုးရအဖွဲ့ပုံစံတစ်ခုကို တည်ထောင်နိုင်ရန် တွန်းအားပေးထားကြောင်း သိရသည်။ သို့သော် ဆီးရီးယားအတိုက်အခံများကောင်စီက အမေရိကန်သည် အစိုးရသစ်ဖွဲ့စည်းရေး ဆီးရီးယားနိုင်ငံတွင်း များစွာလိုအပ်နေသော အထောက်အပံ့များ ပေးရေး ကို ငြင်းဆန်ခဲ့ခြင်းကြောင့် ဝေဖန်မှုများပြုလုပ်ခဲ့သည်။ Ref:CNN
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com