ကိုးကြိမ်မြောက် ပြုလုပ်သည့် စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ဖျော်ဖြေပွဲကို ကန်တော်ကြီးမျှော်စင်ကျွန်းတွင် ည ၇ နာရီမှစတင်၍ လေးနာရီကြာ ဖျော်ဖြေခဲ့ရာ ပရိသတ်အားပေးမှု အပြည့်အ၀ရရှိခဲ့သည်။
စတိတ်အပြင်အဆင်ကို မြို့ရိုးပုံစံပြုလုပ်ထားကာ ည ၇ နာရီတွင် ကြေညာရန်မလို သီချင်းဖြင့် ပွဲစတင်ခဲ့ပြီး သူငယ်ချင်းများဖြစ်သော ကောင်းမြတ်လေး၊ နန္ဒစိုင်း၊ ဂျွန်၊ မိုးမိုး၊ ဘန်နီဖြိုး၊ စိုးကြီး၊ အောင်သူ၊ Snare ၊ မို့မို့၊ ငယ်ငယ်၊ သီရိဆွေ၊ ၀ိုင်းစုခိုင်သိန်းနှင့် သက်မွန်မြင့်တို့ ပါဝင်ဖျော်ဖြေခဲ့သည်။
စိုင်းစိုင်းသည် ၎င်း၏သီချင်းများကို သူငယ်ချင်းများနှင့်အတူ သီချင်းအပုဒ်ရေ ၅၀ ခန့် ဖျော်ဖြေခဲ့ပြီး သီချင်းအချို့ကို non-stop သီချင်းပုံစံဖြင့် ဖျော်ဖြေခဲ့သည်။
သက်မွန်မြင့်နှင့် မဖျော်ဖြေမီ LED Screen တွင် ၎င်းတို့နှစ်ယောက်၏ ဇာတ်ကားအချို့ကို Highlight ပြခဲ့ပြီး သီချင်းအသစ်တစ်ပုဒ်ဖြင့် ဖျော်ဖြေခဲ့ရာ တင်ဆက်မှုကို ပရိသတ်များ အထူးအားပေးခဲ့သည်။
ည ၁၁ နာရီခန့်တွင် မကြာမီကျရောက်မည့် သင်္ကြန်အမှတ်တရအဖြစ် ပရိသတ်များကို ရေသေနတ်များ ဝေပေးခဲ့ပြီး ပျော်ရွှင်စွာ သင်္ကြန်ရေကစား၍ ပွဲကို အဆုံးသတ်ခဲ့သည်။
7Day News Journal
ဓာတ်ပုံ- ထက်ပိုင်ဖြိုး (ဇ၀န)
စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ဖျော်ဖြေပွဲ
Labels:
အနုပညာသတင်း