http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်စဖို့ အစ္စရေးလ် အဆင်သင့်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့
အစ္စရေးလ် ၀န်ကြီးချုပ် Benjamin Netanyahu တို့ ဂျေရုစလင်မှာ တွေ့ဆုံစဉ် (၉ ဧပြီ ၂၀၁၃)

09.04.2013
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) ဟာ အစ္စရေးလ်နဲ့  ပါလက်စတိုင်း နယ်မြေတွေကို သွားရောက်တဲ့ ၃ ရက်တာ ခရီးစဉ်ကို မနေ့ကပဲ အဆုံးသတ်လိုက်ပါတယ်။

နောက်ဆုံးမှာ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိလာဖို့ မျှော်လင့်ကြောင်းနဲ့ အီရန်နိုင်ငံ နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့နိုင်ငံ ဖြစ်မှာကို အမေရိကန်က ဆန့်ကျင်တယ်လို့ မစ္စတာ ကယ်ရီ က ပြောသွားခဲ့ပါတယ်။

မစ္စတာ ကယ်ရီ က အစ္စရေးလ် ဝန်ကြီးချုပ် ဘင်ဂျမင် နတန်ယာဟု (Benjamin Netanyahu) နဲ့ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးပြီး သူ့ခရီးစဉ်ကို အဆုံးသတ်ခဲ့တာပါ။

ကြန့်ကြာနေတဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်အသက်သွင်းနိုင်ဖို့ သူတို့ ၂ ဦးလုံး စိတ်ပိုင်းဖြတ်ထားကြောင်း ပြောသွားပြီး၊ အဲ့ဒါကို အောင်မြင်အောင် အတွက် သေချာ အားစိုက်ထုတ် လုပ်ဆောင်ဖို့လည်း ဆုံးဖြတ်ထားတယ်လို့ မစ္စတာ နတန်ယာဟု က မစ္စတာ ကယ်ရီ ကို ပြောပါတယ်။
ဗွီအိုအေ(မြန်မာဌာန)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com