http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ယာဉ်ထိန်း ရဲတပ်သားတစ်ဦးအား ထိုးကြိတ်ခဲ့သည့် ကိုဖိုးလပြည့်အား အရေးယူရန် အမှုဖွင့်


Wednesday, April 10, 2013
ရန်ကုန်၊ ဧပြီ ၁၀။
မတ်လ ၁၄ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန ယာဉ်ထိန်းရဲတပ်သားတစ်ဦးဖြစ်သူ ကိုစံသိန်းထွေးအား ကိုဖိုးလပြည့်(ခ) ကိုနေရွှေသွေး အောင်က အကြမ်းဖက် ထိုးကြိတ်ခဲ့မှုအား ၂၀၀၇ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှ ဦးထင်ကျော်က ကမာရွတ်ရဲတပ်ဖွဲ့ စခန်းတွင် ယနေ့ နေ့လည်က အမှုဖွင့်တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။

ကိုဖိုးလပြည့်(ခ) ကိုနေရွှေသွေးအောင်အား အဓိကအနေဖြင့် ရည်ရွယ်၍ အမှုဖွင့်ခြင်းမဟုတ်ဘဲ ၎င်းပြုမူခဲ့သည့် လုပ်ရပ်အပေါ်တွင်သာ ရည်ရွယ်ခဲ့ကြောင်း၊ အခြားတစ်ဦးဖြစ်နေပါကလည်း အရေးယူမှု ပြုလုပ်နိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပြည်သူ့အကျိုးအား ဆောင်ရွက်နေသည့် ပြည်သူ့ဝန်ထမ်းများအား ဝိုင်းဝန်းကာကွယ်ပေးရမည်မှာ လူတိုင်းတွင် တာဝန်ရှိကြောင်း၊ ပြည်သူ့ အခွန်စားနေသည့် လက်နက်ကိုင် တပ်ဖွဲ့ဝန်ထမ်းများ၊ ဥပဒေဝန်ထမ်းများ၊ အခြားသော ဥပဒေပြုရေးဝန်ထမ်း အားလုံးအား ဥပဒေကြောင်းအရ ကာကွယ်ပေးရမည်မှာ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ကြောင်း ဦးထင်ကျော်က ပြောကြားသည်။

“သမ္မတပဲ ဖြစ်ဖြစ် သာမန်အရပ်သားပဲ ဖြစ်ဖြစ် ဥပဒေကြောင်းအရ ပြစ်မှုကျူးလွန်တယ်ဆိုရင်ဥပဒေအရ သူ့ကို တရားစွဲရမယ်၊ တရားရုံးတင်ရ မယ်”ဟု ကိုထင်ကျော်က ၎င်း၏ ခံယူချက်ကို ပြောကြားသည်။ ပဋိပက္ခမှုများမှာ နေရာဒေသတိုင်းတွင် ရှိပြီး ကျူးလွန်မှုများ ပဋိပက္ခများ ဖြစ်ပေါ်လာသည့် အချိန်တိုင်းတွင် မိမိတို့ နိုင်ငံ၏ တရားဥပဒေ စိုးမိုးမှု မည်မျှရှိသည်ကို လက်တွေ့အကောင်အထည် ဖော်ပြနိုင်မည် ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ဆောင်ရွက်သင့်ကြောင်း၊ ပြည်သူ့ဝန်ထမ်း ဖြစ်သည့် အတွက် ပြည်သူများမှလည်း ကာကွယ်ပေးသင့်ကြောင်း၊ ထိုသို့ကာကွယ်နိုင်ရန်လည်း ရာဇဝတ်မှု ဥပဒေ ပုဒ်မများဖြင့်သာ အရေးယူနိုင်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ တရားစွဲဆိုရခြင်း ဖြစ်ကြောင်း၊ တာဝန်ချိန်တွင် တာဝန်ထမ်းဆောင်နေ သော ပြည်သူ့ဝန်ထမ်း တစ်ယောက်အား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုအား လက်ကြိတ်ထိုး ကြေအေးမှု ပြုလုပ်သည်ဆိုပါက ပြည်သူ ကို စော်ကားခြင်းနှင့် တူကြောင်းလည်း ပြောကြားခဲ့သည်။

ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေရန် လူထုသိရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဥပဒေဝန်ထမ်းများ၊ သက်ဆိုင်ရာ တာဝန်ရှိ သည့် အကြီးအကဲများ၊ ယခုကဲ့သို့ ဖြစ်ရပ်မျိုး နောင်တွင် ထပ်မံ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်မှု တစ်ခုလည်း ဖြစ်ကြောင်း၊ ပဋိပက္ခမှု ဖြစ် ပေါ်လာမှ အပြန်အလှန် တရားစွဲဆို အပြစ်ဖို့ ပြောဆိုနေမည့်အစား ယခုဖြစ်ရပ်မှ နောက်နောင်တွင် ယခုကဲ့သို့ ဖြစ်ရပ်များ ထပ်မံ မဖြစ်ပွားစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

ယင်းသို့ တိုင်ကြားခဲ့မှုနှင့် ပတ်သက်၍ ယဉ်ထိန်းတာဝန် ထမ်းဆောင်နေသည့် ယဉ်ထိမ်းတပ်သား ကိုစံသိန်းထွေးမှ တစုံတရာ လာရောက်အမှုဖွင့် ဆိုထားခြင်းမရှိသလို၊ ၎င်းတာဝန်ထမ်းဆောင်ခဲ့သည့် ယဉ်ထိမ်းတပ်ဖွဲ့စု မှလည်း လာရောက်အမှုဖွင့်ထားခြင်းမရှိသည့်အတွက် တိုင်စာဖြင့်အမှုဖွင့်ဆိုခြင်းကို လက်ခံထားသော်လည်း အမှုဖွင့်ခြင်း မရှိသေးကြောင်း၊ အထက်သို့ ဆက်လက်တင်ပြသွားမည်ဟုသာ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှူးမှ ပြောဆိုကြောင်း ဦးထင်ကျော်က ပြောကြားသည်။

ကမာရွတ် ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ပြီးနောက် ရန်ကုန်မြို့ အတွင်းရှိ ရဲတပ်ဖွဲ့စခန်းများသို့လည်း ယင်းတိုင်ကြားစာများ ပေးပို့ သွားမည် ဖြစ်သလို အများ ပြည်သူ သိရှိစေရန်လည်း လက်ကမ်းစာစောင်များလည်း ဖြန့်ဝေသွားရန်ရှိကြောင်း သိရသည်။ ဝေယံ
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com