http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဘော်စတွန် ဗုံးပေါက်ကွဲမှုတွင် သံသယရှိသူကို ဗီဒီယိုတွင်တွေ့ရှိ ဖမ်းဆီးမှုမရှိသေး


Thursday, April 18, 2013
ဘော်စတွန်၊ ဧပြီ ၁၇။
ဘော်စတွန်ဗုံးပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးသူများသည် တနင်္လာနေ့က မာရသွန်ပြေးပွဲတွင် ဗုံးနှစ်လုံးတွဲ ပေါက်ကွဲမှုမဖြစ်ပွားမီ ဗုံးခွဲသူဖြစ်နိုင်သည့် သံသယရှိသူကို လုံခြုံရေးကင်မရာမှ ရိုက်ကူးထားသောဗီဒီယိုတွင် တွေ့ရကြောင်း ဗုဒ္ဓဟူးနေ့က ဥပဒေစိုးမိုးရေး ဌာနတစ်ခုမှ ပြော ကြားသည်။ ဖမ်းဆီးမှုများပြုလုပ်မှုမရှိသေးဘဲ ဗီဒီယိုတွင်ပါရှိသည့် သံသယရှိသူ၏ အမည်ကိုလည်း မသိသေးကြောင်း အရာရှိနှစ်ဦး ပြောကြားသည်။

ရဲများက ပြည်သူများကို သတင်းကွန်ဖရန့်တွင် အချက်အလက်များ ထပ်မံအသိပေးမည် ဖြစ်ကြောင်း အစိုးရပိုင်းများမှ ပြောကြားခဲ့သော် လည်း အက်ဘီအိုင်က ဆိုင်းငံ့မှုများ အကြိမ်ကြိမ်လုပ်ခဲ့ပြီးနောက် ၎င်းပွဲကို ပယ်ဖျက်လိုက်ကြောင်း ဘော်စတွန်ရဲဌာနမှ ပြောကြားသည်။ ဘော်စတွန် မာရသွန်ပြေးပွဲတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် လူသုံးဦး သေဆုံးပြီး ၁၇၆ ဦး ဒဏ်ရာရရှိခဲ့သည်။

တနင်္လာနေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားမှုအပြီး လူများရှုတ်ထွေးနေမှုများကို စောင့်ကြည့်ကင်မရာများ၊ မီဒီယာကင်မရာများနှင့် ဗီဒီယိုများ ရိုက်ကူး ထားမှုများကြောင့် စုံစမ်းစစ်ဆေးသူများအတွက် ဗုံးမပေါက်ကွဲမီနှင့် ပေါက်ကွဲပြီး အခြေအနေများကို စစ်ဆေးကြည့်ရှုရန် များစွာ အထောက်အပံ့ဖြစ်ကြောင်း သိရသည်။ ၎င်း စုံစမ်းစစ်ဆေးသူများသည် အခင်းဖြစ်ပွားရာနေရာမှ သက်သေအထောက်အထားများစွာကို ရှာဖွေနေကြသည်။

အခင်းဖြစ်ပွားရာနေရာတွင် တွေ့ရှိရသော သတ္တုအစများ၊ ဝိုင်ယားများ၊ နိုင်လွန်စများနှင့် ဘက်ထရီအပိုင်းအစများကိုအခြေခံ၍ ပေါင်းအိုးထဲ တွင် အိမ်လုပ်ဗုံးကို ထည့်ကာ အနက်ရောင် နိုင်လွန်အိပ်ကြီးများတွင် ထည့်လာနိုင်ရာ ၎င်းအိပ်မျိုးလွယ်ထားသည့်လူ မည်သူကိုမဆို အာရုံ စိုက်ရှာဖွေမှုများ ပြုလုပ်လျက်ရှိသည်။

ဓားစာခံများကို အထောက်အပံ့ပေးမှုများလည်းရှိနေရာ စက်တင်ဘာ ၁၁ရက် ၂၀၁၁ အရေးအခင်းတွင် ထောက်ပံ့ကြေးရန်ပုံငွေရရှိရေး ဦးဆောင်ခဲ့သူ ရှေ့နေ ကင်နက်ဖင်းဘာဂ် က ယခုဘော်စတွန် ဗုံးပေါက်ကွဲမှုမှ ဓားစာခံများကူညီထောက်ပံ့ရေးတွင် ဦးဆောင်ကြောင်း သိရသည်။ အင်္ဂါနေ့အထိထုတ်ပြန်ချက်အရ ဂျွန် ဟန်းကော့ ငွေကြေးဝန်ဆောင်မှုအုပ်စုမှ ထောက်ပံ့ငွေ ဒေါ်လာ တစ်သန်းပေးလှူထားပြီး ဗုဒ္ဓဟူးနေ့တွင် အလှူရှင် ၈၅၀၀ကျော် လှူဒါန်းမှု အပါအဝင် စုစုပေါင်း ဒေါ်လာ ၇သန်းထိရရှိထားပြီး ဖြစ်ကြောင်း သိရသည်။

သမ္မတအိုဘားမားနှင့် သမ္မတကတော်တို့သည် ဘော်စတွန်သို့ ကြာသပတေးနေ့တွင် လာရောက်ပြီး မာရသွန်ဗုံးပေါက်ကွဲမှုမှ ဓားစာခံများ အတွက် အောက်မေ့ဖွယ်မိန့်ခွန်းတစ်ရပ် ပြောကြားမည်ဖြစ်ကြောင်း ဘော်စတွန် အရာရှိများက ပြောကြားခဲ့သည်။
Ref: Reuters
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com