http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မြန်မာအစိုးရ ပြုပြင်ပြောင်းလဲရေး ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

photo: AFP
သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေမှာ တိကျတဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒချမှတ်ပြီး အကောင်အထည်ဖေါ်နေတာ မတွေ့ရသေးကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ဝေဖန်ပြောဆိုလိုက်ပါတယ်။

မနေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ သတင်းထောက်များကလပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ပြောင်းလဲမှုတွေ မြန်ဆန်လွန်းတာကို ဘယ်လိုသုံးသပ်ပါသလဲ၊ သမ္မတ ဦးသိန်းစိန်အပေါ် ဘယ်လိုမြင်ပါသလဲလို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်က “မိမိအနေနဲ့ နိုင်ငံရေးသမားတွေကို လူပုဂ္ဂိုလ်တစ်ဦးခြင်းအနေနဲ့ အကဲမဖြတ်ပါဘူး၊ လက်တွေ့လုပ်ဆောင်မှုတွေနဲ့သာ အကဲဖြတ်ပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေမှာ အားအနည်းဆုံးအချက်ဟာ တိကျတဲ့မူဝါဒချမှတ်ပြီး အကောင်အထည်ဖေါ်နေတာမျိုး မရှိခြင်းပါပဲ၊ လတ်တလော မြင်နေရတာက ပြုပြင်ပြောင်းလဲရေးမှာ အဆင့်လိုက်သတ်မှတ်ပြီး အကောင်အထည် ဖေါ်နေတာမျိုးမရှိသလို၊ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို အခြေခံပြီး ချမှတ်ရေးဆွဲ အကောင်အထည်ဖေါ်နေတာမျိုး မတွေ့ရပါဘူး” လို့ ပြောလိုက်ပါတယ်။

ဒါ့အပြင် လွှတ်တော်နှစ်ရပ်စလုံးဟာ သူထင်ထားတာထက် ဒီမိုကရေစီနည်းလမ်းပိုကျကြောင်း ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးပြောဆိုခဲ့ပါတယ်။ မိမိထင်ထားတာထက် ပိုအောင်မြင်အောင် လုပ်ဆောင်နိုင်တဲ့အတွက် အံ့အားသင့်ရပါတယ်လို့လည်းပြောပါတယ်။ အဲဒီလိုလွှတ်တော်အတွင်း အောင်မြင်မှုတွေနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို ကျေးဇူးတင်ကြောင်း အထူးအလေးထား ပြောခဲ့ပါတယ်။

ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့်ရှိမရှိနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ၁၉၈၂ ခုနှစ် တည်ဆဲဥပဒေနဲ့ ကိုက်ညီတဲ့သူတွေကို နိုင်ငံသားဖြစ်ခွင့်ပေးသင့်ကြောင်းလည်း ထည့်သွင်းပြောခဲ့ပါတယ်။
RFA Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com