ဗိုလ်တထောင်မြို့နယ် ၄၈လမ်းဗလီမီးလောင်မှုသည် တစ်စုံတစ်ခုသော ပယောဂကြောင့်မဟုတ်ဘဲ ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးခုံရုံး၏ အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်သိမ်းက မီဒီယာများသို့ ပြောကြားသည်။
မီးအားမြှင့်စက်အပူရှိန်လွန်ကာ စတင်လောင်ကျွမ်းခဲ့သော အဆိုပါမီးလောင်မှုကြောင့် ကလေးငယ်၁၃ဦး သေဆုံးခဲ့ရခြင်းမှာလည်း ဗလီမှ တာဝန်ရှိသူသည် ကလေးငယ်များအား ကယ်တင်ရေးထက် မီးငြှိမ်းသတ်နိုင်ရေးကိုသာ ဂရုပြုနေခြင်းကြောင့်ဖြစ်ကြောင်း အစီရင်ခံစာတွင် သုံးသပ်ဖော်ပြသည်။
စုံစမ်းစစ်ဆေးရေးခုံရုံး၏ အဆိုပါအစီရင်ခံစာအား အစလာမ်အဖွဲ့အစည်းကြီးငါးခုကို ချပြရာတွင် ထိုအဖွဲ့များက ယုံကြည်ကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက မီဒီယာများကိုပြောသည်။
7Day News Journal
၄၈လမ်းဗလီမီးလောင်မှုသည် ရှို့မီးမဟုတ်
Labels:
ပြည်တွင်းသတင်း