http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ကိုရီးယားနှစ်နိုင်ငံ စစ်မဖြစ်နိုင်သေး၍ တောင်ကိုရီးယားရှိ မြန်မာများ လုံခြုံဟုဆို


ရန်ကုန်၊ဧပြီ-၈
ကိုရီးယားနိုင်ငံနှစ်နိုင်ငံ၏ လက်ရှိအခြေအနေမှာ စစ်မဖြစ်နိုင်သေးဘဲ၊ တောင်ကိုရီးယားရှိ မြန်မာကျောင်းသားများနှင့် လုပ်သား စုစုပေါင်း ၁၃၀၀၀ မှာလည်း လုံခြုံစိတ်ချရမှုရှိပြီး စိတ်ပူရန်မလိုကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက 7Day News သို့ ပြောကြားသည်။

မြောက်ကိုရီးယားနိုင်ငံမှ တစ်ဖက်သတ် သဘောထားကြေညာနေသည့် အနေအထားသာဖြစ်ပြီး ၎င်းတို့၏ အဓိကရည်ရွယ်ချက်မှာ တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးကို ယိုင်လဲစေချင်သည့် သဘောသာဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်ကဆိုသည်။

တောင်ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား အရေအတွက်မှာ အလုပ်လုပ်နေသူများနှင့် ကျောင်းသားများ အပါအ၀င် ၁၃၀၀၀ ခန့်ရှိသည်ဟု မြန်မာနိုင်ငံရှိ တောင်ကိုရီးယားသံရုံးမှ သိရှိရသည်။

မြောက်ကိုရီးယားနိုင်ငံက ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးသည် စစ်ဖြစ်နေသည့် အခြေအနေထဲ ၀င်ရောက်သွားပါပြီ”ဟု ၎င်းတို့၏ နိုင်ငံပိုင်သတင်းစာမှ ကြေညာခဲ့သဖြင့် ကိုရီးယားကျွန်းဆွယ်တွင် စစ်ဖြစ်လာမည်လားဟု လူအများက စိုးရိမ်မှုများ ရှိလာခဲ့သည်။

“အမှန်ကတော့ သူတို့က ခြိမ်းခြောက်တဲ့သဘောမျိုး လုပ်နေတာပါ။ နိုင်ငံရေးအရ ပါမှာပေါ့။ တကယ်တမ်း ၀င်တိုက်ဖို့ကတော့ ဒါကျွန်တော်ထင်ပါတယ်၊ ပုဂ္ဂလိကအမြင်ပေါ့။ အဲဒီလောက်ကြီးလည်း မလွယ်ပါဘူး။ စစ်တိုက်တာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဟောက်ဒိုဆွမ်းကပြောသည်။

ယခင်ခေတ်ကကဲ့သို့ အခြေအနေမျိုး မဟုတ်တော့သည့်အတွက် စစ်ဖြစ်မည့် အလားအလာမှာ အလွန်နည်းပါးပြီး အခြေအနေ တင်းမာနေခြင်းသာ ဖြစ်သည်ဟု တောင်ကိုရီးယားအစိုးရဘက်မှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ တောင်ကိုရီးယားနိုင်ငံသို့ အလည်အပတ်သွားမည့် မြန်မာနိုင်ငံသားများအတွက်မူ စိတ်ချရမှုရှိသည်ဟု ပြောလိုကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံသို့ သင်္ကြန်တွင်း အလည်ခရီးစဉ် ရောင်းထားသည်မှာ အတော်များများရှိနေပြီး အကြံပြုချက်အနေဖြင့် ဖြစ်နိုင်ပါက မသွားတာပိုကောင်းပါသည်ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာကဆိုသည်။

တောင်ကိုရီးယားနိုင်ငံတွင် ရှိနေသည့် မြန်မာအလုပ်သမားနှင့် ကျောင်းသားများအတွက် အသိပေးချက်၊ ညွှန်ကြားချက်တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမျိုး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာနအနေဖြင့် မရှိသေးဘဲ အခြေအနေကို စောင့်ကြည့်နေသည်ဟု ဦးဟောက်ဒိုဆွမ်းကပြောသည်။

အမှန်တကယ် အခြေအနေများ ဆိုးလာပါက သံရုံးများကို ပြောမည်သာဖြစ်ပြီး ယခုအချိန်ထိ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သံရုံးက မည်သည့်ပြောကြားမှုမှ မရှိသေးဟု ကိုရီးယားနိုင်ငံအတွက် အစိုးရပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ ဦးဝင်းမြင့်က ပြောသည်။ မြောက်ကိုရီးယားနိုင်ငံတွင် နိုင်ငံခြားသားနေထိုင်မှုနည်းပါးသည့် မြောက်ကိုရီးယားနိုင်ငံက စစ်ဖြစ်လာခဲ့လျှင် ပြုံယမ်းရှိ ပြည်ပသံရုံးများနှင့် ယင်းတို့၏ လုံခြုံရေးကို အာမခံပေးနိုင်မည်မဟုတ်ဟု ပြောကြားလိုက်ကြောင်း ဧပြီ ၆ ရက်က ထုတ်ပြန်သော ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားက ပြုံယမ်းရှိ နိုင်ငံခြားသံရုံးအချို့သို့ လာမည့် ဧပြီ ၁၀ ရက်နောက်ပိုင်း ပဋိပက္ခများဖြစ်ပေါ်လာပါက လုံခြုံရေးအာမခံချက် မပေးနိုင်ကြောင်းသတိပေးခဲ့ရာ ကိုရီးယားစစ်ပွဲ နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်မှုများ နိုင်ငံတကာတွင် မြင့်တက်လာနေကြောင်း အေအက်ဖ်ပီသတင်းဌာနက သတင်းဖော်ပြထားသည်။

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com