http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မီဒီယာဥပဒေအား လွှတ်တော်သို့ တင်သွင်းခွင့်ရှိကြောင်း ဒုတိယ၀န်ကြီး ဦးရဲထွဋ် ပြောကြား

Sunday, 07 April 2013
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ရေးဆွဲသည့် မီဒီယာ ဥပဒေအား ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့်အပြိုင် လွှတ်တော်သို့ တင်သွင်းခွင့်ရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။

ဧပြီလ ၆ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းတွင် မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့်ဖြန့်ချိသူများအသင်းတို့နှင့် တွေ့ဆုံစဉ် ဒုတိယ၀န်ကြီးက ယခုကဲ့သို့ ပြော
ကြားခဲ့ခြင်း ဖြစ်သည်။

ဒုတိယ၀န်ကြီး ဦးရဲထွဋ်က "စာနယ်ဇင်းကောင်စီ အနေနဲ့ သူတို့ရေးဆွဲတဲ့ မီဒီယာ ဥပဒေကို မူလကတိအတိုင်း ကျွန်တော်တို့ကို လာပေးလို့ရတယ်။ သူတို့က ကျွန်တော်တို့ကို တင်မလား တင်ရင်တော့ ကျွန်တော်တို့က ရှင်းပြမယ်။ မူလကတိအတိုင်း မဟုတ်ဘဲ ကော်မတီကနေ လွှတ်တော်ကို သွားမယ်ဆိုရင်လည်း ဖွဲ့စည်ပုံ အခြေခံဥပဒေအရ တင်ခွင့်ရှိတာပဲ။ ဒါသူတို့ရဲ့ အခွင့်အရေးပဲ။ အဲဒီနှစ်ခု အပြိုင်ဆိုရင်တော့ ဒါဟာ ဥပဒေကြမ်းကော်မတီအပေါ်မှာပဲ မူတည်တော့တာပါ။ အဆုံးအဖြတ်ကတော့ လွတ်တော်ရဲ့ အဆုံးအဖြတ်ပါပဲ" ဟု ပြောကြားခဲ့သည်။

ပြန်ကြားရေး ၀န်ကြီးဌာနမှ သတင်းသမားများ၏ အခွင့်အရေးများကို အာမခံနိုင်သည့် မီဒီယာ ဥပဒေတစ်ခု ရေးဆွဲပြီး ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် အဖွဲ့ဝင် ၂၉ ဦး ပါဝင်သည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်က ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် မီဒီယာဥပဒေ တစ်ခုအား ရေးဆွဲနေပြီး လာမည့်လွှတ်တော်သို့ တင်ပြရန် စီစဉ်နေကြောင်း သိရသည်။

"ဒီဥပဒေကြမ်းက ဥပဒေကြမ်း ကော်မတီလက်ထဲကို ရောက်နေပါပြီ။ အချို့လူတွေ ပြောသလို ဒါကြီးက ရပ်သွားတာ မဟုတ်ပါဘူး။ လာမယ့် ပြည်ထောင်စုလွှတ်တော် မကျင်းပခင်မှာ ဥပဒေကြမ်း ကော်မတီ အနေနဲ့ ဒါကိုပြန်စဉ်းစားဖို့ အခွင့်အရေး ရှိပါတယ်။ ဒီဆွေးနွေးပွဲကို တက်တဲ့သူတွေ အနေနဲ့ ဧပြီလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး အကြံပြုချက်တွေ ပေးလို့ရပါတယ်။ ဒီအကြံပြုချက်တွေကို ဥပဒေကြမ်းကော်မတီကို ပေးပို့သွားမှာပါ" ဟု ဦးရဲထွဋ်က ဆက်လက်ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြန်ကြားရေး ၀န်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေမူကြမ်း ရေးဆွဲထုတ်ပြန်ခဲ့ပြီး နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့ရာ ယင်းဥပဒေမူကြမ်းသည် သတင်းလွတ်လပ်ခွင့်အား သွယ်ဝိုက်ပြီး ထိန်းချုပ်လိုသည့် အချက်အလက်များ ပါဝင်နေသည်ဟုဆိုကာ သတင်းမီဒီယာ အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေး အဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး ယင်းဥပဒေကြမ်း ရုတ်သိမ်းရေး တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

ပြန်ကြားရေး ၀န်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအား အဓိက ထောက်ခံခဲ့သူဖြစ်သည့် မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက အဆိုပါ တွေ့ဆုံပွဲတွင် "ကျွန်တော်တို့ အနေနဲ့ ဒီဥပဒေကြမ်းဟာ ဘာပဲပြောပြော ပြီးခဲ့တဲ့ ၆၂ ဥပဒေ ၃၂ ဥပေဒတွေထက်စာရင် အများကြီး လုပ်သာကိုင်သာရှိပြီးတော့ လိုက်နာနိုင်တဲ့ အနေအထား ရှိတဲ့အတွက် ကျွန်တော်တို့ ၀မ်းသာပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဥပဒေကြမ်း
ကော်မတီကနေ အဆင့်ဆင့် လွှတ်တော်ကို တင်မယ်။ လွှတ်တော် အဆင့်ဆင့် အတည်ပြုပြီးရင် ပေါ်ပေါက်လာမယ့် ဥပဒေကို တာဝန်သိတဲ့နိုင်ငံသားတွေ လုပ်ငန်းရှင်တွေ အနေနဲ့ လိုက်နာကျင့်သုံးသွားမှာဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

ဒေါက်တာတင်ထွန်းဦးသည် ပြည်မြန်မာ ဂျာနယ်ထုတ်ဝေနေသူဖြစ်ပြီး မြန်မာတိုင်း(မ်) ဂျာနယ်ထုတ်ဝေသည့် Myanmar Consolidated Media (MCM) ကုမ္ပဏီ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းအား ဒေါက်တာတင်ထွန်းဦးနှင့် ဒေါ်ခင်မိုးမိုးတို့က ၂၀၀၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ၀ယ်ယူခဲ့ကြောင်း သိရသည်။

ဒေါက်တာတင်ထွန်းဦးသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်အဖြစ် ပုဇွန်တောင်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် သတင်းမီဒီယာသမားများနှင့် ဂျာနယ်လစ်များအား အမှန်တကယ် ကိုယ်စားပြုသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အပါအ၀င် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း (MJA)၊ မြန်မာနိုင်ငံ သတင်းစာ ဆရာများ သမဂ္ဂ (MJU)၊ မြန်မာဂျာနယ်လစ် ကွန်ယက် (MJN) တို့မှ ကိုယ်စားလှယ်များအား ဖိတ်ကြားခြင်း မရှိကြောင်း သိရသည်။

"လူထုထံ ဆင်းသက်တဲ့ သတင်းမီဒီယာနဲ့ ပတ်သက်ပြီး ဖော်ဆောင်ကြပြီဆိုရင် လူထုက ကြည်ဖြူစွာ လက်ခံမှုနဲ့ လူထုက ပြန်လည်ပေးပို့တဲ့ သတင်းစကားတွေကို ရယူရင်ပိုပြီးတော့ တန်ဖိုးရှိမယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒီကနေ့ ကျွန်တော်တို့ ဥပဒေတွေ ရေးဆွဲကြပြီဆိုရင် ဥပဒေ စတင်ရေးဆွဲတဲ့ သူတွေကလည်း သဘောထားကြီးကြီးနဲ့ စာနယ်ဇင်းကောင်စီကို ထပ်မံ ကမ်းလှမ်းမယ်ဆိုရင် ပိုမကောင်းဘူးလား ဆိုတာကို အကြံပြုချင်ပါတယ်" ဟု အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့
သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုပြုံးချိုက ပြောသည်။
eleven media group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com