လေဖြတ် ရောဂါ ခံစားနေရတဲ့ အသက် ၈၇ နှစ် အရွယ် မာဂရက် သက်ချာဟာ
ငြိမ်းငြိမ်း ချမ်းချမ်း သေဆုံး သွားတာ ဖြစ်တယ်လို့ သူရဲ့ ပြောခွင့် ရသူက
ပြောပါ တယ်။
ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင်လည်း ဖြစ်တဲ့ မာဂရက် သက်ချာဟာ ဗြိတိန် ဝန်ကြီးချုပ် တာဝန်ကို ၁၉၇၉ ကနေ ၁၉၉၀ ခုနှစ် အထိ ထမ်းဆောင် ခဲ့တာ ဖြစ်ပါတယ်။
သူဟာ ဗြိတိန်ရဲ့ ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ်လည်း ဖြစ်ပြီး၊ ၁၉၇၉ ခုနှစ် သူအာဏာ ရရှိချိန် မှာတော့ ဗြိတိန်ရဲ့ နိုင်ငံရေး အခင်းအကျင်းကို ပြောင်းလဲ ခဲ့သူ ဖြစ်ပါတယ်။
မာဂရက်သက်ချာဟာ အခု ခေတ်မှာတော့ နိုင်ငံတကာ အဆင့် အထိ သြဇာ အရှိဆုံးနဲ့ အသိမှတ်ပြု အခံရဆုံးသော ဗြိတိသျှ ခေါင်းဆောင် တဦး ဖြစ်ခဲ့ပါတယ်။

BBC Burmese