http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

သံဃာတော်များအား သက်သေခေါ်မည်ဟု ကိုရဲမင်းဦး ပြောကြား

Tuesday, April 9, 2013
ပုဒ်မ-၅၀၅ (ခ)ဖြင့် တရားစွဲဆိုခြင်းခံရသူ ကိုရဲမင်းဦးအား အနောက်ပိုင်းခရိုင်တရားရုံး၌ လုံခြုံရေးရဲအင်အား (၅၀)ကျော်ဖြင့် ဧပြီလ(၉)ရက်နေ့ နံနက်(၁၁း၀၀)နာရီက ရုံးထုတ် ရမန်ပေးခဲ့သည်။

ပဋိပက္ခဖြစ်စဉ်များ၊ ၉၆၉ ဆရာတော်များ၊ နိုင်ငံတော်တွင် တရားဟောနေသည့် ဓမ္မကထိကဆရာတော်များအား နောက်ကွယ်မှ ကြိုးကိုင်နေသူဟု ယူဆသည့်အတွက် ပုဒ်မ - ၅၀၅ (ခ) ဖြင့် တရားဆွဲဆိုခံထားရသူ ဖြစ်သည်။

ရုံးထုတ်ပြီး အချုပ်ကားပေါ်သို့ ခေါ်လာစဉ် “ဒါဟာ တရားမျှတတဲ့ တရားစွဲမှုလို့ ထင်ပါသလား” ဟု မီဒီယာ သမား တစ်ယောက်မေးမြန်းရာ၌ “ဘယ်ဟုတ်ပါ့မလဲဗျာ၊ ကျွန်တော် ဘာ ရာဇ၀တ်မှုမှ ကျူးလွန်ခဲ့ခြင်း မရှိဘူး” ဟု ကိုရဲမင်းဦးက ပြန်လည်ဖြေကြားခဲ့သည်။

၎င်း၏ မိသားစုဝင်များနှင့် မိတ်ဆွေအသိုင်းအ၀န်းများမှ ကိုရဲမင်းဦးအမှုကို အာမခံရရှိရန် မျှော်လင့်ထားကြောင်း ကိုလည်း သိရသည်။

“သူ့မှာ အပြစ်မရှိပဲနဲ့ အချုပ်ကားနဲ့ ခေါ်တယ်။ သာမန်လူတစ်ယောက်အနေနဲ့ အပြစ်မရှိတဲ့ သူတစ်ယောက်ကို အချုပ်ကားနဲ့ ခေါ်တာ မင်းမဲ့စရိုက်ဆန်တယ်လို့ သူပြောသွားတယ်။ သူသည် မတရားဖမ်းဆီးခြင်း ခံနေရပါ တယ် ဆိုတာကို ထပ်ကာ ထပ်ကာ ပြောသွားတယ်” ဟု ကိုရဲမင်းဦး၏ ၀မ်းကွဲအကို ရခိုင်လူငယ်များအဖွဲ့မှ ကိုဖိုးသားက ပြောသည်။

ကိုရဲမင်းဦးအနေဖြင့် ၎င်း၏အမှုအတွက် ရဟန်းသံဃာတော်များအား သက်သေအဖြစ် ခေါ်ယူသွားမည် ဖြစ်ကြောင်း ၎င်း၏ မိတ်ဆွေ ကိုရဲမြတ်ဟိန်းသို့ ပြောကြားခဲ့သည်ဟု သိရှိရသည်။

၎င်းအနေဖြင့် လက်ရှိစစ်ကြောရေး စစ်ဆေးခံခဲ့ရာတွင် ၂၀၀၇ ခုနှစ် အဖမ်းခံခဲ့ရစဉ်အတွင်းက စစ်ကြေားရေး ကဲ့သို့ပင် အစစ်ဆေးခံခဲ့ရကြောင်းကိုလည်း ၎င်း၏ မိတ်ဆွေများသို့ ပြောကြားခဲ့သည်များက တဆင့်ပြန်လည် သိရှိရသည်။

ကိုရဲမင်းဦးကို အင်းစိန်ထောင်မှ အနောက်ပိုင်းခရိုင်တရားရုံးသို့ ရုံးထုတ်လာခဲ့ခြင်းဖြစ်ပြီး အချုပ်ကား၊ ရဲကား မျိုးစုံဖြင့် လုံခြုံရေးအင်အား အနည်းဆုံး (၅၀)ကျော်ခန့်ယူကာ ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

၎င်းကို မတ်လ(၂၅)ရက်နေ့က စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဧပြီလ(၁)ရက်နေ့တွင် ပုဒ်မ-၅၀၅(ခ)ဖြင့် အမှု စစ်ဆေးနေသည်ဟု မိသားစုဝင်များသို့ အသိပေးခဲ့ပြီး ဧပြီလ (၄)ရက်နေ့မှသာ ရုံးထုတ်ခဲ့ကြောင်း သိရှိရသည်။

အာဏာပိုင်များအနေဖြင့် ကိုရဲမင်းဦးအား မိသားစုဝင်များ၊ မိတ်ဆွေများနှင့်သာ တွေ့ဆုံခွင့်ပေးခဲ့ပြီး မီဒီယာ သမားများနှင့် တွေ့ဆုံခွင့်ပေးမည်ဟု ပြောဆိုထားသော်လည်း လက်တွေ့တွင် တွေ့ဆုံမေးမြန်းခွင့် မပေးခဲ့ကြောင်း သတင်းယူသည့် မီဒီယာသမားများထံက သိရှိရသည်။

အနောက်ပိုင်းခရိုင် တရားရုံးတွင် တတိယအကြိမ်မြောက် ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး ဗဟန်းမြို့နယ်တရားရုံးနှင့် အနောက်ပိုင်းခရိုင် တရားရုံးတွင် တစ်ကြိမ်စီ ရုံးထုတ်ပြီးဖြစ်ကြောင်းကိုလည်း သိရသည်။

ဧပြီလ(၂၂)ရက်နေ့တွင် ဗဟန်းမြို့နယ်တရားရုံး၊ ဧပြီ(၂၃)ရက်နေ့တွင် အနောက်ပိုင်းခရိုင် တရားရုံး၌ ဆက် လက် ရုံးထုတ်သွားမည်ဟု သိရသည်။၏
ထွန်းနေအောင် (မြစ်မခ)
by Myit Makha Mediagroup

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com