နေပြည်တော်၊ ဧပြီ ၁၄
၁၂-၄-၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ အပြောင်ကျေးရွာ ချောင်းတွင် ပဲ့ထောင်စက်လှေနစ်မြုပ်ကြောင်း သတင်းအရ ဖျာပုံရဲစခန်းမှ တပ်ဖွဲ့ဝင်များသွား ရောက်စစ် ဆေးခဲ့သည်။
ထိုသို့စစ်ဆေးခဲ့ရာ ဘိုကလေးမြို့နယ်၊ စခန်းကြီးကျေးရွာနေ ဦးသန်းလွင်(၄၂)နှစ်သည် နှလုံးရောဂါ၊ တီဘီရောဂါများဖြင့်ဆေးကုသစဉ် ကွယ်လွန်သွားသဖြင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်မင်းမင်းသိန်း ပါ(၅)ဦးမှ အလောင်းအား ဘိုကလေးမြို့နယ်၊ သိန်္ဒီရွာနေ ဦးချစ်စန်း (၃၂)နှစ်မောင်းနှင်သည့် အလျား ၁၄ တောင်ခန့်ရှိ ပဲ့ထောင်စက်လှေဖြင့် တင်ဆောင် မောင်းနှင်လာစဉ် အပြောင်ချောင်းအတွင်းအရောက်၌ အပြောင်ကျေးရွာနေ ဦးဖုန်းနိုင်(၃၃)နှစ် မောင်းနှင်လာသည့် အလျား ၁၂ တောင်ခန့်ရှိ ပဲ့ထောင် စက်လှေ က ကျော်တက်စဉ် စက်လှေလှိုင်းပုတ်သဖြင့် ဦးချစ်စန်း မောင်းနှင်သော စက်လှေမှာနစ်မြုပ်သွား ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ စက်လှေနစ်မြုပ်မှုကြောင့် ဒေါ်မင်းမင်းသိန်းပါ(၅)ဦးတွင် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဦးသန်းလွင်၏အလောင်းမှာ ပျောက်ဆုံးနေသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးဦးစီးသည့် အဖွဲ့များဖြင့် ပူးပေါင်းရှာဖွေလျက်ရှိကြောင်းနှင့် ၁၃-၄-၂၀၁၃ ရက်နေ့ ၀၀၀၅ အချိန်တွင် ဦးဖုန်းနိုင်အား ဖျာပုံရဲစခန်း(ပ)၇၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၀ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
စက်လှေနစ်မြုပ်ပြီး အလောင်းပျောက်
Labels:
ပြည်တွင်းသတင်း