http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မြန်မာတိုင်း(မ်)၏ မန်းနေဂျင်း ဒါရိုက်တာ ရော့စ်ဒန်ကလေ ခရီးသွားခွင့် တားဆီးခံရ

Saturday, 20 April 2013
 
ဧပြီလ ပထမပတ်အတွင်းက ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်နှင့် မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် တွေ့ရသည့် ဒေါက်တာတင်ထွန်းဦး

မြန်မာတိုင်း(မ်) ဂျာနယ်ကို ထုတ်ဝေနေသော Myanmar Cons-olidated Media ၏ မန်းနေးဂျင်းဒါရိုက်တာ မစ္စတာ ရော့စ်ဒန်ကလေအား တရားရုံး အမှုများကို အကြောင်းပြ၍ ပြည်ပသို့ ခရီးသွား မပေးဘဲ ရန်ကုန်လေဆိပ်၌ လူဝင်မှု ကြီးကြပ်ရေး ဌာနမှ တားဆီးခဲ့ကြောင်း ဧပြီလ ၁၉ ရက်နေ့က ထုတ်ဝေခဲ့သည့် မြန်မာတိုင်း(မ်)ဂျာနယ် အတွဲ ၃၁၊ အမှတ် ၆၁၇ တွင် ဖော်ပြထားသော သတင်းအရ သိရှိရပါသည်။

မစ္စတာ ရော့ဒန်ကလေနှင့် စွယ်စုံမီဒီယာဂရု၏ မန်းနေးဂျင်း ဒါရိုက်တာ ဒေါ်ခင်မိုးမိုး (မြန်မာတိုင်းမ် ဂျာနယ်၏ အမှုဆောင် အရာရှိချုပ်နှင့် စာတည်းမှူးချုပ် ဒေါက်တာတင်ထွန်းဦး၏ ဇနီးသည်) တို့သည် ပုဂ္ဂိုလ်ချင်းအရ ဖြစ်သော မကျေနပ်မှုနှင့် ပတ်သက်ပြီး အပြန်အလှန် တရားစွဲဆိုထားမှု ရှိနေချိန်တွင် ရော့ဒန်ကလေကို ပြည်ပသို့ ခရီးသွားခွင့် မပေးဘဲ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

မစ္စတာ ရော့ဒန်ကလေ အနေဖြင့် အမှုရင်ဆိုင်နေရစဉ် ကာလအတွင်း ကမ္ဘာဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ လုပ်ငန်းကိစ္စနှင့် ခေတ္တသွားခွင့် ပြုရန်နှင့် ရုံးချိန်းနေ့အမီ ပြန်လာမည်ဖြစ်ကြောင်း တင်ပြလျှောက်ထားခြင်းကို သက်ဆိုင်ရာ တရားရုံးက ခွင့်ပြုခဲ့သော်လည်း ရန်ကုန်လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေး ဌာနက ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။

ရော့စ်ဒန်ကလေ၏ ပြည်ပသို့ ခရီးသွားခွင့်ကို ဧပြီလ ၈ ရက်နေ့က သက်ဆိုင်ရာ တရားရုံးမှ ခွင့်ပြုခဲ့ပြီး ဧပြီလ ၁၁ ရက်နေ့တွင် ခရီးသွားရန် ပြင်ဆင်ခဲ့သော်လည်း ရန်ကုန်လေဆိပ်သို့ ရောက်ရှိချိန်တွင် တားဆီးခဲ့ရခြင်းဖြစ်ကြောင်း၊ တားဆီးခဲ့ရသည့် အကြောင်းရင်းမှာ အထက်ဝန်ကြီးရုံး၏ စာအရဖြစ်ကြောင်း၊ သို့သော်တား ဆီးရသည့် အကြောင်းရင်းကို လေဆိပ်ဝန်ထမ်းများက တိတိကျကျ မဖြေနိုင်ခဲ့ကြောင်း၊ ဧပြီလ ၁၂ ရက်နေ့တွင် ရန်ကုန်လေဆိပ်သို့ ထပ်မံသွားရောက်ခဲ့ပြီး တရားရုံး၏ ခွင့်ပြုစာကို တင်ပြခဲ့သည့်အပြင် သက်ဆိုင်ရာ ၀န်ကြီးထံသို့ လိပ်မူထားသည့် မေတ္တာရပ်ခံစာကို တင်ပြခဲ့သော်လည်း ဧပြီလ ၁၇ ရက်နေ့အထိ မည်သည့် အကြောင်းပြန်စာမှ မရရှိဘဲ ခရီးသွားခွင့်ကိုလည်း ပိတ်ပင်ထားဆဲ ဖြစ်ကြောင်း သိရသည်။ ထို့အပြင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ၀န်ကြီးရုံးသို့ ဧပြီလ ၁၆ ရက်နေ့က မူရင်း အထောက်အထားများ ပေးပို့ခဲ့သည့်တိုင် ထူးခြားမှု မရှိခဲ့ကြောင်း သိရပါသည်။


မစ္စတာ သောမတ်စ်အိုဟေး ကွင်တားနားနှင့် မစ္စတာရော့စ်ဒန်ကလီတို့
 မြန်မာတိုင်းမ် ရုံးချုပ်၌ တွေ့ဆုံဆွေးနွေးနေစဉ်။ (ဓာတ်ပုံ - လွင်ကိုတိတ်/မြန်မာတိုင်းမ်)

သြစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ်ဒန်ကလေသည် ၂၀၀၀ ပြည့်နှစ်အချိန်က မြန်မာနိုင်ငံသား ရှယ်ယာရှင် ဦးမြတ်ဆွေ (ဆန်နီဆွေ) နှင့် ပူးပေါင်းပြီး မြန်မာတိုင်းမ် အပတ်စဉ်ထုတ် ဂျာနယ်ကို စတင်ထုတ်ဝေခဲ့ပါသည်။ ၂၀၀၅ ခုနှစ် အချိန်တွင် ဦးမြတ်ဆွေ (ဆန်နီဆွေ)နှင့် ဇနီး ဒေါ်ယမင်းထင်အောင်တို့ ပိုင်ဆိုင်သည့် ရှယ်ယာများကို စွယ်စုံမီဒီယာဂရု ပိုင်ရှင် ဒေါက်တာတင်ထွန်းဦးထံသို့ လွှဲပြောင်းရောင်းချပေးရန် ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးကျော်ဆန်းက ရော့စ်ဒန်ကလေကို ဖိအားပေးမှုများ ရှိခဲ့ပြီး လွှဲပြောင်းရောင်းချခဲ့ရကြောင်း သိရသည်။ ထိုအချိန်မှ စတင်ပြီး နှစ်ဦးသဘော တူညီချက်အရ မြန်မာတိုင်းမ်၏ စီမံခန့်ခွဲမှု အပိုင်းကို ရော့စ်ဒန်ကလေက အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့ပါသည်။ ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာတိုင်းမ်၏ အမှုဆောင် အရာရှိချုပ် တာဝန်ကို ဒေါက်တာတင်ထွန်းဦးက ရယူခဲ့ပြီး ကုမ္ပဏီ၏ နေ့စဉ် စီမံခန့်ခွဲမှုများကို မစ္စတာ ရော့စ်ဒန်ကလေက တာဝန်ယူခဲ့ပါသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့က ဒေါက်တာတင်ထွန်းဦး၏ ဇနီးသည် ဒေါ်ခင်မိုးမိုးက ကုမ္ပဏီနှင့် မသက်ဆိုင်သူ ငါးဦးကို မြန်မာတိုင်းမ်ရုံးသို့ ခေါ်ဆောင်လာခြင်းနှင့် ပတ်သက်ပြီး ရော့ဒ်ဒန်ကလေနှင့် ဒေါ်ခင်မိုးမိုးတို့အကြား အချင်းများခဲ့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် တရားရုံးတွင် ပြစ်မှုကြီးအမှတ် ၉၁/၂၀၁၃ နှင့် ၉၂/၂၀၁၃ တို့ဖြင့် ပုဂ္ဂိုလ်ရေးအရ ဖြစ်သော မကျေနပ်မှုများအတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄/၃၂၃ နှင့် ၄၄၇/၂၉၄/၅၀၆ အရ အပြန်အလှန် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မြန်မာတိုင်းမ်၏ အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ယူထားသော ရော့စ်ဒန်ကလေကို ကမာရွတ်မြို့နယ် ရဲစခန်းက လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃(၁)၊ ၁၄ တို့ဖြင့် ဖမ်းဆီးခဲ့ပြီး ထိုသို့ ဖမ်းဆီးပြီး သုံးရက်မြောက်နေ့တွင် မြန်မာတိုင်းမ်၏ အမှုဆောင် အရာရှိချုပ်တာဝန်ကို ဒေါက်တာတင်ထွန်းဦးက ရယူခဲ့ပါသည်။

ထို့နောက် ရော့စ်ဒန်ကလေသည် လူဝင်မှု ကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေ ပုဒ်မ ၁၃ (၁)၊ နာကျင်အောင်လုပ်မှု ပုဒ်မ ၃၂၃၊ နာကျင်စေရန် ကြံရွယ်ချက်ဖြင့် မူးယစ်ဆေးဝါး တိုက်ကျွေးခြင်း ပုဒ်မ ၃၂၈၊ လက်ရောက်ခြင်းပုဒ်မ ၃၅၂ နှင့် သွားလာပိုင်ခွင့်ရှိသည့် နေရာသို့ မသွားလာနိုင်အောင် ပိတ်ပင်ခြင်း ပုဒ်မ ၃၄၁ တို့ဖြင့် ကမာရွတ်မြို့နယ် တရားရုံး၌ တရားရင်ဆိုင်ခဲ့ရသည်။

၂၀၁၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ရော့စ်ဒန်ကလေ၏ အမှုကို အပြီးသတ် စီရင်ချက် ချခဲ့ပြီး မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ ၁၃ (၁) အရ ဒဏ်ငွေ (၁) သိန်း သို့မဟုတ် ထောင်ဒဏ် (၆) လနှင့် ပုဒ်မ ၃၂၃ အရ ထောင်ဒဏ် (၁)လ ချမှတ်ခံခဲ့ရပါသည်။ သို့သော် အမှုရင်ဆိုင်နေစဉ် ကာလအတွင်း ၄၅ ရက် အချုပ်ကျခဲ့သဖြင့် ဒဏ်ငွေသာ ပေးဆောင်ခဲ့ရပြီး အကျဉ်းကျခံရခြင်းမှ ကင်းလွတ်ခဲ့ပါသည်။

စွယ်စုံမီဒီယာဂရု၏ ဥက္ကဋ္ဌနှင့် မြန်မာတိုင်းမ်၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသော ဒေါက်တာတင်ထွန်းဦး (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းရှင်များ အသင်း) သည် ဦးမျိုးအောင် (တွဲဖက် အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေရေး လုပ်ငန်းရှင်များ အသင်း)၊ ဒေါက်တာ သာထွန်းဦး (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူများနှင့် ဖြန့်ချိသူများ အသင်း) တို့နှင့်အတူ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲထုတ်ပြန်ခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ထောက်ခံသူဖြစ်ပြီး ထိုသူများသည် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် နီးစပ်သူများ ဖြစ်ကြပါသည်။

ဒေါက်တာ တင်ထွန်းဦးသည် နိုင်ငံတော် သမ္မတ၏ ခရီးစဉ်များတွင် လိုက်ပါလေ့ရှိသူ တစ်ဦးဖြစ်ပြီး ယခင်ပြန်ကြားရေးဝန်ကြီး အဆက်ဆက်မှ ယခုအချိန်အထိ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ရင်းနှီးခဲ့သူ ဖြစ်သည်။ ထို့အပြင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း အနေဖြင့် ပုစွန်တောင် မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ပါသည်။

တရားရုံး၏ ခွင့်ပြုချက်ဖြင့် ခရီးသွားခွင့် ရရှိသော်လည်း ရန်ကုန်လေဆိပ်သို့ ရောက်ရှိမှ ခရီးသွားခွင့်ကို တားမြစ်ခဲ့သော ရော့စ်ဒန်ကလေ၏ ဖြစ်စဉ်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ကြောင်း ဝေဖန်မှုများ ရှိနေပါသည်။

"ခဲခဲယဉ်းယဉ်း ရှာဖွေစုဆောင်းထားရတဲ့ ငွေတွေကို ဒီနိုင်ငံထဲ ယူဆောင်လာရတဲ့ အကြောင်းက ဒီနိုင်ငံထဲကို ဥပဒေနဲ့အညီ လွတ်လွတ်လပ်လပ် လာနိုင်တယ်။ ဥပဒေနဲ့အညီ မျှမျှတတ ဆက်ဆံကြလိမ့်မယ်လို့ ယုံကြည်ကြလို့ လာကြတာပါ။ ဒီလိုဖြစ်ရပ်မျိုးကို တွေ့ရလို့ အလွန် အံ့သြမိပါတယ်" ဟု မြန်မာနိုင်ငံ၌ ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီးမြုပ်နှံရန် ဆွေးနွေးနေသည့် မိုက်ကယ်စတောက်က ပြောကြားခဲ့သည်ဟု မြန်မာတိုင်းမ် ဂျာနယ်သတင်းတွင် ဖော်ပြထားပါသည်။

ထို့အတူ ယခင်အစိုးရ လက်ထက်တွင် နိုင်ငံရေး နယ်ပယ်မှ နိုင်ငံရေး သမားများ၊ ဂျာနယ်လစ်များကို အကြောင်းအမျိုးမျိုးပြ၍ လေဆိပ်၌ တားဆီးခြင်း၊ ထွက်ခွာခွင့် ပိတ်ပင်ခြင်း၊ လေဆိပ်ရောက်မှ ဖမ်းဆီးခြင်းများ၊ အကြောင်းမဲ့ ဖမ်းဆီးခြင်းများ ရှိခဲ့သော်လည်း ယခုအစိုးရ လက်ထက်တွင် ယခုကဲ့သို့ ပြည်ပခရီး သွားခွင့်ကို လေဆိပ်၌ တားဆီးခဲ့ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။ ထို့အပြင် နိုင်ငံရေးသမားနှင့် ဂျာနယ်လစ် အချို့၏ နိုင်ငံကူး လက်မှတ်များကို အလွယ်တကူ ထုတ်ပေးခြင်း မရှိသေးကြောင်း သိရှိရပါသည်။
Eleven Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com