http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ညီညွှတ်ရေးနဲ့ စည်းကမ်းရှိရေး အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် မှာကြား(ရုပ်/သံ)

Saturday, April 13, 2013 မြန်မာနိုင်ငံသားတွေ ညီညွှတ်ကြဖို့နဲ့ စည်းကမ်းရှိကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မြန်မာနိုင်ငံသားတွေ နဲ့ တွေ့ဆုံစဉ် တိုက်တွန်းပြောကြားလိုက်ပါတယ်။ နော်ဝေ၊ ဗြိတိန်၊ အမေရိကန်စတဲ့ နိုင်ငံခြားခရီးစဉ် တိုင်းမှာ သက်ဆိုင်ရာနိုင်ငံအသီးသီးမှာ နေထိုင်ကြ တဲ့ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံပြီး မေးမြန်း တာတွေကို ဖြေကြားလေ့ရှိပါတယ်။ ဒီနေ့ တိုကျိုမြို့က တွေ့ဆုံပွဲမှာ ညီညွှတ်ရေးနဲ့ စည်းကမ်း ရှိကြဖို့ အရေးကြီးကြောင်း အဓိကထား တိုက်တွန်းပြော ကြားခဲ့တာပါ။ မြန်မာနိုင်ငံသားတွေ မညီညွှတ်ခြင်းရဲ့ အကြောင်းရင်းဟာ မိမိကိုယ်ကို ယုံကြည်မှုအားနည်းတာကြောင့်ဖြစ်တယ်လို့လည်း အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။ တခြားနိုင်ငံခရီးစဉ်တွေနည်းတူ ညီညွှတ်ကြဖို့၊ စည်းကမ်းရှိကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မှာကြားလေ့ရှိသလို တိုကျိုတွေ့ဆုံပွဲမှာလည်း ကိုယ်ရောက်နေတဲ့ နိုင်ငံရဲ့ကျေးဇူးကိုသိကြဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းကြဖို့ကိုလည်း အလေးထားပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်အိမ်ရှေ့မင်းသား Naruhito အပြင် ဝန်ကြီးချုပ် Shinzo Abe နဲ့လည်းတွေ့ဆုံမှာဖြစ်သလို တိုကျိုနဲ့ ကျိုတိုမြို့တွေက တက္ကသိုလ်တွေမှာလည်း မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ လာမယ့် ဧပြီလ ၁၉ ရက်နေ့မှာ ဂျပန်ကနေ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။ RFA

Kyodo News

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com