Tuesday, April 9, 2013
မြစ်ကြီးနား၊ ဧပြီ ၉။
ကချင်ပြည်နယ၊် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်တွင် ကျောက်မျက်ရတနာ အချောထည် ရောင်းဝယ်ရေးစင်တာ စတင် ဆောက်လုပ်ခြင်းကို ဧပြီလ ၃ ရက်နေ့ တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ ယင်းအခမ်းအနားတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်ထိန်းချုံးခရိုင် ပြည်သူ့အစိုးရ၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး အဖွဲ့မှ အလှူငွေကျပ်သိန်း(၂၀)နှင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ အလှူငွေ ကျပ်သိန်း(၅၀)ကို ကျောက်မျက် လုပ်ငန်းရှင်များ အသင်း(မြစ်ကြီးနား)သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
မြန်မာ့ခေတ်
ကျောက်မျက်ရတနာ အချောထည်ရောင်းဝယ်ရေးစင်တာ စတင်ဆောက်လုပ်
Labels:
ပြည်တွင်းသတင်း