ဟသာင်္တမြို့ နွမ်းပါးချို့တဲ့သူအများစု မှီတင်းနေထိုင်တဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်တဲ့ ညောင်ပင်ရပ်ကွက် ရေတံခွန်(၄) လမ်းကို ကိုယ်ထူကိုယ်ထ ကွန်ကရစ် အရှည်ပေ (၁၆၅၀) ကျော်လမ်းကို မြန်မာနှစ်ဆန်းတရက်နေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။
ဒီလမ်းကို ရပ်ကွက်နေ လမ်းသူလမ်းသားတွေက နေ့စဉ် (၂၀၀) ကျပ် တစ်နှစ်ခန့် စုဆောင်းခဲ့ကြပြီးတခြားအလှူရှင်တချို့ကလည်း မ တည်လှူဒါန်းတာ ဖြစ်ပါတယ်။
လမ်းဖွင့်ပွဲကို ၂၀၁၃ ခုနှစ် ဧပြီလ(၁၇)ရက်နေ့ မြန်မာသက္ကရာဇ် ၁၃၇၅ နှစ်ဆန်း(၁)ရက်နေ့ နံနက်(၉)နာရီတွင် ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။
DVB TV News
(သတင်းဓါတ်ပုံ - ပြည့်ဖြိုး icj (ဟင်္သာတ))
ဟသာင်္တမြို့ ဆင်ခြေဖုံးရပ်ကွက် ကိုယ်ထူကိုယ်ထလမ်း နှစ်ဆန်းတရက်ဖွင့်
Labels:
ပြည်တွင်းသတင်း