http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အခွန်ဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း မှ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများ လုပ်ငန်းရှင်များဖြင့် တွေ့ဆုံဆွေးနွေး


Wednesday, April 10, 2013
အခွန်ဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများ လုပ်ငန်းရှင်များဖြင့် တွေ့ဆုံဆွေးနွေး၊အခွန်ကင်းလွတ်ခွင့် အမျိုးမျိုးဖြင့် လုပ်ကိုင်နေခြင်းများကို တိကျစွာတင်ပြပါက လွှတ်တော်မှ သုံးသပ်ပေးမည်မျှတသည့် အခွန်ဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊လုပ်ငန်းရှင်များဖြင့် တွေ့ဆုံဆွေးနွေးပွဲကို ဧပြီလ ၉ ရက်နေ့က ရန်ကုန်မြို့ရှိ UMFCCI ရုံးချုပ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။ ဆွေးနွေးပွဲတွင် စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အခွန်ကိစ္စရပ်နှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များမှ တင်ပြရာတွင် အဓိကအားဖြင့် အများပြည်သူ သက်သာစွာဖြင့် အခွန်ထမ်းဆောင်နိုင်ရန်နှင့် ၀င်ငွေပမာဏအား သတ်မှတ်ရာတွင် အများပြည်သူ ၀င်ငွေဖြင့် ကိုက်ညီသည့် နှုန်းထားများအထိ ပြင်ဆင် သတ်မှတ်သင့်သည်များ၊ အခွန်ဆောင်လုပ်ကိုင်နေသူများနှင့် အခွန်ကင်းလွတ်ရ လုပ်ငန်းရှင်ကြီးများကြား ကွာဟချက်နှင့် နစ်နာချက်များ၊ အခွန်ကင်းလွတ်ခွင့် ပေးထားကာ လုပ်ကိုင်စေခြင်းများ ရှိမရှိတို့ကို မေးမြန်းတင်ပြခဲ့ကြသည်။

အခွန်ကင်းလွတ်ခွင့် အမျိုးမျိုးရရှိနေသည်များ ရှိပါက ထိုသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် လုပ်ကိုင်နေသူများကို တိကျစွာ တင်ပြပေးမည်ဆိုပါက လွှတ်တော်မှပြန်လည်သုံးသပ်ပေးသွားမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကပြောကြားခဲ့ပါသည်။

လာမည့် လွှတ်တော်များ ပြန်လည်စတင်သည်နှင့် အခွန်ဥပဒေကို လွှတ်တော်၌ ဆွေးနွေးကာ အတည်ပြုနိုင်ရန်အတွက် ယခုဆွေးနွေးပွဲအား ကျင်းပရခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်မှလည်း အများပြည်သူ ပေးဆောင်နိုင်သည့် အခွန်စနစ်ဖြစ်ရန် လိုအပ်ပြီး မြန်မာနိုင်ငံတွင် အကောက်ခွန် ယဉ်ကျေးမှု ထူထောင်ရန် လိုအပ်ပြီး အခွန်အကောက်ကို အားထားသည့် နိုင်ငံအဖြစ်
ပြောင်းလဲရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

စီးပွားရေး လုပ်ငန်းရှင်များမှလည်း ထမ်းဆောင်နိုင်သည့် အခွန်နှုန်းအားပြင်ဆင်ရန်နှင့် ကိုယ်တိုင် အခွန်ကြေညာကာ ကိုယ်တိုင်အခွန်ထမ်းဆောင်သည့် စနစ်အထိသွားရောက်ရန်လိုကြောင်း ထောက်ပြခဲ့ကြပါသည်။
eleven media group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com