http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ချောင်းသာလမ်းတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကာ လူ၎ဦးသေဆုံး


Tuesday, 16 April 2013
ဧပြီလ၁၆ရက်နေ့ နံနက်၁နာရီခန့်ကပုသိမ်-ချောင်းသာလမ်း၊ ကျောက်ချောင်းကြီး ကျေးရွာအနီး မိုင်တိုင်အမှတ် ၉တွင် ချောင်းသာကမ်းခြေသို့ အပန်းဖြေသွားသည့် မှန်လုံအမြန်ယာဉ် တစ်စီး အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးထိုးကျ၍ တိမ်းမှောက်မှုဖြစ်ပွားကာ ယာဉ်ပေါ်တွင်လိုက်ပါ လာသည့်ခရီးသည် အမျိုးသမီး ၄ဦး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မှန်လုံအမြန်ယာဉ်သည် တောင်တွင်းကြီးမြို့ ခရီးသည်များအား တင်ဆောင်၍ ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးထွက်ခွာလာခဲ့ပြီးနောက် ချောင်းသာကမ်းခြေတွင် အပန်းဖြေသွားရန် ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါကားပေါ်တွင် ခရီးသည် ၅၉ ဦးနှင့် ယာဉ်အဖွဲ့ ၄ဦး စုစုပေါင်း ၆၃ဦး လိုက်ပါလာခဲ့ပြီး၊ ယာဉ်မောင်း သန္ဓေတိုး (ဘ)ဦးသန်းမောင် ၊ အသက် ၃၅နှစ်၊စမ်းချောင်းရပ် အောင်လံမြို့နေသူ မောင်းနှင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ညဘက်ဆိုတော့ တိတ်ဆိတ်နေတဲ့ အချိန် အုန်းခနဲကြားရတယ်၊ အော်သံတွေ ဆူညံနေတော့ အသံကြားရာကို ထပြီးလာကြည့်ခဲ့တာ၊ ဒီရောက်တော့ ကားကြီးမှောက်နေတယ်၊ လူတွေလည်း ကားထဲမှာပိတ်မိနေတယ်၊ နီးစပ်ရာက လူတွေအပြေးအလွှား ရောက်လာကြတယ်၊ ကားထဲကလူတွေကို ဆွဲထုတ်ကြတယ်၊ ဒဏ်ရာရသူတွေကလည်း များတယ်၊ နောက်ပုသိမ်က လူမှုကူညီရေးအဖွဲ့ တွေရောက်လာတယ်၊ ဒါပေမဲ့ ပိပြီးသေဆုံးသွားတဲ့ အမျိုးသမီးသုံးဦးကတော့ ကားဆွဲထူပြီးမှပဲ ထုတ်လို့ရတော့တယ်”ဟု ယာဉ်တိမ်းမှောက်မှုအား သွားရောက်ကူညီပေးသည့် ဒေသခံတစ်ဦးက ပြောပြသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် လူ၂၅ဦး ပုသိမ်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး၊ အုန်းတောရပ်၊ တောင်တွင်းကြီးမြို့တွင် နေသူများဖြစ်သည့် မကူးမ ၃၅နှစ်(ဘ)ဦးမြင့်၊ မသီတာဦး ၂၈နှစ်(ဘ) ဦးလှဝင်း၊ မသီရိ ၃၇နှစ်(ဘ) ဦးခင်မောင်မြင့်၊ မသူဇာမြင့် ၃၂နှစ်(ဘ)ဦးခင်မောင်မြင့်တို့ လေးဦးအနက် သုံးဦးမှာနေရာတွင်ပင် ပွဲခြင်းပြီး သေဆုံးသွားကာ၊ တစ်ဦးမှာ ပုသိမ်ဆေးရုံကြီးတွင် သေဆုံးသွားခဲ့သည်။ ကျန်ရှိသည့် ခရီးသည်များနှင့် ဒဏ်ရာအနည်းငယ် ရရှိသူများအား ပုသိမ်မြို့ တိုက်ကြီးကျောင်း ပရိယတိစာသင်တိုက်တွင် နားနေရန် နေရာချထားပေး လျက်ရှိကြောင်း သိရသည်။

ယာဉ်တိုက်မှုနှင့်ပတ်သက်၍ အရှိန်ပြင်းစွာဖြင့် မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း သန္စေစီုးအား ပုသိမ်မြို့ သဘောင်္ကျဉ်းရဲစခန်းမှ (ပ)၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄(က)ဖြင့် ရဲအုပ် ကြည်လင်းမှ တရားလိုပြုကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
eleven media group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com