http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

သင်္ကြန်ကာလအတွင်း သေမှုသေခင်းများ စစ်ဆေးလျက်ရှိ


18.4.2013
၁၆-၄-၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ (၁၉)ရပ်ကွက် စစ်တောင်းတံတား၏တောင်ဘက် ပေ ၁၀၀ ခန့်အကွာ၊ စစ်တောင်းမြစ်အလယ်သောင်ပြင်တွင် တောင်ငူမြို့၊ ကေတုမတီမြို့သစ်နေ မောင်းလင်းလင်းထွန်း(၁၈)နှစ်ပါ(၄)ဦးသည် သင်္ကြန်ရေပက် ကစားပြီးနောက် မြစ်အတွင်းရေဆင်းချိုးရာမှ ရေနစ်သွားခဲ့သဖြင့် တောင်ငူအမှတ်(၁)ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ (၁၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်သူ/သားများမှ ၀ိုင်းဝန်းရှာဖွေဆယ်ယူခဲ့ရာ ၁၆၃၀ အချိန်တွင် မောင်လင်းလင်းထွန်း၏အလောင်းအားလည်းကောင်း၊ ၁၈၀၀ အချိန်တွင် မောင်ဇင်ကိုကို၏အလောင်းအားလည်းကောင်း၊ ၁၈၃၀ အချိန်တွင် မောင်ချမ်းကိုကို၏ အလောင်းအားလည်းကောင်း တွေ့ရှိသဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ ကျန်ရှိသည့် မောင်ဇော်လင်းအား ဆက်လက်ရှာဖွေလျက်ရှိပြီး တောင်ငူအမှတ်(၁)ရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

ထို့ပြင် ယင်းနေ့ ၁၃၀၅ အချိန်ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မြို့မရပ်ကွက်နှင့် မရှီကထောင်ရပ်ကွက်သို့ဆက်သွယ်ထားသော ဥရုချောင်းဘေလီတံတားအောက်၌ အမျိုးသား အလောင်း(၁)လောင်းတွေ့ရှိကြောင်း သတင်းအရ ဖားကန့်ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ တံတားအောက်တွင် မှောက်လျက်အနေအထားဖြင့် အမျိုးသား(၁)ဦးမှာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိဘဲ နှုတ်ခမ်းများပြာနှမ်းကာ ရေနစ်သေဆုံးသည့် လက္ခဏာဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဖားကန့်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

စုံစမ်းစစ်ဆေးချက်အရ ရေမဆေးကျောက်ရှာဖွေသူ ဖားကန့်မြို့နယ်၊ ဝှေခါးကျေးရွာနေ စိုးလွင်ဦး(၃၃)နှစ်ဖြစ်ပြီး အရက်အလွန်အကျွံသောက်စားလေ့ရှိသဖြင့် အရက်ကြောင်ကာ စိတ်ပုံမှန်မရှိသောကြောင့် ဖားကန့်ဆေးရုံ၌ ၁၃-၄-၂၀၁၃ရက်နေ့မှစပြီး ဆေးကုသမှုခံယူနေသူ ဖြစ်ကြောင်း၊ တာဝန်ကျဆရာဝန်များမသိဘဲ ၁၅-၄-၂၀၁၃ ရက်နေ့ ၂၀၃၀ အချိန်ခန့်က ဆေးရုံမှထွက်ပြီး ခြေဦးတည့်ရာလျှောက်သွားရာမှ ရေနစ်သေဆုံးခြင်းဖြစ်ကြောင်းသိရှိခဲ့ရသဖြင့် ဖားကန့်ရဲစခန်းသေမှုသေခင်းအမှတ်စဉ်(၁၂/၂၀၁၃)ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ထို့အတူ ၁၆-၄-၂၀၁၃ ရက်နေ့ ၀၉၄၅ အချိန် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ (ပ)ဂွေးချိုရွာတွင် ကျေးရွာပိုင် အလျား ၁၂ ပေ၊ အနံ ၈ ပေ၊ အမြင့် ၆ ပေရှိ ရေဂါလံ(၁၅၀၀)ဆန့် အုတ်ရေကန်၏ မြောက်ဘက်ခြမ်း ထု ၈ လက်မခန့်ရှိသော အုတ်နံရံသည် အချပ်လိုက်ပြိုကျကာ အနီးတွင်ရေကစားနေသည့် ၎င်းးရွာနေ ချစ်ဝေမော်(ခ)ဖိုးကုလား(၄)ပါ ကလေး(၃)ဦးအပေါ်ပိကျသဖြင့် ကလေးများတွင် ဦးခေါင်းပြား၊ ကိုယ်လုံးပြား၊ ခန္ဓာကိုယ်အနှံ့ပွန်းပဲ့ဒဏ်ရာများရရှိ ခဲ့သောကြောင့် ဆေးရုံသို့ပို့ဆောင်စဉ်သေဆုံးခဲ့ပြီး မောင်လမင်းခန့်(၇)နှစ်တွင် ဦးခေါင်းငယ်ထိပ်ပေါက်ပြဲ၊ မေးစေ့၊ နောက်ကျော၊ ၀ဲလက်မပွန်းပဲ့ဒဏ်ရာများရရှိခဲ့သောကြောင့် သေဆုံးသူနှင့်ဒဏ်ရာရရှိသူများအား ရွှေပန်းတောတိုက်နယ်ဆေးရုံသို့ပို့ဆောင်ကာ ရွှေပန်းတောရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၃)ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

အလားတူ ၎င်းနေ့ ၁၄၄၅ အချိန် နေပြည်တော်တပ်ကုန်းမြို့၊ မြ၀တီရပ်ကွက်၊ နယ်မြေ(၃)နေ မစန်္ဒာထွေး၏ နေအိမ်အနောက်ဘက်ဘေးတွင် အမျိုးသမီးတစ်ဦးဓါတ်လိုက်သေဆုံး နေကြောင်းသတင်းအရ တပ်ကုန်းရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ တပ်ကုန်းမြို့၊ ရပ်ကွက်(၅)ဗိုလ်မင်းရောင်ရပ်ကွက်နေ မခင်စန်းဝေ(၄၇)နှစ် ဖြစ်ကြောင်း၊ ၁၄၃၀ အချိန်ခန့်တွင် မစန္ဒာထွေး၏နေအိမ်အနောက်ဘက်၌ အ၀တ်လှမ်းနေစဉ် အိမ်သာအားသွယ်တန်းထားသောဝါယာကြိုးမှတဆင့် အ၀တ်တန်းသွပ်ကြိုးအား လျှပ်စစ်စီးကာ ဓါတ်လိုက်သေဆုံးခြင်းဖြစ်ကြောင်း၊ မခင်စန်းဝေတွင် ၀ဲလက်မောင်းရင်းပွန်းပဲ့၊ ၀ဲလက်ချောင်းများ အတွင်းဘက်တွင်အရေပြားပွန်းဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်းသိရှိရသဖြင့် တပ်ကုန်းကုတင်(၁၀၀၀)ဆေးရုံသို့တင်ပို့ဆောင်ကာ တပ်ကုန်းရဲစခန်းသေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၃)ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

၁၆-၄-၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန်ကလည်း ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ကြက်သွန်ခင်း(၁)ရပ်ကွက်တွင် လူငယ်တစ်ဦးရေနစ်သေဆုံးကြောင်းသတင်းအရ အုတ်တွင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ အုတ်တွင်းရဲစခန်းမှ ရဲတကက သန်းရွှေ၏သားဖြစ်သူ ဇင်မင်းထွဋ်(၁၅)နှစ်ဖြစ်ကြောင်း၊ ကြက်သွန်ခင်း(၁)ရပ်ကွက်ရှိ ဆည်မြောင်းအနီး ရေကန်ထဲသို့ ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ပါးစပ်မှရေထွက်၊ ၀မ်းဗိုက်ဖောင်းကား ဖြင့်သေဆုးံနေကြောင်းတွေ့ရှိခဲ့ရသောကြောင့် အုတ်တွင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အုတ်တွင်းရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၄/၂၀၁၃)ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

၁၆-၄-၂၀၁၂၃ ရက်နေ့ ၁၆၃၀ အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာ နန်းကွေ့ချောင်းအတွင်း အမျိုးသမီးတစ်ဦးရေနစ်သေဆုံးကြောင်းသတင်းရရှိသဖြင့် အမှတ်(၁)ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မြစ်ကြီးနားမြို့၊ နယ်မြေ(၆) ရန်ကြီးအောင် ရပ်ကွက်နေ မဂျာဆိုင်းအောင်(၁၉)နှစ်ဖြစ်ပြီး ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

စစ်ဆေးချက်အရ မဂျာဆိုင်းအောင်သည် သူငယ်ချင်းများနှင့်အတူ မြစ်ကြီးနားမြို့အတွင်း သင်္ကြန်ရေကစားပြီး နန်းကွေ့ချောင်းအတွင်းရေဆင်းချိုးစဉ် ချောင်းအတွင်းရေစီးနှင့်မျောပါသွားကာ နန်းကွေ့ချောင်းတံတားနှင့်ပေ(၂၀၀)ခန့်အကွာ ရေအနက်(၁၀)ပေခန့်ရှိသည့်နေရာတွင် ရေနစ်သေဆုံး သွားခြင်းဖြစ်ကြောင်း၊ ချောင်းအတွင်းရေဆင်းချိုးသူများမှ ၀ိုင်းဝန်းဆယ်ယူခဲ့ကြောင်း သိရှိခဲ့ရ သောကြောင့် အမှတ်(၁)ရဲစခန်းသေမှုသေခင်းအမှတ်စဉ်(၆/၂၀၁၃) ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com