ဗလီသို့ဝင်ရန် ဘင်္ဂလီအမျိုးသမီးတစ်ဦးကြိုးစားခဲ့
ဧပြီ ၁၃ ရက်နေ့ ညနေ ၃း၃၀ နာရီအချိန်ခန့်က ပိတ်ထားသော ဗလီတစ်ခုဖြစ်သည့် စစ်တွေမြို့လယ်မှ ဗလီသို့ ဘင်္ဂလီအမျိုးသမီး ၁ ဦး သည် နိုင်ငံခြားသားတစ်ဦးနှင့်အတူ ၀င်ရောက်ရန်ကြိုးစားခဲ့ကြောင်းသိရသည်။
ယင်းသို့ကြိုးစားခြင်းအားသက်ဆိုင်ရာတာဝန်ရှိသူများက တားဆီးပြောဆိုသော်လည်း လွန်စွာမောက်မာ ရိုင်းစိုင်းသောစကားများပြောဆိုခြင်းများကိုပြုလုပ်ခဲ့သည့်အတွက် ရဲစခန်းသို့ခေါ်ယူ ဖြေရှင်းခဲ့ရကြောင်းသိရသည်။ အဆိုပါ ဘင်္ဂလီအမျိုးသမီးသည် အင်ဒိုနီးရှားသူဖြစ်ပြီး ဘင်္ဂလီတစ်ဦးဖြစ်ကာ လွန်ခဲ့သော လေးလခန့်ကလည်း စစ်တွေမြို့သို့ တစ်ကြိမ်ရောက်ရှိလာခဲ့ပြီး ပြဿနာပေါင်းစုံကိုဖမ်းတီးခဲ့ကြောင်း၊သက်ဆိုင်ရာဌာနမှ တားဆီးပိတ်ပင်ထားသော နေရာများအားလုံးအား ၀င်ရောက်ရန်ကြိုးစားခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။
အဆိုပါ နှစ်ဦးသည် သတင်းထောက်များဖြစ်ပြီး ခရီးသွားပုံစံဖြင့်ဝင်ရောက်လာသူများဖြစ်ကာ ဘင်္ဂလီများထံမှ မဟုတ်မမှန်သတင်းပေါင်းစုံကို ဗွီဒီယိုမှတ်တမ်းများရိုက်ကူးရန်ရောက်ရှိလာခြင်း ဖြစ်ကြောင်းလည်းသိရှိရပါသည်။
ထိုသို့ ဥပဒေမဲ့စွာ ပြုလုပ်သူများအား ပြည်နယ်အစိုးရအနေဖြင့် လက်လွှတ်ထားခြင်းသည် ရခိုင် ပြည်နယ်အတွက် အန္တရာယ်များပြားလှကြောင်းနှင့် လုပ်သင့်သည်များကို လုပ်ဆောင် ရန်လိုအပ်ကြောင်းလည်း ပြောဆိုကြပါသည်။
RSV
Labels:
ပြည်တွင်းသတင်း