http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ပင်လုံ မဟာရဌာဘိသာမဂ္ဂီစေတီတော်ဝင်းအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့

18 Apr, 2013
ရှမ်းပြည်နယ်မြောက်ပိုင်း ပင်လုံမြို့ မဟာရဌာဘိသာမဂ္ဂီစေတီတော်ဝင်းအတွင်း ၂၀၁၃ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

"ဗုံးကွဲတာမဟုတ်ပါဘူး။ ကလေးတွေ ဆော့တဲ့ မီးရှုးမီးပန်းဝါးဆစ်ဗူးက ကွဲတာပါ။ ဘာမှလည်းထိခိုက်မှုမရှိ ပါဘူး။" ဟု ပင်လုံရဲစခန်းမှ (၁၈.၄.၂၀၁၃)တာဝန်ကျ ၀န်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါဒေသတွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ လက်လုပ်မီးရှုးမီးပန်းများ ဖောက်လေ့ရှိကြောင်း ဒေသ ခံများ ပြောပြချက်အရသိရှိရသည်။

 “အန်တီတို့ကြားတာတော့ ကလေးတွေ မီးရှုးမီးပန်းဖောက်ရင်းဖြစ်တာလို့တော့ကြားတယ်၊ နှစ်ဆန်းတစ်ရက်နေ့ ဆိုရင် အဲ့ဒီလိုပဲ မီးရှုးမီးပန်းဖောက်နေကြ” ဟု ကလောမြို့မှ ဒေါ်ခင်မိုးမိုးကပြောသည်။

ဘုရားတွင် ကလေးများမီးရှုးမီးပန်းဖောက်ခြင်းဆိုသည်မှာ မဖြစ်နိုင်ကြောင်း၊ တရုတ်နိုင်ငံမှ တင်သွင်းသော ဗျောက် အချို့မှာ ၀ါးဆစ်ဗူးအတွင်း ထည့်ဖောက်ပါက အသံကျယ်ကြောင်း၊ ထိုသို့ ဖောက်ကွဲမှုသည် ခြောက်လှန့် မှုဖြစ်နိုင်ကြောင်း ဒေသခံများ ၄င်းတို့အမြင်ကိုပြောဆို သည်။

“ဒါခြောက်လှန့်တဲ့သဘောပဲဖြစ်မှာပါ၊ ဗုံးတော့မဟုတ်ဘူး၊ ဗုံးဆိုရင် အနည်းဆုံးတော့ ဘေးနားကဟာတွေ လာမှန်မှာပါ။” ဟု ဦးတင်မိုးကပြောပြခဲ့သည်။

အဆိုပါဘုရားရှေ့ဘက်ရှိ ဆိုင်တန်းများတွင် သုံးနှစ်ခန့်က ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လင်မယားနှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။
ကောင်းမြတ်ဖြိုး ( မြစ်မခ )
Myit Makha Mediagroup on

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com