တွံတေး၊ မေ ၆။
တွံတေးမြို့နယ် ကရင်ချောင်းကျေးရွာကျေးရွာတွင် မေလ ၅ရက်နေ့ မွန်းလွဲ တစ်နာရီခွဲခန့်တွင်
မိုးသည်းထန်စွာရွာသွန်း ပြီး လေပြင်း တိုက်ခတ်ခဲ့သောကြောင့် လူတစ်ဦးသေဆုံးခဲ့၍ ဓနိမိုးအိမ်(၆)လုံးခန့်
ပျက်စီးခဲ့ကြောင်း ကရင်ချောင်း အုပ်ချုပ်ရေးမှူး ဦးသန့်ဇော် ၏ မြန်မာ့ခေတ်သို့ ပြောကြားချက်အရ
သိရသည်။
“တစ်နာရီးခွဲလောက်မှာ မိုးတွေရွာ လေတွေတိုက်လာပြီ မိုးကြိုးတွေပစ်တာပဲ။ တစ်ယောက်သေသွားတယ်။
တစ်ယောက် ဒဏ်ရာရတယ်၊ ပြီးတော့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအချို့လဲ အမိုးလန်သွားတယ်”ဟု ၎င်းက
ဆက်လက်ပြောကြားသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့်သေဆုံးသူမှာ ကရင်ချောင်းကျေးရွာတွင်နေထိုင်သော ကိုသိန်းထွန်း အသက်(
၃၂) နှစ်ဖြစ်ပြီး ၎င်းသည် လယ်ထဲတွင် စပါးများ သိမ်းနေစဉ် မိုးကြိုးပစ်ခံခဲရခြင်းဖြစ်ကြောင်းနှင့်
ကိုခင်မောင်မျိုးမှာလည်း ဒဏ်ရာအနည်းငယ်ရရှိကြောင်း သိရပြီး အိမ်ခြေမဲ့ ဒုက္ခသည်လူဦးရေ
၂၀ခန့်ရှိကြောင်း သိရသည်။
ထို့နောက် ယင်းအိမ်ခြေမဲ့ဒုက္ခသည်လူဦးရေ ၂၀ခန့်အား ပြန်လည်နေရာချထားရေးကိစ္စနှင့် စပ်လျဉ်း၍
ယာယီတဲများ ဆောက်လုပ်လျက်ရှိကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။
ပိုင်လေး
မြန်မာ့ခေတ်
တွံတေးတွင် လေပြင်းတိုက်ခက်သောကြောင့် လူတစ်ဦးသေဆုံး၍ အိမ်အချို့ပျက်စီး
Labels:
ပြည်တွင်းသတင်း