http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အိန္ဒိယမှ တရားမဝင် တင်သွင်းလာသည့် အိမ်သုံးဆေးဝါးများ ဖမ်းဆီးမိ

ကလေး၊ မေ ၂၉ ။
တမူး – ကလေး ကားအသင်းမှ တင့်တိုင်းအောင်ခရီးသည်တင်ကား၊ ယာဉ်အမှတ် ၉ခ/၆၈၃၆ ပေါ်တွင် တင်ဆောင်လာသော မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် အိန္ဒိယနိုင်ငံထုတ်
အိမ်သုံးဆေးဝါးများကို ယမန်နေ့ ညနေ(၄)နာရီခွဲ အချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တမူးမြို့မှ ကလေးမြို့သို့ မောင်းနှင်လာသည့် တင့်တိုင်းအောင်ကားမှ ယာဉ်မောင်းဖြစ်သူ၏
သတင်းပေးမှုကြောင့် ကလေးမြို့အဝင် ဖောင်ကူး တံတားဂိတ်တွင်တား၍ စစ်ဆေးရာ မသင်္ကာဖွယ်ရာ ဂျပ်ဖာများ တွေ့ရပြီး ဖောက်ဖွင့်စစ်ဆေးရာ အိန္ဒိယနိုင်ငံလုပ် ဆေးဝါးများဖြစ်ကြသည့်  D.Water ဆေးဗူး(၁၀၀၀)၊ Nimesa lido Tablets ဆေးကတ် (၃၀၀)၊ TINADERM ဆေးဗူး (၁၀၈၀) ဗူး၊ Clobeta mil G ဆေးဗူး (၁၃၅၀)၊ OPC ဆေးဗူး (၆၀၀)၊ Clobetamil G (၈၀)ပုလင်း၊
CALADRYL တံဆိပ်ပါ (၈၀) ပုလင်း၊  OXYPED ဆေးကတ်ပေါင်း (၅၅၀၀)၊ OMEZ ဆေး ဗူး (၆၀၀)
တို့ကို တွေ့ရှိဖမ်းဆီးရမိပြီး ကာလပေါက်ဈေး စုစုပေါင်းတန်ဖိုး သုံးဆယ့်နှစ်သိန်း သုံးသောင်း
ငါးထောင်ကျပ် ရှိကြောင်း ရှာဖွေဖမ်း ဆီးရာတွင် ပါဝင်ခဲ့သည့် ဒုရဲအုပ်တစ်ဦးက ပြောကြားသည်။

” ယာဉ်မောင်းက သူ့ကားပေါ်မှာ တင်လာတဲ့ ဂျပ်ဖာတွေဟာ တရားမဝင်ပစ္စည်းတွေ ဖြစ်နိုင်တယ်ဆိုပြီး ကျွန်တော်တို့ ကလေးမြို့နယ် ရဲစခန်း ကို ဖုန်းဆက်အကြောင်းကြားပါတယ်။ သတင်းပေးချက်အရ
တာဟန်းရဲစခန်းမှူး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဒုတိယစုံစမ်းရေးမှူးနှင့် လက်ထောက်စုံစမ်းရေးမှူး၊ သက်သေအဖြစ် နယ်မြေမှူးနဲ့ တာဝန်ရှိသူအချို့ကိုပါ ခေါ်ပြီး သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့ကြတာ ဖြစ်ပါတယ် ” ဟု နယ်ထိန်းခေါင်းဆောင်က မြန်မာ့ခေတ်သို့ ပြောကြားသည်။

ယင်း အိန္ဒိယနိုင်ငံလုပ် အိမ်သုံးဆေးဝါးများကို တင်ဆောင်ခဲ့သည့်ပိုင်ရှင်မှာ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်မှ ဦးနိုင်စိုးဆိုသူဖြစ်ပြီး ဥပဒေ အရ ဆက်လက်အရေးယူပေးပါရန် ရဲတရားလိုဖြင့်
နယ်ထိန်းခေါင်းဆောင်က အမှုဖွင့်တိုင်တန်းထားကြောင်း သိရသည်။
ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com