http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အကြောင်းရှာတော့ ခေါင်းချာချာလည်

ပြီးခဲ့သော မိုးတွင်းကာလ တာမွေအဝိုင်းထိပ် ရေကြီးရေလျှံနေသည့် မြင်ကွင်း
မြန်မာနိုင်ငံ၏ လူဦးရေ ၁ဝပုံ ၁ပုံ ခန့်ရှိသော စီးပွားရေးမြို့တော် ရန်ကုန်၏ မိုးကာလကမူ အတော်ပင်ရုန်းရင်းဆန် ခတ်နိုင်လှသည်။မိုးရွာသည်။ မိုးရွာ သည်နှင့် ရေကြီး ရေလျှံသည်။ ရေလျှံသည်နှင့် ကားလမ်း များပိတ်သည်။ ယင်းအပြင် အခြားသော ပြဿနာများကလည်း များစွာ . . .”မနေ့က မိုးရွာတယ်လေ။ ဆိုင်က ဆိုင်းဘုတ်လုပ်တဲ့ ဖိုင်ဘာပြားတွေဆို မနည်းဘူး ရေထဲပါသွားတာ။ တစ်သိန်းဖိုးဝန်းကျင်လောက် ရှိတယ်” ဟု ရန်ကုန်မြို့၏ ဈေးကွက်တစ်နေရာ ဖြစ်သော တာမွေမြို့နယ် ၁၃၈ လမ်းထိပ်တွင် ဆိုင်းဘုတ်ရေးသူ ဦးဝင်းဌေးက ပြောသည်။

မိုးတွင်းကာလ ရန်ကုန်မြို့၏ အဓိကပြဿနာ မှာ မိုးရွာသည့်အချိန်တိုင်း ရေကြီးရေလျှံမှု ဖြစ် ပေါ်နေခြင်း ဖြစ်သည်။ရေကြီးရေလျှံဖြစ်ပေါ်ရသည့် အကြောင်းရင်း များထဲ တွင် မြောင်းများအတွင်း အမှိုက်များ ပိတ် ဆို့နေခြင်းမှာ တစ်ခုအပါအဝင် ဖြစ်သည်။ရန်ကုန် စည်ပင်သာယာနယ်နိမိတ်အတွင်း တစ်နေ့ အမှိုက်တန်ချိန် ၁၆ဝဝ ခန့် ထွက်သည်။ သို့သော် ယင်းအမှိုက်များ အားလုံးမှာ နောက်ဆုံး စွန့်ပစ်အမှိုက်ပုံသို့ မရောက်။ ထွက်ရှိအမှိုက်များထဲ မှ တန် ၁ဝဝခန့်မှာ နေအိမ်များမှ မီးရှို့ဖျက်ဆီးခြင်း နှင့် နောက်ဖေးလမ်းကြားများအပါအဝင် မြောင်း ကြိုမြောင်းကြားများအတွင်းသို့သာ စည်းကမ်းမဲ့ စွန့်ပစ်နေမှု များရှိနေသည်ဟု ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

နောက်ဖေးလမ်းကြားများနှင့် မြောင်းများအ တွင်းရောက်ရှိသွားသော ထိုစည်းကမ်းမဲ့အမှိုက် များ စွန့်ပစ်မှုဒဏ်ကို မိုးတွင်းကာလ၌ မြို့နေ ပြည်သူများ ရေကြီးရေလျှံခြင်း ဒဏ်အဖြစ် တန်ပြန် ခံစားကြရသည်။ရန်ကုန်စည်ပင်က ယခုနှစ် မိုးတွင်းကာလ အတွက် စည်ပင်နယ်နိမိတ်အတွင်းရှိ မြောင်းများ အားလုံးကို နုန်းများ၊ အမှိုက်များ ဆယ်ယူပေးသွား မည်ဟု ဆိုသည်။ယခင်နှစ်အထိ နှစ်စဉ်နှစ်တိုင်း ရန်ကုန်မြို့ တွင်း၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်တတ်သော နေရာ ၅ ခုရှိသည်။ရန်ကုန်စည်ပင်မှ ထုတ်ဖော်ပြောကြား သော ယင်းနေရာ ၅ ခုမှာ မင်္ဂလာတောင် ညွန့်မြို့နယ်ရှိ မြန်မာ့ဂုဏ်ရည်လမ်း (လမ်း ၉ဝ၊ ၉၁လမ်း၊ မန္တလေးလမ်း ဝန်းကျင်)၊ ၁၃၆ လမ်း (မင်္ဂလာမွန် ဈေးနှင့် ယုဇနပလာဇာ)၊တာမွေ အဝိုင်းထိပ်၊ ရန်ကင်းမြို့ နယ် မြောက်မြင်းပြိုင် ကွင်းလမ်းပတ်ဝန်းကျင် နှင့် သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်း (ဝေဇယန္တာရှောပင်းစင်တာအရှေ့ ဘက်ဝန်းကျင်) နေရာများဖြစ်သည်။

ယခုနှစ်အတွက်မူ မိုးများစွာရွာသွန်းမှု မရှိ သေး၍ ရေကြီးရေလျှံသည့်နေရာများကို အတိ အကျမပြောကြားနိုင်သေးဟု စည်ပင်ကဆိုသည်။မြို့ပြစီမံကိန်းပညာရှင်များကမူ ရန်ကုန်မြို့ ရေကြီးရေလျှံဖြစ်ပွားနေမှုများမှာ ရေစိမ့်ဝင်ဧရိယာ ဖြစ်သည့် ပန်းခြံများ၌ လူဦးရေတိုးပွားလာမှုအရ အဆောက်အအုံများဆောက်ခြင်း၊ ရေနုတ်မြောင်း များ တည်ရှိသောလမ်းများ၌ မြောင်းများအားပိတ် ၍ လူနေအိမ်များတည်ဆောက်ခြင်းနှင့် ရေစိမ့် ဝင်နိုင်သော မြေသားလမ်းများနေရာတွင် ကွန်က ရစ်လမ်းများခင်းခြင်း တို့ကြောင့်ဖြစ်သည်ဟု သုံး သပ်ထားသည်။ ယင်းအပြင် မိုးရွာသွန်းပါက မြောင်းများထဲမှ သယ်ထုတ်ထားသည့် အမှိုက်များ အချိန်မီမသိမ်း ဆည်းနိုင်ခြင်းက လည်း မြောင်းပိတ်ဆို့ရေလျှံခြင်း ကို သံသရာလည်စေသည်။

ထို့အပြင် လမ်းမများ ပေါ်ရှိ မြောင်းဖုံးများမှာ ခိုင်ခံ့မှုမရှိ၍ ရေတိုးပါက ပွင့်အန်လာခြင်း၊ ဌာနမှ အမှိုက်များ ရှင်းလင်းနေစဉ်မြောင်းဖုံးများဖွင့်လှစ်ထားခဲ့ခြင်းများလည်း ရှိ ပြီး
တစ်ခါတစ်ရံ မိလ္လာအိုးများ ပွင့်တတ်ခြင်းများ ရန်ကုန်မြို့လူထု ကြုံကြိုက်နေရသည်။နှစ်စဉ်ရေကြီးရေလျှံတတ်သော တာမွေအဝိုင်း ထိပ်တွင် ကွမ်းရောင်းသည်မှာ ၅ နှစ်သက်တမ်း ရှိပြီဖြစ်သူ ဦးထွန်းဝင်းမင်းက ”တကယ်ရေကြီးလို့ရှိ ရင်ကားလမ်းတွေပေါ် မိန်းကလေးတွေ မဆင်းရဲ ဘူး။ ယောက်ျားလေးတွေက ဝိုင်းပြီး ကူဆွဲခေါ်ရ တယ်။ ကားတွေလည်း တန်းစီပြီး ပျက်တော့တာပဲ”ဟု နှစ်စဉ်နှစ်တိုင်းကြုံတွေ့နေရမှုကို ပြောပြသည်။ တာမွေသား ဦးထွန်းဝင်းမင်း၏ အဆိုအရ ၎င်းတို့ မြို့နယ်သို့ မိုးမကျမီ ရန်ကုန်စည်ပင်မှ မြောင်းများလာရောက် ဖော်ဆောင်သော်လည်း နေရာအနှံ့တော့မဟုတ်။ ကွက်ကျားရိုက်သွား ခြင်းဖြစ်သည်။ မြောင်း ပေါက်များမှာလည်း ကျဉ်းနေ၍ မိုးရွာပြီးသည်နှင့် ရေက တန်းမကျဘဲ ရေကျရန် အချိန် ၄/၅ နာရီ ခန့် စောင့်ရသည်ဟု ဆိုသည်။

”လူတွေကမမြင်ဘဲ စမ်းတဝါးဝါး သွားနေရ တဲ့အတွက် မြောင်းထဲ ထိုးကျမှာပဲ စိုးရိမ်နေရတာ”ဟု ၎င်းက မိုးကာလရေလျှံပါက ဖြစ်ပွားလေ့ရှိသော အခြေအနေကို ဆက်ပြော သည်။ ရန်ကုန်မြို့နေပြည်သူများ ပြောကြားချက် အရ ရေကြီးရေလျှံမှုအတွက် ရန်ကုန်စည်ပင်မှ မြောင်းများ လာရောက် ရှင်းလင်းပေးသည့် အတွက် ငွေကြေးရယူမှုတော့ မရှိ။ သို့သော် ရေလျှံ၍ ဖုန်းဆက်အကြောင်းကြားပါက ရက်အတန်ကြာမှ လာရောက်ဆောင်ရွက်ပေးသည်။ ယင်းအပြင် ရှင်းလင်းရန် လိုအပ်နေ သည့် နေရာအားလုံး ကို တော့ ဆောင်ရွက်ခဲ့မှု မရှိပေ။တာမွေမြို့နယ် ကျိုက္ကဆံလမ်းတွင် နေထိုင်ပြီး တာမွေ အဝိုင်းထိပ်၌ ကွမ်းရောင်းသူ မရွှေစင်ဦးက ”ရေကြီးလို့ရှိရင် ဖုန်းဆက်တာပေါ့။ လေး၊ ငါးခါ ဆက်မှ လာပြီးဓာတ်ပုံတွေ ဘာတွေ ရိုက်သွား တာ” ဟု ၎င်း၏ ကိုယ်တွေ့ကို ပြောသည်။

ဧပြီလမှ စတင်၍ ရန်ကုန်စည်ပင်မှ မိုးကာလ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် မြို့တွင်း မြို့နယ်များအပါအဝင် မြို့စွန်များ၌ ရေဆင်းမြောင်း များ မြေသားကွန်ကရစ် တည်ဆောက်ခြင်းနှင့် ရေ မြောင်းအတွင်း အမှိုက်၊ သဲ၊ အုတ်ခဲကျိုးများ ရှင်း လင်းခြင်းများ ပြုလုပ်နေသည်ဟု ၎င်းတို့ ကော်မတီ မှ ထုတ်ဝေသည့် မြို့တော်သတင်းစာတွင် ဖော်ပြ ထားသည်ကို စဉ်ဆက်မပြတ်တွေ့ ရှိရသည်။ကော်မတီမှ နှစ်စဉ်နှစ်တိုင်း ယင်းကဲ့သို့ ပြု လုပ်နေသည်ဟု ကြားသိရသော်လည်း ရေကြီးရေ လျှံမှုများက နှစ်စဉ်ကြုံကြိုက်မြဲ။ တစ်ပေမှ နှစ်ပေ အထိ မြင့်တက်စမြဲပင်။ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)မှ အမည်မဖော်လိုသော အကြီးတန်းအရာ ရှိတစ်ဦးက ”မြောင်းရှင်းတယ်ဆိုတာ တစ်ခါရှင်းပြီး ပြီးရမှာ။ အခုဟာက အမှိုက်ထပ်ပစ်တော့ ထပ် ပိတ်တာပဲ။ ဒီအမှိုက်တွေ ပြည်သူကပဲ ပစ်တာ”ဟု ပြောသည်။

ပြည်သူ့ထံမှရရှိသော အခွန်ငွေဖြင့် ရေမြောင်းဆယ်ခြင်း၊ ရေပိုက်များသွယ် တန်းခြင်း၊ လမ်းခင်းခြင်း၊ လမ်းမီးများ ထွန်းခြင်း အစရှိသည်များ အားလုံးကို ဆောင်ရွက်ရသည့်အတွက် လက်ရှိလူထု ထံမှရရှိသော အခွန်ငွေဖြင့် လောက်ငမှု မရှိကြောင်း ၎င်းက ဆက်ပြောသည်။၂ဝ၁၂-၂ဝ၁၃ ဘတ်ဂျက်နှစ်ကမူ ရန်ကုန် စည်ပင်၏ဘတ်ဂျက်ရငွေအားလုံး၏ ၂၁ ရာခိုင်နှုန်း ကိုမူ လမ်း/တံတားဌာနအတွက် အသုံးပြုခဲ့သည်။ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဦးကျော်က ရန်ကုန်မြို့တွင်း မိုးကာလတိုင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေခြင်းမှာ တိုးပွားလာ သော လူဦးရေအရ အသစ်ပြုပြင်တည်ဆောက် သင့်သော ရေနုတ်မြောင်းများ တိုးချဲ့ ဆောင်ရွက် နိုင်မှုမရှိဘဲ အဟောင်းကိုသာ ပြုပြင်ဖာထေးနေ သည့်အတွက် ဖြစ်သည်ဟု မှတ်ချက်ပေးသည်။ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေးအရ လည်း လမ်းတံတားနှင့် ရေနုတ်မြောင်းများ ပြုလုပ် ရန် ဘတ်ဂျက်ငွေ ပိုမိုသုံးစွဲမည်ဟု ကြားသိရ၍ စီမံကိန်းတွေကို အပြောဖြင့် မပြီးဆုံးစေဘဲ လက် တွေ့ အကောင်အထည်ဖော်ဆောင်ရွက်စေလိုသည် ဟု ဆက်လက် ပြောသည်။

”ပြုပြင်ရေးကို လုပ်တဲ့အခါ စေတနာပါဖို့ လို တယ်။ ကိုယ့်အိတ်ထဲကိုပဲထည့်ဖို့ စဉ်းစားရင် တိုး တက်မှာ မဟုတ်ဘူး။ ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေမှာ”ဟု ဦးကျော်က ပြောသည်။၎င်း၏ အတွေ့အကြုံအရ မိုးရေကြောင့် ရေ ကြီးရေလျှံခြင်းအပြင် ဒီရေတိုးခြင်းများကြောင့် လသာ၊ စဥ့်အိုးတန်းလမ်း၊ ၁၇ လမ်း၊ ၁၈ လမ်း အစရှိသည့် နေရာများတွင် မိုးတွင်းကာလ၌ ရေ နစ်မြုပ်မှုများဖြစ်ပေါ်ပြီး ဗန္ဓုလလမ်းနှင့် အနော်ရ ထာလမ်းများ၌လည်း မြေအောက်မိလ္လာအိုးများ အန်ထွက်ခြင်းများ ဖြစ်ပေါ်တတ်သည်ဟု ဆိုသည်။

ရန်ကုန်သည် စက်မှုဖွံ့ဖြိုးဆဲ နိုင်ငံ၏ စီးပွား ရေးမြို့တော်ဖြစ်သည့်အလျောက် စက်ရုံ၊ အလုပ်ရုံ များတွင် အလုပ်လုပ်ကိုင်သူထက် လက်လုပ်လက် စားနှင့် ဈေးသည်များ ပိုမိုများပြားသည်ဟု မြို့ ပြဖွံ့ဖြိုးမှု စီမံကိန်းပညာရှင် ဒေါက်တာကျော်လတ် က ပြောကြားခဲ့ဖူးသည်။သို့ဖြစ်ရာ နိုင်ငံ၏ လူဦးရေအများဆုံးနေ ထိုင်ရာဖြစ်သည့် အပြင် ဈေးသည်များ များပြားပြီး ရေကြီးရေလျှံမှု နှစ်စဉ်ဖြစ်သော ရန်ကုန်မြို့၏ လမ်းမကြီးများပေါ်တွင် မိုးတွင်းကာလ မြင်ကွင်းက ရုန်းရင်းဆန်ခတ်နိုင်လှသည် မှာ ပြေးကြည့်ရန်ပင် မလိုတော့။ပြဿနာတစ်ခုကို ဖြေရှင်းရန် ယင်း ပြဿနာပေါ်ပေါက်လာရသည့် အကြောင်းအရင်းကို စေ့ငုသေချာစွာ ရှာဖွေ ဆန်းစစ်ရန် လိုသည်။ ယခုတော့ …
ဝေမာထွန်း ၊ခိုင်နွယ်ဦး
Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com