http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

သမ္မတဦးသိန်းစိန် သုဝဏ္ဏကွင်းတွင် မိန့်ခွန်းပြောမည်

သမ္မတ အမေရီကန်ခရီးစဉ်မှ ဓါတ်ပုံ
ရန်ကုန်၊ မေ ၂၈
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှု စီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားကို သမဝါယမဝန်ကြီးဌာနက ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားခန်းမတွင် ဇွန်လ ၂ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ ယင်း အခမ်းအနား သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း သမဝါယမ ဝန်ကြီးဌာန ရုံးအဖွဲ့မှူးက The Voice သို့ ပြောကြားသည်။

ယင်းအခမ်းအနားတွင် သမဝါယမ အသင်းဝင်များ၏ စီးပွားရေးမြှင့်တင်နိုင်ရန် ရည်ရွယ်၍ သမဝါယမဝန်ကြီးဌာနက ချေးငွေများထုတ်ပေးခြင်း၊ အရစ်ကျစနစ် ဖြင့် အနှေးယာဉ်၊ တက္ကစီများ ရောင်းချပေး ခြင်း၊ အပ်ချုပ်စက် စသည့်အိမ်တွင် ဝင်ငွေ ရှာနိုင်သော စက်ပစ္စည်းများ ရောင်းချပေး ခြင်းစသည့် အစီအစဉ်များရှိကြောင်း အဆိုပါရုံးအဖွဲ့မှူးက ဆိုသည်။
"အများပြည်သူ အကုန်လုံးအတွက်တော့ ဒီအစီအစဉ်က အကျုံးမဝင်ပါဘူး။ သမဝါယမအသင်းဝင် တွေအတွက်ပဲ စီစဉ် ထားတာပါ" ဟု ၄င်းကရှင်းပြသည်။

သမ္မတနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခံထားရသော ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် (၈) ရပ်ကွက်တွင် နေထိုင် သည့် ငွေချေးငှားသူ အမျိုးသမီးတစ်ဦးက သမ္မတနှင့် တွေ့ဆုံပြောဆိုခွင့် ရလျှင် အိမ်ပိုင် မရှိသော ဆင်းရဲသားများအတွက် သိန်း ၃၀ ခန့် တန်ဖိုးနည်းအိမ်ရာများကို တစ်လငွေ ကျပ် သုံးသောင်းခန့် သွင်း၍ အရစ်ကျ ရောင်းချပေးရန် ပြောကြားမည်ဖြစ်ကြောင်း၊ ယခုတန်ဖိုးနည်း အိမ်ရာများမှာ ကျပ်သိန်း ၁၀၀ ခန့်ရှိသဖြင့် အခြေခံ လူတန်းစား များ အတွက် အလှမ်းဝေးနေသည်ဟု ရှင်းပြ မည်ဖြစ်ကြောင်း ၄င်းအမျိုးသမီးက ဖွင့်ဟ ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်တစ်ခုလျှင် ငွေချေးငှားသူ ၂ ယောက်နှုန်းဖြင့် တက်ရသည်ဟု ဒဂုံမြို့သစ် အရှေ့ပိုင်း (၈) ရပ်ကွက်မှ ငွေချေးငှားပြီး အပ်ချုပ်စက် ပိုင်ဆိုင်ခဲ့သည့် အမျိုးသမီး တစ်ဦးကဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မေလ ၁၂ ရက်နေ့တွင် မန္တလေးမြို့အမျိုးသား ဇာတ်ရုံ၌ကျင်းပသည့် မန္တလေးတိုင်းဒေသ ကြီးအတွင်း ကျေးလက်ဒေသဖွံ့ ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်၍ အလားတူမိန့်ခွန်း ပြောကြားခဲ့သည်။

ယခုနှစ်မှစ၍ နိုင်ငံတော်သမ္မတသည် လစဉ် အများပြည်သူများကို ရေဒီယို မှတစ်ဆင့် မိန့်ခွန်းများ ပုံမှန်ပြောကြားလျက် ရှိသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com