http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မသန်စွမ်းသူများ အတွက် နာရေးကူညီမှု အသင်း (ရန်ကုန် )၏ ပေးဆပ်မှု

နာရေးကူညီမှုအသင်း (ရန်ကုန်)က မသန်စွမ်းသူများရဲ့ သွားရေး၊လာရေး အဆင်ပြေ ချောမွေ့စေဖို့အတွက် ဝှီးချဲ များကိုလှူဒါန်းပေးလျက်ရှိပါ တယ်။ အခုလို မသန်စွမ်းတွေကို တစ် ဖက်တစ်လမ်းကပံ့ပိုး ကူညီပေး နေတာနဲ့ ပတ်သက်ပြီး အသင်း ၏ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်က..

”နဂိုကတည်းက သုခဆေး ခန်းမှာ အောက်ဆီဂျင်အိုးတို့၊ မကျန်းမာတဲ့သူတွေအတွက် ဝှီး ချဲငှားတာတို့၊ ခုတင်ငှားတာတို့ရှိ တာပေါ့နော်။ အဲဒီလို ငှားတာ ပထမတုန်းကလုပ်ပေးနေတယ်။ နောက် ပိုင်းမှာ မသန်စွမ်းတွေက အကူအညီ တောင်းလာတာတွေ ရှိတယ်။သွားရ၊လာရတာ အဆင် ပြေေ စဖို့အတွက် အဲဒီအခါကျ တော့ အစ်မတို့ဆီကို တိုက်ရိုက် အကူအညီတောင်းတာနဲ့ လှူ ပေးဖြစ်တယ်။ ဝှီးချဲအပြင်ကို သူတို့တွေက မသန်စွမ်းဆိုေ တာ့ ဥပမာပြောရရင် သူတို့က ခြေ ထောက်မသန်ပေမယ့် သူတို့ လက်တွေ၊ဦးနှောက်တွေ က ကောင်းတဲ့အတွက် ကွန်ပျူတာ လေ့ကျင့်ဖို့အတွက် ကွန်ပျူတာ ပစ္စည်းတွေလည်း ထောက်ပံ့တာ မျိုးတွေလည်းရှိပါတယ်။

ပညာ ရေးအတွက်ပေါ့။ လိုအပ်တာ တွေကိုကူညီပေးတာတွေလည်း ရှိပါတယ်။ ဒီနယ်ဝေးတွေကလည်း အစ်မတို့ဆီကို အကူအညီ လာ တောင်းတာ ရှိတယ်။ ဥပမာ- ရန်ကုန်မြို့ပေါ် ရပ်ကွက်ထဲက နေ အကူအညီ လာတောင်းတာ ရှိသလို ဒေသခံတွေက လာ တောင်းတာ လည်းရှိတယ်။ အဲဒီ အခါ အစ်မတို့က အဲဒီနေရာ လေးကို သွားကြည့်လိုက်တယ်။ သွား ကြည့်လိုက်လို့ အဲဒီကလေး တွေက တကယ်လိုအပ်နေတာ ကို တိုက်ရိုက်တွေ့ခဲ့တယ်ဆိုရင် အစ်မတို့က ကူညီပေးလိုက် တယ်။ တစ်ခါ တလေကျေ တာ့ လည်း လာယူကြတယ်။ တစ်ခါ တလေကျ ရင်လည်း အစ်မတို့ သွားပေးတာတွေရှိတယ်။ အစ်မ တို့ပြောချင်တာက ဒီမသန်စွမ်း တွေမှာလည်းတန်းတူအခွင့် အရေး ရသင့်တယ်ပေါ့။ ဘာဖြစ် လို့လဲဆိုတော့ မသန်ပေမယ့် လည်း စွမ်းတယ်လေ။ ဥာဏ်ပညာ နဲ့ပတ်သက်တဲ့ ပစ္စည်းတွေ အတွက် လည်း နိုင်သလောက် ပံ့ပိုးပါတယ်။အစ်မတို့ အသင်း မှာလည်း မသန်စွမ်းကျောင်း တက်တဲ့ ကလေးနှစ်ယောက်၊သုံးယောက် လောက် ရှိပါတယ်။ သူတို့တွေကိုလည်း တန်းတူ အခွင့်အရေး ပေးထားသင့်တယ် လို့ ပြောချင်ပါတယ်” လို့ ပြော ပြခဲ့ပါတယ်။
သိမ့်သိမ့်
( မသန်စွမ်းသူများအရေး နှင့် မြေမြှပ်မိုင်း ပြဿနာ အထူးပြုတင်ဆက်မှုမှ )
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com