http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

နံရံများတွင် Graffiti ပုံရေးဆွဲသူအား စည်ပင်မှ ကျပ်တသိန်း ဒဏ်ငွေရိုက်

May 31, 2013
ရန်ကုန် (မဇ္ဈိမ)။   ။ နံရံများတွင် ဆေးမှုတ် ရုပ်ပုံတူ Graffiti ရေးဆွဲခဲ့သူ ကိုအာကာကျော် အား စည်ပင်ဥပဒေ ပုဒ်မ(၃၀)ဖြင့် မရမ်းကုန်းမြို့နယ် စည်ပင်က တရားစွဲဆိုကာ မေလ ၃၀ ရက်နေ့တွင် လှိုင်မြို့နယ် စည်ပင်သာယာရုံးမှ ဒဏ်ငွေ ကျပ်တသိန်း ဆောင်စေလိုက်ကြောင်း ကာယကံရှင်က မဇ္ဈိမကို ပြောသည်။

“ကျနော်ဆွဲခဲ့တဲ့ အတွက် ကျနော် ပြန်ခံရတယ်လို့ပဲ ပြောချင်ပါတယ်။ ဒဏ်ငွေကတော့ နည်းနည်း များတယ်” ဟု ကိုအာကာကျော် က ဆိုသည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလက အမေရိကန် သမ္မတ ပုံကို ချတ်ထရီယံ ဟိုတယ်အနီးရှိ အုတ်ခုံပေါ်တွင် ရေးဆွဲခဲ့ပြီး မြန်မာသမ္မတပုံကို ယခုနှစ် ဧပြီလက ရေးဆွဲခဲ့သူ ကိုအာကာကျော် အား မေလ ၂၉ ရက်နေ့က စတင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

“(ဗုဒ္ဓဟူးနေ့)ညက ကျနော် အိမ်ပြန်ရောက်တဲ့အချိန် ရယက ရုံးက ခေါ်တာနဲ့ သွားတော့ မရမ်းကုန်း စည်ပင်က တရားစွဲထားတဲ့အကြောင်း ဒီနေ့  ပြန်လာ ဖြေရှင်းဖို့ ပြောမှ ကျနော့်ကို တရားစွဲထားမှန်း သိရတယ်။ စည်ပင်ဥပဒေနဲ့ တရားစွဲထားတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် နံရံများပေါ်၌ ဆေးမှုန့်ဖြန်း၍ Graffiti ပုံဆွဲခြင်းပညာမှာ ကျယ်ပြန့်မှု မရှိသေးပေ။

“ဂရက်ဖစ်တီ ရေးဆွဲသူတချို့က ပုံကို ကြည့်ကောင်းအောင် စနစ်တကျ ဆွဲတာ ရှိပေမယ့်လည်း အချို့မှာ အရုပ်ဆိုးအောင် လက်သရမ်းဆွဲသူလည်း ရှိတယ်။ အဲတော့ ပန်းချီကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက်
နေရာလေးတခုတော့ လုပ်ပေးထားရင်ကောင်းမယ်” ဟု ဆီဆေး ပန်းချီဆရာ တဦးက ဆိုသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ကလည်း “နိုင်ငံတကာမှာ ဘယ်လို ပြဋ္ဌာန်းထားလဲ ဆိုတာကို သေချာကြည့်ပြီးမှ ဒီလို နံရံတွေပေါ်မှာ ပန်းချီဆွဲတာကို စိတ်ဝင်စားတဲ့လူတွေအတွက် နေရာလေး လုပ်ပေးမယ်ဆိုရင် ကောင်းမယ်” ဟု ပြောခဲ့သည်။

ဆက်လက်၍ “အာကာကျော်က ပထမဆုံးဆွဲသလိုဖြစ်တဲ့အတွက် ဒဏ်ငွေကတော့ သေချာဆောင်ခိုင်း တာ ဖြစ်မယ်။ သူ့လို့ ပန်းချီကိုစိတ်ဝင်စားတဲ့ လူတွေလည်း နောင်မှာဆက်ဆွဲ ခွင့်တော့ ရစေချင်တယ်” ဟု ဒေါ်ဖြူဖြူသင်း က ပြောသည်။

ကိုအာကာကျော်မှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဘားရတ် အိုဘားမား ၊ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့၏ ရုပ်ပုံတူများကို Graffiti ရေးဆွဲလေ့ရှိသည်။

အများပြည်သူပိုင် နေရာများတွင်ရေးဆွဲခြင်းမှာ မသင့်တော်ဟု ထင်မြင်သော်လည်း နေရာတခု သတ်မှတ်ပေးထားပါက ပိုမိုအဆင်ပြေသွားမည်ဟု ပန်းချီပစ္စည်းများရောင်းချသူ ဒေါ်တင်လှစီက ဆိုသည်။

“ကျမတို့လည်း သူတို့ ပန်းချီတွေ ကောင်းကောင်းဆွဲရင်တော့ ကြည့်ကောင်းတယ် ခံစားရတယ်။ ဒါပေမယ့် သူတို့လိုဆွဲတဲ့ သူက များများလာတော့ သတ်သတ်မှတ်မှတ်လေး နေရာတခု လုပ်ပေးထားမယ်ဆိုရင် ကောင်းမယ်ထင်တယ်” ဟု အကြံပြုသည်။

မြို့တော် နယ်နိမိတ်အတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သော နံရံများ၊ အဆောက်အအုံများ၊ လမ်း၊ တံတား အစရှိသည့် နေရာများတွင် အကျည်းတန် အရုပ်ဆိုးစေသော စာလုံးများ၊ ရုပ်ပုံများ ရေးဆွဲခြင်းဖြင့် သန့်ရှင်းမှု ကို ထိခိုက်စေပြီး အများပြည်သူများကို စိတ်အနှောင့်အယှက် ဖြစ်ပေါ်စေသဖြင့် ဒဏ်ငွေ ကျပ်တသောင်းမှ သုံးသိန်းအထိ ချမှတ်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ သိရသည်။
ခိုင်ခိုင်
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com