http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရေထိန်းတံခါးများ ပြုပြင်ခြင်းမရှိသည့်အတွက် သုံးခွမြို့ သူမြို့သားများ အခက်တွေ့

ရန်ကုန်၊မေ ၁၇။
တွံတေးမြို့ရှိ ရေထိန်းတံခါးကြီး ၃စင်းမှ ရေ၀င်ရေထွက်ပေါက်များကို ပြန်လည်ပြုပြင်ခြင်း
မရှိသည့်အတွက် သုံးခွမြို့ ရှိ တောင်သူလယ်သမား များနှင့် ဒေသခံများ အခက်အခဲ တွေ့လျက် ရှိကြောင်းသိရသည်။

တွံတေးမြို့ တွင် တွံတေးရေထိန်းတံခါး၊ ကဒပ္ပနရေထိန်းတံခါး၊ တာကောရေထိန်းတံခါးဟူ၍
ရေထိန်းတံခါးကြီး၃စင်း ရှိကြောင်း၊ ရေထိန်းတံခါးကြီး များ၏ ရေဝင်ရေထွက်ပေါက်များမှာ
ပြုပြင်ခြင်းမရှိသည့်အတွက် မြစ်ရေစီးဆင်းမှုများမှာ သဘာဝအတိုင်းမဟုတ်တော့ဘဲ ရေထိန်းတံခါး၏
အထက်ပိုင်းဒေသများတွင် မြစ်ရေများ လျှံနေပြီး ရေထိန်းတံခါး၏ အောက်ပိုင်းဒေသများတွင်
မြစ်ရေနည်းပါးနေကြောင်း ဒေသခံများ၏ ပြော ကြားချက်အရသိရသည်။

“တာကောရေထိန်းတံခါးမှာဆိုရင် ရေ၀င်ရေထွက်ပေါက် ၂၁ပေါက်ရှိတယ်။ ၁ပေါက်ကို ၇ပေကျယ်တယ်။ ရေ၀င်ရေထွက်တွေကို သံယက်မ တံခါးကြီးတွေကို အပိတ်အဖွင့်လုပ်ပြီး ထိန်းချုပ်တယ်ပေါ့။ ဒါပေမယ့် အဲ့ဒီ ၂၁ပေါက်မှာ ရေ၀င်ရေထွက်အတွက်ဖွင့်ပေးထားတာဆိုလို့ ၅ပေါက် ပဲ ရှိတယ်။ ကျန်တဲ့ရေတံခါးတွေကို ပိတ်ထားတယ်။ အဲ့ဒီတံခါးတွေကလည်း ဖွင့်လို့မရတော့ဘူး။ ဘာလို့လဲဆိုတော့ မဖွင့်ဘဲ ထားတာကြာတော့ နုံးမြေပို့ချတဲ့အတွက် ရေထိန်းတံခါးတွေက နွံတွေထဲကို နစ်နေပြီ။ သံချေးတွေလည်း တက်နေပြီ” ဟု သုံးခွမြို့ မှ လယ်သမားကြီး ဦးတင်ထွန်းက ပြောကြားသည်။

ရေထိန်းတံခါးများကို ပြုပြင်ပေးခြင်းမရှိဘဲ အထက်ဘက်မှရေများကို အောက်ဘက်သို့စီးဆင်းစေရန်
ကြုံကြိတ်ကျေးရွာအနီးတွင် ချောင်းအသစ် ဖောက်လုပ်မှုများ ကို ပြုလုပ်နေခြင်းကိုလည်း ဒေသခံများမှ ကြိုက်နှစ်သက်မှုမရှိကြောင်း၊ ရေထိန်းတံခါးများ ဆောက်လုပ်ပြီးချိန်မှ စတင်ပြီး ယခင်က ၂၀၀သာ ကုန်ကျသည့်ခရီးလမ်းကို ယခုအခါ ၂၀၀၀ခန့် အကုန်အကျခံပြီးမှသာ ရောက်ရှိကြောင်း ဦးတင်ထွန်းက ထည့်သွင်းပြောကြားသည်။

“ရေထိန်းတံခါး အထက်ဘက်မှာကျတော့ ရေတွေက ပြည့်နေတယ်။ သူတို့အတွက်က စိုက်ပျိုးရေးအ တွက် ကောင်းသွားပေမယ့် ကျန်းမာရေး အတွက် အရေးအကြောင်းရှိလို့ သွားမယ်လာမယ်ဆိုရင်
အရမ်းအခက်တွေ့တယ်။ ညဘက်တွေမှာ စက်လှေတွေက မရှိဘူး။ ဆေးရုံရောက်ဖို့ကို တော်တော် အချိန်ယူရတယ်”ဟု ဒေသခံကို သန်းနိုင်က ပြောကြားသည်။

သုံးခွဒေသခံများမှာ ရေထိန်းတံခါးများကို ဖျက်ပေးရန်မတောင်းဆိုလိုသော်လည်း ရေစီးရေလာကောင်းစေ ရန် မြစ်ရေကို သဘာဝအတိုင်း စီးဆင်းစေရန် ဆည်မြောင်းဦးစီးဌာနမှ ရေထိန်းတံခါးများကို ပြုပြင်ပေးစေ ရန် ဆန္ဒရှိကြောင်းသိရသည်။
ဆုဝေ
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com