ရန်ကုန်မြို့တော်ရဲ့ လမ်းဘေးဈေးသည်ပြဿနာ၊ လူ့အခွင့်အရေး မစဉ်းစားဘဲ ချဲ့ချင်သလိုချဲ့ထားတဲ့ အဆောက်အအုံကြီးတွေရဲ့ ပြဿနာ၊ ဖုန်းလိုင်း၊ ရေလိုင်း၊ မီးလိုင်းတွေအပေါ်မှာ အုပ်မိုးထားတဲ့ ပလက်ဖောင်းတွေရဲ့ ပြဿနာဟာ ကာလရှည်ကြာစွာ ဖြေရှင်းနေရတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။
လိုင်းပေါက်လို့ ပလက်ဖောင်း တူးထုတ်သူတွေက တူးထုတ်၊ နောက်တစ်ဖွဲ့က လာပြင်၊ မကြာခင် နောက်တစ်ဖွဲ့ကပြန်တူးနဲ့ ပလက်ဖောင်းပေါ်က အပြောင်းအလဲပေါင်းများစွာ ကြားမှာ အလုပ်တွေ များနေရတဲ့အဖွဲ့တွေကို သနားရမှာလား၊ အပြစ်တင်ရမှာလား။
The Voice Weekly
ပလက်ဖောင်း ပျောက်တဲ့မြို့
Labels:
ပြည်တွင်းသတင်း