http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

တိုင်းရင်းသားအားလုံးပါဝင်သည့် ပြည်လုံးကျွတ်ဆွေးနွေးပွဲလုပ်ရန် စီစဉ်

May 30, 2013
မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကိုယ်စားလှယ်များ မေလ ၂၈ ရက် နံနက်က စတင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးလျက်ရှိရာ အောင်မြင်ပါက တိုင်းရင်းသား အားလုံးပါဝင်သည့် ပြည်လုံးကျွတ်

ဆွေးနွေးပွဲ ပြုလုပ်မည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောဆိုလိုက်သည်။

''သမ္မတကြီးက မှာလိုက်တာက ခုဆွေးနွေးပွဲအောင်မြင်ရင် ဇွန်နဲ့ ဇူလိုင်မှာ ပင်လုံစိတ်ဓါတ်ကို အခြေခံပြီး တိုင်းရင်းသား အားလုံးပါဝင်တဲ့ ပြည်လုံးကျွတ်ဆွေးနွေးပွဲကြီး ဆောင်ရွက်ဖို့ အစိုးရအနေနဲ့ တိုင်းရင်းသားတွေ အပေါ် ဘာကန့်သတ်ချက်မှ ထားမှာမဟုတ်ဘူး''ဟု ဦးအောင်မင်းက ပြောဆိုသည်။

ဦးအောင်မင်း၏ ပြောဆိုချက်ကို KIO စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်မော်ကလည်း ကြိုဆိုသည်ဟု သတင်းထောက် များကို ပြောသည်။ ယင်းအပြင် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ကာကွယ်ရေးဦးစီးချူပ်ကိုယ်စား ဒုတိယ ဗိုလ်ချူပ်ကြီးမြင့်စိုးအား အာဏာကုန်လွှဲအပ်ထားပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း မြန်မာပြည်တွင်း ပထမဆုံးပြုလုပ်သည့် အစိုးရနှင့် KIO တို့၏ မြစ်ကြီးနားမြို့ ဆွေးနွေးမှု တွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဆွေးနွေးပွဲတွင် မီဒီယာများကိုပြောသည်။

အစိုးရ၏ အထူးစစ်ဆင်ရေးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးကလည်း ယခုဆွေးနွေးပွဲများအပြီး နှစ်ဖက် တိုက်ခိုက်မှု အပြီးသတ်ရပ်စဲရန် သံဓိဋ္ဌာန်ချထားသည်ဟု သတင်းထောက်များကို ပြောဆိုသည်။

၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲမှ ထုတ်ပြန်ခဲ့သည့် သဘောတူ ညီချက်များအရ ''နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရန်နှင့် စစ်မက်ဖြစ်ပွားသည့် နေရာဒေသများ တွင် စောင့်ကြပ်ရေးရုံးများ ထားရှိရန် အဓိကထား ဆွေးနွေးမယ်''ဟု KIO ကိုယ်စားလှယ်အဖွဲ့မှ ဦးစွန်လွတ်ဂမ် က မဇ္ဈိမသို့ ပြောဆိုထားသည်။

တပ်နေရာချထားရေးနှင့် ပတ်သက်၍ KIO ဘက်မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်၊ အစိုးရကာကွယ်ရေး ဝန်ကြီးဌာနမှ ဒု-ဗိုလ် ချုပ်ကြီး မြင့်စိုးအပါအဝင် မြောက်ပိုင်းတိုင်း မှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်တို့က အဓိက ဆွေးနွေးမည်ဟု လေ့လာသူများက သုံးသပ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် KIO ကိုယ်စား လှယ်မှ ဦးဆွမ်လွတ်ဂမ်၊ ဒုစစ်ဦးစီးချုပ် ဂွန်မော်၊ ဒုဗိုလ်မှူးကြီး လမိုင်လ၊ ဗိုလ်မှူးကြီး လဖိုင်ခွန်နောင်၊ ဗိုလ်မှူးကြီး မရန်ဇော်တောင်၊ ဒုဗိုလ်မှူးကြီး အင်ဖန်နော်ဘူ၊ ဗိုလ်မှူး စိန်ခေါ၊ ဦးနော်ထွယ် တို့ပါဝင်သည်။

အစိုးရဘက်ကမူ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုဗိုလ်မှူးကြီး မြင့်စိုး၊ ဦးအုန်းမြင့် (မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး)၊ ဗိုလ်ချုပ် ဇော်ဝင်း (နယ်စပ်ရေးရာ ဒု ဝန်ကြီး)၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျန်ငန်ဆိုင်း၊ ဦးခက်ထိန်နန် (အမျိုးသားလွတ်တော် ကိုယ်စားလှယ် )၊ ဒေါ်ဒွဲဘူ ( ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)နှင့် ဗိုလ်မှူးကြီး ကျော်စိုးဝင်း (ကာကွယ်ရေး ဝန်ကြီးဌာန )၊ ဗိုလ်မှူးကြီး သန်းအောင် (ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး) တို့ တက်ရောက်ခဲ့သည်။
ဖနိဒါ၊ မေဦး
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com