http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ခေါ်စာအတုကြောင့် ဒုက္ခရောက်နေသော မြန်မာလုပ်သားများ လစာကောင်း အလုပ်ရရေး အသင်းချုပ်အခမဲ့ကူမည်

ခေါ်စာအတုကြောင့် မြန်မာသို့ ပြန်လည်ရောက်ရှိလာသူ ၅ဝ၂ ဦးအား ထိုင်းတွင် လစာကောင်းသော အလုပ်ရရှိ အောင်အခမဲ့လုပ်ဆောင်ပေးမည် ဟု မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် အေ ဂျင်စီများအသင်းချုပ် မှ ကော်မတီဝင် တစ်ဦးက ပြောသည်။အဆိုပါ အလုပ်သမားများသည် ရဲဝံ့နဂါးကုမ္ပဏီမှ တရားဝင်ပို့ဆောင် သော အလုပ်သမားများ ဖြစ်ပြီး တစ် ဖက်နိုင်ငံမှ အလုပ်ခေါ်စာသည် အတု ဖြစ်နေခြင်းကြောင့် အလုပ်အကိုင်ရရှိ ရေး အခက်အခဲဖြစ်နေသည့်အတွက် မေလ တတိယပတ်တွင် မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင်အေဂျင်စီများ အသင်းချုပ်မှ သွားရောက်၍ ခေါ် ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အလုပ်သမား များကို မဲဆောက်မှတစ်ဆင့် မြဝတီသို့ ပြန်ပို့ပြီး မြန်မာနိုင်ငံကူး လက်မှတ်ထုတ် ပေးရေးအဖွဲ့၊ လူကုန်ကူးမှုတားဆီး ကာ ကွယ်ရေးအဖွဲ့များထံတွင် အပ်နှံပေးခဲ့ ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အလုပ် သမားများကို မြဝတီရှိ အလုပ်သမား အေဂျင်စီများပိုင် အဆောင်များတွင် စောင့်ရှောက်ထားကြောင်း ၎င်းက ပြောသည်။

”ဒီဘက်က တရားဝင်ပို့ပေမယ့် ခေါ်စာအတုဖြစ်နေတော့ ဟိုဘက်က မခေါ်ဘူး။ အလုပ်သမားတွေ ဒုက္ခ ရောက်လို့သွားခေါ်ပေးခဲ့တာ”ဟု ၎င်း က ပြောသည်။ အလုပ်သမားဝန်ကြီးဌာနသည် ထိုင်းသို့ အလုပ်သမားပို့ဆောင်သော အေဂျင်စီများအား မိမိစေလွှတ်သည့် အလုပ်သမားများအတွက် လုပ်ခလစာ၊ လုပ်ငန်းခွင် အခြေအနေ များကို သေချာ စစ်ဆေးပြီးမှသာ အလုပ်သမား ညွှန် ကြားရေးဦးစီးဌာနနှင့် နယ်စပ်စခန်းများ သို့ တင်ပြရန်၊ ထိုသို့တင်ပြပြီး မှန်ကန်မှု ရှိမှသာ အလုပ်သမားပို့ဆောင်ခွင့်ပေး မည်ဟု ကြေညာချက် ထုတ်ပြန်ပြီး ဖြစ်သည်။ယခုလအတွင်း အလုပ်သမားပို့ ဆောင် သည့် အေဂျင်စီများအနက် ၁၂ ခုကို ပို့ဆောင်ခွင့်ရပ်ဆိုင်းခဲ့ပြီး ၎င်းတို့ ၏ လုပ်ဆောင်မှုများကို ပြည်ပအလုပ် အကိုင်အေဂျင်စီများ အသင်းချုပ်နှင့် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ စစ်ဆေးနေကာ လက်ရှိတွင် အေဂျင်စီ ၆ ခုကို ပြန်လည်ဖွင့်ပေးထားကြောင်း သိရသည်။
မေဇင်ဝင်း
Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com