http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မန်တုံမြို့နယ်မှ ရဲဝန်ထမ်းသုံးဦး လုပ်ကြံခံရ

May 31, 2013
ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှမ်းပြည်နယ် မန်တုံမြို့နယ်ရှိ မန်ပါတ်ရွာမှ ရွှေလီ လျှပ်စစ်တာဝါတို စောင့်တာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်သုံးဦး မေ ၂၉ ရက်တွင် လုပ်ကြံခံရသည်ဟု တအာင်း ကျောင်းသားနှင့် လူငယ်များအစည်းအရုံးက ကြေ ညာချက်ထုတ်ပြန်သည်။

လုပ်ကြံခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များမှာ စိုးသိန်း (တပ်ကြပ်ကြီး)၊ ရဲဝင်း (တပ်ကြပ်)၊ အမည်မသိ (ဒု-တပ်ကြပ် တစ်ဦး) တို့ဖြစ်သည်ဟု တအာင်း ကျောင်းသားနှင့် လူငယ် အစည်းအရုံး၏ သတင်းနှင့် လူ့အခွင့်အရေး ဌာန၏ မေ ၃ဝ ထုတ်ပြန်ချက်တွင် ပါရှိသည်။

''အဲဒီရဲသုံးယောက်ကို မန်တုံ ဆေးရုံမှာပဲ ရင်ခွဲစစ်ဆေးနေပါတယ်၊ ဒီညနေလောက် ပြီးမလားမသိဘူး၊ ဒီနေ့ မနက် မန်တုံ ပြည်သူ့စစ်တွေရော ရဲတွေရောသွားသယ်တုန်းက သေနတ်ကျည်ဆန် ထိမှန်တဲ့ ပုံစံနဲ့ သေဆုံးခဲ့တယ်'' ဟု တအာင်း ကျောင်းသားနှင့် လူငယ်များအစည်းအရုံး အထွေထွေအတွင်းရေးမှူး ၁ မိုင်းမျိုးအောင်က ပြောသည်။

''သူတို့ မိဘတွေက ပြောတာတော့ သူတို့ကိုလမ်းပေါ်မှာစောင့်ပြီး သေနတ်နဲ့ ပစ်တယ်လို့ပြောတယ်၊ သူတို့သေနတ်တွေနဲ့ပဲလား အခြား သေနတ် တွေနဲ့လားတော့ မပြောတတ်သေးဘူး'' ဟုလည်း တအာင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံး အထွေထွေအတွင်းရေးမှူး မလိုည်းလှားရိုင်းက မဇ္ဈိမကို ပြောသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်များကို လုပ်ကြံသည့် တရား ခံကိုမူ မသိရသေးဘဲ မန်တုံရဲစခန်းမှ စုံစမ်းနေဆဲဖြစ်သည်ဟု တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက မဇ္ဈိမကိုပြောသည်။ ရဲသားတို့၏ ရုပ်အလောင်းကို သင်္ဂြိုဟ်ရန် မန်တုံမြို့နယ် ''မိုးသောက်ကြယ်'' နာရေးကူညီရေးအသင်းက အကူအညီပေးမည်ဖြစ်သည်။ အစိုးရဝန်ထမ်း ရဲတပ်ဖွဲ့ ဝင်များကို တိုက်ခိုက်ခံရခြင်းသည် ယခုအကြိမ်မှာ ပထမဆုံး ဖြစ်သည်။
ဟင်္သာနီ (မွန်မြေ)
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com