http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် တွေ့ဆုံခြင်း

လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စာချုပ်ချုပ်ဆိုရန် ကျန်ရှိနေသေးသော ကေအိုင်အိုအဖွဲ့သည် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် မေလ ၂၈ ရက်နေ့တွင် မြစ်ကြီးနား မနောကွင်း၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမနေ့အဖြစ် ပြုလုပ်ခဲ့သည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရွှေလီမြို့တွင် သုံးကြိမ်တိုင် ဆွေးနွေးခဲ့ ပြီးနောက် ပထမဆုံးအကြိမ် ပြည်တွင်း၌ပြုလုပ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲလည်း ဖြစ်သည်။
ယနေ့ဆွေးနွေးပွဲ ပြုလုပ်နေစဉ် သတင်းမီဒီယာများကို ဝင်ရောက်သတင်းယူခွင့် မပြုခဲ့သော်လည်း ဆွေးနွေးပွဲအပြီးတွင် ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖြစ် တက်ရောက်လာသော ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် သတင်းမီဒီယာများ တွေ့ဆုံခွင့်ရရှိခဲ့ပြီး မေးမြန်းဖြေကြား ထားသည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

MEDIA : ဒီနေ့ ဆွေးနွေးပွဲမှာ ဗိုလ်ချုပ် တို့အနေနဲ့ ဘယ်အကြောင်းအရာတွေကို အဓိကထား ဆွေးနွေးဖြစ်ကြသလဲဗျ။

GMM : ဒီနေ့ ဆွေးနွေးဖြစ်တာကတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လုပ်မလားဆိုတဲ့ အပိုင်း။ ကျွန်တော်တို့ ဘက်ကလည်း အပစ်အခတ်ရပ်စဲရေး မလုပ်ဘဲနဲ့ ငြိမ်ချမ်းရေး ဆွေးနွေးမယ်ဆိုတဲ့ အပိုင်းပေါ့။ အဓိကတော့ မူပိုင်းကို ဆွေးနွေးတာပေါ့။ လက်တွေ့ပိုင်းတွေတော့ မပါသေးပါဘူး။

MEDIA : နှစ်ဖက်တပ် ကွပ်ကဲရေး ရုံးတွေ ဖွင့်ဖို့ကိစ္စကရော ဘယ်လို အခြေအနေရှိလဲဗျ။
GMM : နှစ်ဖက်တပ် ကွပ်ကဲရေး ရုံးတွေဖွင့်ဖို့ ကိစ္စကတော့ ဒီနေ့ဆွေးနွေး ပွဲမှာ မပါသေးဘူး။ ကျွန်တော်တို့ဘက်ကတော့ တင်ထားပါတယ်။ ဒါပေမဲ့ နောက်နေ့ ဆွေးနွေးပွဲတွေမှာတော့ ဒီကိစ္စကို ဆွေးနွေး မှာပါ။

MEDIA : ဒီနေ့အစည်းအဝေး အကျဉ်းချုပ်ကို ပြောပြပေးပါခင်ဗျ။

GMM : အကျဉ်းချုပ် ပြောရရင်တော့ အရင် ရွှေလီဆွေးနွေးပွဲရဲ့ အဆက်ပေါ့။အဲဒီတော့ တကယ်ပဲ နိုင်ငံရေးဆွေးနွေးပြီး ဖြေရှင်းမယ်ဆိုတဲ့ အပိုင်းကို အတည်ပြု တာပါ။ ဒီနေ့ မူပိုင်းကို အဓိကဆွေးနွေး ပါတယ်။

MEDIA : တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်ကြီး မြင့်စိုးကို အာဏာကုန် လွဲထားပေးတယ် ဆိုတော့ တစ်ခါတည်း အပြီးပြတ် ဆွေးနွေးနိုင် မယ်လို့ ယူဆထားလားခင်ဗျ။

GMM : တစ်ခါတည်းအပြီးပြတ် ဆွေးနွေးဖို့တော့ မလွယ်ပါဘူး။ ဒီမူပိုင်းလက်တွေ့ ဘယ်လိုလက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မလဲ ဆိုတဲ့ အပိုင်းကိုပဲ အဓိက သွားရမှာပါ။ ဒါကြောင့် ရှေ့ဆက် အကောင်အထည်ဖော် ဆောင်ရွက်မယ် ဆိုတာကိုပဲ အပေါ်ယံ ပြောလို့ရပါတယ်။

MEDIA : ဒီနေ့မှာ Frame Work ချပြီး နောက်နေ့မှ အသေးစိတ်ဆွေးနွေးမယ်လို့ ဆိုလိုတာလားခင်ဗျ။

GMM : Frame Work မဟုတ်ပါဘူး။ မူတစ်ခုချတာပါ။ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ ဆက်လုပ်မယ် ဆိုတဲ့မူကို ချပြီးမှ အသေးစိတ် ပြန်လည်ဆွေးနွေးမှာဖြစ်ပါ တယ်။ လုပ်နည်းလုပ်ဟန်ပေါ့နော်။

MEDIA : ဒီနေ့ ဆွေးနွေးပွဲအပေါ်မှာရော ကျေနပ်မှု ရှိရဲ့လားခင်ဗျ။

GMM : ဆွေးနွေးတဲ့ အပိုင်းမှာတော့ ကျေနပ်မှု ရှိပါတယ်။

MEDIA : လက်ရှိ တပ်မဟာ ၄ နယ်မြေ မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတုန်း ဆိုတော့ တိုက်ပွဲကိစ္စကိုရော ဆွေးနွေးမှာ လားဗျ။

GMM : တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို မနက်ဖြန် မေလ၂၉ရက်နေ့ သီးသန့် ဆွေးနွေးဖို့ရှိပါတယ်။

MEDIA : တရုတ်နိုင်ငံနဲ့ ကုလသမဂ္ဂကို ဖိတ်ကြားထားတာ တွေ့ရပါတယ်။ သူတို့ ဆီက ဘယ်လိုအထောက်အကူ မျှော်လင့်ထားသလဲ ဆိုတာ သိပါရစေ။

GMM : သူတို့ နှစ်ယောက်ကိုပဲ ရည်ညွှန်းပြီး ပြောတာမျိုးတော့ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေ ကိုလည်း ဖိတ်ကြား ထားပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ ကုလသမဂ္ဂနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကပဲ လေ့လာသူအဖြစ် လာနားထောင်ပါတယ်။ ကျွန်တော်တို့ကို ဘယ်လိုကူညီနိုင် မလဲ ဆိုတာကတော့ ဘာတွေအကူအညီ တောင်းမလဲ လုပ်ထုံးလုပ်နည်းအရ ဘာတွေ အကူအညီ ပေးသင့်လဲဆိုတာမျိုးပေါ့။ ဒါကသီးသန့်ကဏ္ဍ ဖြစ်နေပါတယ်။

MEDIA : ဒီဆွေးနွေးပွဲမှာ အနိမ့်ဆုံး သေနတ်မဖောက်တော့ဘူး ဆိုတဲ့ သဘော တူညီမှုမျိုး ရမလားခင်ဗျ။

GMM : ခုချိန်ထိ အဲဒီလို သဘောထား တိတိကျကျမရှိသေးပါဘူး။ ဆွေးနွေး နေတုန်းပဲ ရှိသေးတယ်။

MEDIA : အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက် ပြီး နိုင်ငံတော်သမ္မတက ဇွန်၊ ဇူလိုင်လောက် နေပြည်တော်မှာ ကေအိုင်အိုနဲ့ ဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့ ဝန်ကြီးဦးအောင်မင်း ပြောတဲ့အပေါ်မှာရော ဗိုလ်ချုပ်တို့ဘက်က ဘယ်လို သဘောထားရှိလဲ ခင်ဗျ။

GMM : ဒီကိစ္စက ကျွန်တော်တို့က Proposal ကို သေချာမသိရသေး ပါဘူး။ ပြန်ပြီး မေးကြည့်ရပါဦးမယ်။

MEDIA : ဒီတစ်ကြိမ်ဆွေးနွေးပွဲမှာ ဘယ်လောက်ထိ အမြင့်ဆုံး မျှော်လင့်ထားလဲ ခင်ဗျ။

GMM : နောက်ပိုင်း ရှေ့ဆက်သွားမယ့် နိုင်ငံရေးဆွေးနွေးပွဲ တကယ်လုပ်ချင်တဲ့ ဆန္ဒတွေကို ပြည်သူတွေအတွက် အတိအကျ ထုတ်ပြန်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
မင်းထက်စံ၊ ကိုကိုအောင်
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com