လာရှိုး၊ မေ၂၈။
ဇွန်လ၊ ၂၇ ရက်နေ့၊ နံနက် ၇နာရီအချိန်က လားရှိုးမြို့ပတ်လမ်းနှင့် ရေကန်လမ်းဒေါင့် အမှတ်(၂)
မော်တော်ယာဉ်ငယ်ဂိတ်အနီးတွင် ယာဉ် မတော်တဆမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
လားရှိုးမြို့၊ ရပ်ကွက်(၄)တွင် နေထိုင်သော ဦးအောင်မျိုး မောင်းနှင်သည့် ယာဉ်အမှတ် (၈က/၈၂၆၂)
ဖူဆိုအမျိုးအစား (၆)ဘီးတပ်ယာဉ် သည် ပြည်သူ့ဆေးရုံးကြီး၏ ညာဘက်ဘေးရှိ မြို့ပတ်လမ်းအတိုင်း
မောင်းနှင်လာရာ ရုတ်တရက်ဘရိတ်ပေါက်ပြီး ကားလမ်းဘေးတွင် ရပ်နား ထား သော သုံးဘီးယာဉ်ငယ်(၂)စီး၊ ဆိုင်ကယ်(၁)စီး၊ အမှတ်(၂) ဆလွန်းယာဉ်ငယ်အသင်း၏ နားနေဆောင်အပါအ၀င် ရပ်ကွက်(၁) ပါရမီ လမ်းတွင်နေထိုင်သော ဦးကျော်ထွေးသည် လမ်းနဘေး မတ်တပ်ရပ်နေစဉ် ကား၏ ညာဘက်ဘေးနှင့်ပွတ် တိုက်သွားခဲ့ပြီး ရေကန်လမ်းရှိ မောင်ကြီး နန်ကျင်း ထွေလာဂျီအပိုပစ္စည်း အရောင်းဆိုင်ရှေ့တွင် အရှေ့ဝန်ရိုးကျိုးကာ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှုတွင် ယာဉ်တိုက်ခံခဲ့ရသော ဦးကျော်ထွေးသည်အတွင်းလူနာအဖြစ်
လားရှိုးပြည်သူ့ဆေးရုံးကြီးတွင် ဆေးကုသခံ ယူလျက်ရှိပြီး ယာဉ်မောင်းနှင်သူ ဦးအောင်မျိုးအား
လားရှိုးယာဉ်ထိန်းရဲစခန်းမှ ယာဉ်မတော်တဆဖြစ်မှုနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်
သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စိုင်းကံသာ
လားရှိုးမြို့ပတ်လမ်းနှင့် ရေကန်လမ်းဒေါင့်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားရာ လူတစ်ဦးဒဏ်ရာရ
Labels:
ပြည်တွင်းသတင်း