http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အင်္ဂလန်နှင့် ပြင်သစ်တို့ သူပုန်များကို လက်နက်ထောက်ပံ့နိုင်


ဘရပ်ဆဲလ်၊ မေ ၂၇။
ဥရောပသမဂ္ဂ(အီးယူ)၏ လက်နက်ပိတ်ဆို့ရေး သဘောတူမှုကို တနင်္လာနေ့က အသစ်ပြန်လည်လုပ်ဆောင်ရာတွင် သဘောမတူမှုများကြောင့် ပျက်ပြားသွားခဲ့ကာ ဗြိတိန်နှင့် ပြင်သစ်တို့သည် သူပုန်များအား လက်နက်လွတ်လပ်စွာ ထောက်ပံ့နိုင်ပြီဖြစ်သည်။

ဘရပ်ဆဲလ်တွင် အချိန်ကြာမြင့်စွာ ဆွေးနွေးပွဲပြုလုပ်ပြီးနောက် ဥရောပသမဂ္ဂအစိုးရသည်
၎င်းတို့ကြားသဘောထားကွဲမှုများကို ညှိနှိုင်းရန် မဖြစ် နိုင်တော့ဘဲ အတိုက်အခံကို ရည်ရွယ်ထုတ်ပြန်သည့် လက်နက်ပိတ်ဆို့မှုကို အဆုံးသတ်လိုက်ရသည်။

ဗြိတိန်နှင့် ပြင်သစ်သည် ဆီးရီးယား အတိုက်အခံသူပုန်များထံ ယခုအဆင့်တွင် လက်နက်များ မပို့ပေးရန် ကတိပေးပြုခဲ့ကြောင်း ဥရောပ သမဂ္ဂက ကြေညာခဲ့သည်။ သို့သော် အီးယူအရာရှိတို့က ၎င်းကတိသည် သြဂုတ် ၁ ရက်နေ့အထိသာ အကျုံးဝင်ကြောင်း ပြောကြားသည်။

လက်နက်ပိတ်ဆို့မှုအရေးတွင် လန်ဒန်အစိုးရနှင့် ပဲရစ်အစိုးရတို့ သဘောတူရန်ငြင်းဆန်ခဲ့ခြင်းသည် ဆီးရီးယားအပေါ် အီးယူထားရှိသော ပိတ်ဆို့မှုကို အဆုံးသတ်စေခဲ့ပြီး အီးယူအတွက် အရှက်ရစေခဲ့သည်။

အီးယူဝန်ကြီးများသည် သူပုန်များအားလက်နက်ပိတ်ဆို့မှုမှ လွဲ၍ အခြားတင်းကြပ်မှုများကို
ပြန်လည်အသက်သွင်းစတင်ရန် သဘောတူ ခဲ့ကြသည်။

ဆီးရီးယားအပေါ် အီးယူ၏ အခြားပိတ်ဆို့အရေးယူမှုများသည် ပုံမှန်အတိုင်းရှိမည်ဖြစ်ပြီး ပိတ်ဆို့မှုများတွင် သမ္မတအာဆတ်နှင့် ဆီးရီးယား ထိပ်တန်းအရာရှိများကို ခရီးသွားခွင့်ပိတ်ထားခြင်းနှင့် စုဆောင်းမှုကို ထုတ်ယူခွင့်မရှိခြင်းတို့အပါအဝင် ကုန်သွယ်ရေး၊ အခြေခံအဆောက် အအုံ လုပ်ငန်းများနှင့် ပို့ဆောင်ရေးကဏ္ဍများ ပါဝင်သည်။

လန်ဒန်နှင့်ပဲရစ်အစိုးရတို့သည် လက်ရှိတွင် လက်နက်ထောက်ပံ့ရေးကို သေချာစွာ မဆုံးဖြတ်ရသေးသော်လည်း သမ္မတအာဆတ်ကို တိုက် ခိုက်နေသည့် သူပုန်များအားထောက်ပံ့မည့် အဓိကအရိပ်အယောင်ကို လက်နက်ကုန်သွယ်ရေးဖွင့်ပေးခြင်းဖြင့် ပြသရမည်ဖြစ်ကြောင်း လ ပေါင်းများစွာ အငြင်းပွားခဲ့ကြသည်။

သို့သော် ၎င်းတို့သည် လက်နက်များပို့ဆောင်ပေးခြင်းဖြင့် ပဋိပက္ခတိုးပွားလာကာ မတည်ငြိမ်မှုကျယ်ပြန့်နိုင်ကြောင်း သြစတြီးလျနှင့် ဆွီဒင် ဦးဆောင်သည့် အခြားအီးယူနိုင်ငံများနှင့် အငြင်းပွား ခဲ့ရသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟေးဂ်က အီးယူတွေ့ဆုံပွဲသည် ဆီးရီးယားအတိုက်အခံများအား
လက်နက်ပိတ်ဆို့မှုများကို အဆုံးသတ်စေ ခဲ့ကြောင်း ဆိုသည်။

“ဆီးရီးယားကို လက်နက်ပို့ဖို့ လတ်တလော အစီအစဉ်မရှိသေးဘူး၊ တကယ်လို့ နောက်ပိုင်း အခြေအနေပိုဆိုးသွားရင် ကျွန်တော်တို့ တုံ့ပြန်ဖို့ ပိုလွယ်သွားစေတယ်” ဟု သတင်းထောက်များကို ပြောကြားသည်။

လန်ဒန်အစိုးရနှင့် ပဲရစ်အစိုးရသည် အမေရိကန်နှင့်ရုရှားတို့စီစဉ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်
နိုင်ငံရေးအရတိုးတက်မှုမရှိလာလျှင် သူပုန်များအားလက်နက်ထောက်ပံ့နိုင်ရန်ဖြစ်နိုင်ချေ တိုးလာခြင်းဖြင့် သူပုန်များ၏ အဆင့်တိုးမြှင့်ပေးရန် လုပ်ဆောင်နေကြသည်။

ဆွေးနွေးပွဲသည် သမ္မတအာဆတ်တပ်သားများ၏ စစ်တပ်ပိုင်ဆိုင်မှုများနှင့် ဓာတုလက်နက်သုံးသည်ဟူသော စွပ်စွဲချက်များကြောင့် အရေးတကြီး လုပ်ဆောင်ခဲ့ရသည်။

သြစတြီးလျနိုင်ငံခြားရေးဝန်ကြီး စပင်ဒီလက်ဂါက သြစတြီးလျအစိုးရသည် ဆီးရီးယား-အစ္စရေးနယ်စပ်ရှိဂိုလန်ကုန်းမြင့်ဒေသတွင် ကုလ သမဂ္ဂ အပစ်အခတ်ရပ်စဲရေးတပ်မှ ကင်းလှည့်နေကြသည့် စစ်သား၃၈၀ခန့် ကို မည်သို့လုပ်ဆောင်မည်ကို ယခုဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားသည်။

သြစတြီးလျအစိုးရသည် လက်နက်ပိတ်ဆို့မှုအဆုံးသတ်လိုက်ပါက ၎င်းတပ်ဖွဲ့များကို ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း ယခင်က ပြောကြားဖူးသည်။

အီးယူနိုင်ငံခြားရေးပေါ်လစီဥက္ကဌ ကက်သရင်း အက်ရှ်တန်က တနင်္လာနေ့က ချခဲ့သည့် ဆုံးဖြတ်ချက်သည် အီးယူ၏ ပေါ်လစီတူညီမှုရှိခြင်း စွမ်းရည် ကျဆုံးသွားခြင်း မဟုတ်ကြောင်း၊ အီးယူ၏ ပုံရိပ်ထိခိုက်မှုကို ပြုပြင်ရမည်ဖြစ်ကြောင်း ဆိုသည်။

အကယ်၍သာ ဗြိတိန်နှင့် ပြင်သစ်တို့က သူပုန်များထံလက်နက်များ ပို့ဆောင်ပေးလျှင်လည်း ပို့ဆောင်မှုတိုင်းကို ထိန်းကွပ်ခွင့်ရှိကာ ၎င်း လက်နက်များနေရာအမှားသို့ မရောက်ရှိရေး သေချာစေရန် အစောင့်အရှောက်များ လိုက်ပါမည်ဖြစ်ကြောင်း ဆိုသည်။
Ref:Reuters
မြန်မာ့ခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com